Part6(U&Z)

5.3K 463 49
                                    

ဒီ​နေ့က ​ကျောင်းစတက်ရမယ့်​နေ့
သူငယ်ချင်းရှားပြီး ရှိတဲ့၂​ယောက်ကလည်း ​ဆေး​ကျောင်း​​ရောက်သွားကြတာမို့ ​ကျောင်းအသစ်မှာ သူငယ်ချင်းအသစ်ရှာရဖို့ပဲ ရှိပါတယ်။
​​​​ကျောင်းသစ်၊​နေရာသစ်၊လူသစ်​တွေကြားမှာ စိတ်အသစ်နဲ့ ကိုကို့အ​ပေါ်ထားတဲ့ တစ်ဖတ်သတ်စိတ်​တွေ ကုန်ဆုံးသွားရင်​ကောင်းမှာပဲလို့ ​တွေးမိ​ပေမယ့် ကိုယ့်အ​တွေးကို ပြန်သ​ဘောမတူ၊လက်မခံနိုင်ဖြစ်ရတယ်။
ကိုကိုဟာ ကျ​နော်ဘယ်​တော့မှ ရုန်းမထွက်ချင်တဲ့ ဝဋ်​ကြွေးလှလှ​​လေးပဲ ထင်ပါရဲ့။

မ​မေမီ​ကျော်ကို လိုက်မယ်၊တွဲမယ်ဆိုတဲ့ ကိုကိုဟာ ​မြောင်း​ဖော်​ပေးတာ​တောင် ​ရေမစီးတဲ့ အီစီကလီအဆင့်တင်သာ ရှိလို့​နေတာလည်း အံ့သြစရာပါပဲ။
​​​​ဘာလို့လဲလို့​မေးတိုင်း ဒီလိုပါပဲလို့ မ​ရေမရာ​ဖြေတဲ့ ကိုကို့အ​ဖြေကို​တော့ သ​ဘောမကျ။
ကျ​နော်ရင်ကွဲရပါ​စေဦး၊ကိုကို့ကို​တော့ ​ပွေရှုပ်တယ်ဆိုတဲ့ နာမည်မျိုးနဲ့ မ​​ကျော်ကြား​စေချင်ပါဘူး။

"သားငယ်...​ဒီမယ် သားသုတ​ရောက်​နေပြီ"

အပြင်ဖက်က ​မေ​မေ့​ရဲ့​အော်သံ​ကြောင့် ​ရွေးလက်စအင်္ကျီကို မြန်မြန်ဝတ်ပြီး ​အပြင်ထွက်ဖို့ပြင်ရတယ်။
​ကျောင်းဖွင့်တာချင်းတူ​တူကို ကိုယ့်​ကျောင်းကို မသွားဘဲ ကျ​နော့်ကို ​ကျောင်းလိုက်ပို့မယ်ဆိုတဲ့ ကိုကိုဟာ တားမရဆီးမရပါ
UFLနဲ့ကျ​​နော်​နေတဲ့ ကွန်ဒိုဟာ busစီးရင်​တောင် ၁၅မိနစ်အပြင် ပိုမကြာတဲ့ အကွာအ​ဝေးရှိ​ပေမယ့် ကိုညီသုတက​တော့ ​ပြောမရဆိုမရ၊​ခေါင်း​ကြောမာပါတယ်
'ညီ့ကိုလိုက်ပို့ရင်း ​​ကောင်မ​လေး​တွေလည်း ​ငေးလို့ရတာ​ပေါ့'လို့ ဆိုလာတဲ့ ကိုကို့ကိုမတားဖြစ်​တော့ဘဲ လိုက်ပို့ဖို့ သ​ဘောတူလိုက်မိပါ​တော့တယ်။

"​ဟော...သားငယ်လာပြီ"

"ကိုကို ​စောင့်ရတာ ကြာသွားလား"

​ကျောပိုးအိတ်အနက်​လေးကို လွယ်လို့၊မျက်မှန်​လေးကို ပင့်တင်ရင်း ထွက်လာတဲ့ ညီ
တစ်ချိန်လုံး သရီးကွာတားနဲ့​နေတဲ့ ညီ့ကို ကချင်ပုဆိုးအစိမ်းကွက်ကို အဖြူမှာ အစင်း​လေး​တွေပါတဲ့ ရှပ်အင်္ကျီလက်တို​လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ပုံနဲ့မြင်ရတာလည်း အမြင်တစ်မျိုးဆန်းတာပါပဲ။
​​​တော်ရုံဆို အသာပြုံး​နေ​လေ့ရှိပြီး၊တစ်ခုခုကို အရမ်းသဘောကျတဲ့အခါ အသည်းပုံနှုတ်ခမ်း​လေး​ပေါ်​အောင် ရယ်ပြုံးတတ်တဲ့ညီက အခုလည်း ပြုံးရွှင်လို့ နှုတ်ဆက်လာပြန်တယ်။

Sixteen(Remade version)(Completed)Where stories live. Discover now