Part24(U,Z)

4.3K 369 33
                                    

'ပလပ်..ပလပ်'
'ရွှတ်..ရွှတ်'

"ဟား...မင်းတို့က အချိန်မှန် နိုး​နေကြပြန်ပြီလားကွာ"

​ကောင်းဆက်လျှံတစ်​ယောက် မျက်နှာ​အနှံ့​နဲ့ လက်​ချောင်း​တွေ​ပေါ် ကျ​ရောက်လာတဲ့ စိုစွတ်စွတ်အထိအ​တွေ့​ကြောင့် အိပ်မှုန်စုံဝါးနဲ့ ညည်းညူလိုက်မိ​တော့သည်။
ကိုယ်က စိတ်ကူး​ပေါက်ရင်​ပေါက်သလို ညလုံး​ပေါက် အလုပ်လုပ်​၊မနက်၄နာရီ​လောက်မှ အိပ်​လေ့ရှိ​ပေမယ့် ဒီ​ကျေးဇူးရှင်နှစ်​ကောင်က​တော့ မနက်၇နာရီ​လောက်​ဆို ပုံမှန်နိုး​နေပြီး လူကိုနှိုး​တော့တာ၊ပြီးရင် ​အောက်ထပ်ကို လိုက်ပို့ခိုင်း၊အစာ​ကျွေးခိုင်းနဲ့ ကိုယ့်ကိုအမျိုးမျိုး ခိုင်းလာကြတာ ၇နှစ်​တောင်ရှိ​​နေပြီ မဟုတ်ပါလား။

အိပ်မှုန်စုံဝါးမျက်လုံး​တွေကို မဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်ရင်း ကြည့်လိုက်​တော့ ဆရာနှစ်ပါးက ကုတင်​ပေါ်ပင် ​ရောက်​နေ​ချေပြီ။

"အိပ်ချင်​သေးတယ် ဒိုဒိုနဲ့ဘိုဘိုရ...မင်းတို့လည်း ပြန်အိပ်ကြကွာ"

​​စောင်ကို​ခေါင်းမြီးခြုံပြီး ညည်းညူ​​တော့ တအီအီအသံ​တွေ​ပေးရင်း လူကို နှိုးကြပြန်တဲ့ နှစ်​ကောင်​ကြောင့် ​နောက်ဆုံးမှာ​တော့ အိပ်ယာကထဖို့ပဲ စိတ်ကူးရ​တော့တယ်။

"လာကြ လာကြ ဒိုဒို၊ဘိုဘို ...​လော​လောဆယ် အစာ​ခြောက် စားထားကြဦး၊ ငါ ​ရေချိုးပြီးရင် ကန်​တော်ကြီးထဲ လိုက်ပို့မယ်"

အိပ်ယာကထပြီး မီးဖိုခန်းဆီသွားရင်း ​ခေါ်​တော့ အ​မွေးဖွားဖွား​တွေနဲ့ အူယားဖားယား​ပြေးလိုက်လာကြတဲ့ အစာပုတ်နှစ်​ကောင်
​ပူပန်စရာမရှိတဲ့ ဝင်​ငွေပမာဏတစ်ခုကို လစဥ်ရှာနိုင်​နေလို့သာ ​​တော်​သေးတာ​ပေါ့
မဟုတ်ရင် အစား​​ချေးများ၊ကြိုက်တာဆို တအားစား၊အသန့်အရှင်းကြိုက်တဲ့ ဒီနှစ်​ကောင်အတွက် တစ်လကုန်ကျစားရိတ်တင် တကယ် မလွယ်​ကြော။

အစာအိတ်ကြီးထဲက​​​​နေ ခွက်နှစ်ခွက်ထဲကို အပြည့်ဖြည့်​ပေးပြီး​​နောက် ​ဆရာနှစ်ပါးအတွက် အသင့်ပြင်ပြီး ​ရေခဲ​သေတ္တာထဲ ထည့်ထားတဲ့ အမဲသား၊အမဲရိုးရယ်၊ဥနီရယ်ကို အိုးထဲထည့်ပြီး တစ်ခါထဲ ပြုတ်ခဲ့လိုက်​တော့တယ်။
ကိုယ်တိုင်သာ အပြင်ကဝယ်စားလိုက်၊​စော​​နွေဦးဆီသွားရင်း ဆရာချက်​​​ကျွေးတာကို ကပ်စားလိုက်နဲ့ ​ဖြစ်သလို စား​သောက်​နေ​​နေတာ၊ဒီဆရာနှစ်ပါးအတွက်​တော့ အသားမပြတ်​စေရ၊အမြဲ ကိုယ်တိုင်ချက်​​​ကျွေး​နေရတာမျိုးပါပဲ။

Sixteen(Remade version)(Completed)Tahanan ng mga kuwento. Tumuklas ngayon