Part11(U,Z)

5K 391 20
                                    

​ကျောင်းပွဲ​တွေမှာ ပါဝင်ဆင်နွှဲပြီးလို့ ​မေ​မေ့ရဲ့အမြင်​စောင်းခြင်း မခံရ​လေ​အောင် စာ​တွေကြိုးစားရင်း လိမ္မာပြ​နေတဲ့ ပိတ်ရက်တစ်ရက်မှာ
စိုလက်​နေတဲ့ ကျွန်းသစ်သား​ရောင် ဂစ်တာကို ရင်မှာပိုက်လို့ ကိုကိုတစ်​ယောက် ကွန်ဒိုကို ​ပေါက်ချလာပါ​​တော့တယ်။

"သား သုတ...ဂစ်တာအိတ်ကြီးနဲ့ပါလား"

"ဟုတ် အန်တီ၊ ညီက ဂစ်တာတီးသင်ချင်တယ်​ပြော​နေလို့​လေ၊အပြင်သင်တန်း​တွေမှာ လူ​ပေါင်းစုံနဲ့သင်တာထက် ကျွန်​တော်ကိုယ်တိုင် သင်​ပေးတာဆို​တော့ အန်တီလည်း ပိုစိတ်ချရတယ်ဆိုပြီး ဂစ်တာယူလာခဲ့လိုက်တာ"

​မေ​မေက ဒါမျိုးဝါသနာ​တွေကို အား​ပေးတတ်သူ မဟုတ်တာမို့ ကိုကိုနဲ့ ဂစ်တာတီးသင်မယ်ဆိုတာကို ခုထိမ​ပြောပြရ​သေး
​ပြောဖို့ ဂွင်​ချောင်း​နေတာဆို ပိုမှန်မယ်ထင်ပါတယ်။
အခုလည်း ဂစ်တာအိတ်လွယ်ထားတဲ့ ကိုကိုနဲ့ ​မေ​မေ့ကိုကြည့်ရင်း ဘာ​ပြောရမှန်းမသိလို့ ​ကြောက်​နေခဲ့တာ
စကား​ပြောပါးနပ်တဲ့ ကိုကို့​​​ကြောင့် ​မေ​မေတစ်​ယောက် ​ခေါင်းတညိတ်ညိတ်ရှိ​နေ​တော့တယ်။
အင်း​ပေါ့ တခြားလူစိမ်း​တွေနဲ့ အနီးကပ်သင်မှာထက် သူသိပြီးသားဖြစ်တဲ့သူနဲ့ဆို ပိုသ​ဘောကျ၊ခွင့်ပြု​ပေးနိုင်တာ​ပေါ့။

"အင်း...ညီအစ်ကိုနှစ်​ယောက် တီးကြသင်ကြ​ပေါ့၊အန်တီ ဒီ​နေ့ အုန်းထမင်းချက်ဖို့ပြင်​နေတာ၊သားသုတလည်း တစ်ခါတည်းစားသွား ဟုတ်ပလား"
​ချော​ချောရှူရှူ ခွင့်ပြုစကားသံ​ထွက်လာ​တော့ မျက်စိမှိတ်လို့ ​မေး​ငေါ့ပြတဲ့ကိုကို
သူပိုင်တယ်ဆိုတာ မြင်တယ်မဟုတ်လားဆိုတဲ့ အထာအပြည့်နဲ့။
​ကျောင်း​မွေး​နေ့ပွဲပြီးတဲ့​နောက် ကျ​နော်တို့နှစ်​ယောက် အ​ခြေအ​နေဟာ ပိုလို့နီးစပ်လာပြီး၊ကိုကိုဟာလည်း ​ကောင်မ​လေး​တွေအ​ကြောင်း ကျ​နော့်ကို မ​ပြော​တော့သလို၊ဘယ်သူ့ကိုမှလည်း မလိုက်​တော့။
ဖွင့်မ​ပြောဖြစ်ကြ​ပေမယ့် စိတ်ချင်းဟာ ပိုလို့နီးစပ်လာတာမျိုး
တစ်​ယောက်ရဲ့ဖြစ်တည်မှုဟာ ​တစ်​ယောက်အတွက်လို့ အလိုလို သိနားလည်​နေတာမျိုးပါပဲ။
ဘာလို့ဖွင့်မ​ပြောဖြစ်ကြလဲဆို ဒီအ​ခြေအ​​​နေကိုပဲ နှစ်​ယောက်လုံး သ​ဘောတကျ​ပျော်ဝင်​နေတာမျိုးထင်ပါတယ်။

Sixteen(Remade version)(Completed)Where stories live. Discover now