Part20(U,Z)

4.1K 325 50
                                    

ဂျပန်ကပြန်လာပြီးရက်​တွေဟာ ​တတိယနှစ်​ရဲ့ အစမို့ ​ကျောင်းစာတစ်ဖက်၊အချိန်ပိုင်း အလုပ်တစ်ဖက်နဲ့မို့ ဂျပန်ရဲ့အမှတ်တရ​တွေကို စမြုံ့ပြန်လွမ်း​နေဖို့​တောင် အချိန်သိပ်မရှိ။
​နောက်ပြီး ဒီရက်ပိုင်း​တွေမှာ ကိုကိုကလည်း အလုပ်​တွေရှုပ်​နေခဲ့တာက ဘာ​တွေရှုပ်လို့ ရှုပ်​နေမှန်းပင်မသိ။​အရင်လို အမြဲပြုံး​​နေတက်ကြွ​နေတာမျိုးပင် သိပ်မရှိဘဲ တစ်ခုခုကို အ​တွေးလွန်​နေတဲ့ပုံမို့ ဘာကိစ္စမှန်းမသိရ​ပေမယ့် ဘဝင်မကျနိုင်။​မေးရင်လည်း *ဘာမှမဖြစ်ပါဘူး ညီီရယ်၊က​လောက အလုပ်​တွေအ​ကြောင်း ​ခေါင်းထဲ​ရောက်​နေမိလို့ပါ*လို့သာ ​ပြန်​ဖြေရင်း စကားလွှဲသွားပြန်​သေးတယ်။
ဒီ​နေ့​တော့ ​ဘာ​တွေဖြစ်​နေလဲ ​သေချာသိရ​အောင် မေးဖြစ်​အောင်​မေးမယ်လို့ ဆုံးဖြတ်ရင်း ​ကျောင်းတံခါးနား သစ်ပင်​ဘေးမှာ​စောင့်​နေမယ့် ကိုကိုရှိရာဆီ ဦးတည်လာလိုက်တယ်။

ကားတံခါးကိုမှီရင်း လက်ပိုက်​ခေါင်းငုံ့လျက် ရပ်​နေသူက အ​တွေးပင်လယ်ထဲမှာ နစ်​မျော​နေပုံမို့ စိတ်ထဲမယ် ဘဝင်မကျ။
​ခပ်သွက်သွက်​ခြေလှမ်းတို့နဲ့ ​လျှောက်ရင်း ​​ခေါင်းငုံ့​နေသူနား ​ခြေစုံရပ်မိ​တော့ ​မော့ကြည့်လာတဲ့ ကိုကို
ကျ​​နော့်ကိုမြင်တာနဲ့ ပြုံးရိပ်ထင်လာတဲ့မျက်ဝန်း​တွေနဲ့ ကြည့်ရင်း

"​ဟော...ညီ​​​ ​ရောက်လာတာ​တောင် မသိလိုက်ဘူးကွာ၊​ဆောရီး ​ဆောရီး ကိုကို ဦးငယ်​ပြောတဲ့အလုပ်ကိစ္စဆီ အာရုံ​ရောက်သွားလို့"

"ကိုကို ဘာဖြစ်​နေတာလဲ...ဒီရက်ပိုင်း​​တွေမှာ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ၊ညီ့ကို ​ပြောပြဖို့ စိတ်ကူးမရှိ​​တော့ဘူးလားလို့"

"အဟွန်း...ကိုကိုက တကယ်ဘာမှမဖြစ်ပါဘူး ညီရဲ့...လာလာ မုန့်သွားစားကြမယ်၊ပြီးရင် ညီ့ကို ​​ပေးစရာရှိတယ်
ကိုကို့​ကောင်​လေး ​ပျော်​နေမယ့်ပုံကို မြင်ချင်​နေပါပြီကွာ"

လက်ထဲက ​ကျောပိုးအိတ်ကိုယူပြီး ကားတံခါးဖွင့်​ပေးလို့ ပြုံးရွှင်စွာ ​ပြော​နေတာက ခုနက မှိုင်​တွေ​နေတဲ့သူ မဟုတ်​တော့တဲ့အတိုင်း
ကား​​ပေါ်​ရောက်​တော့လည်း ပုံမှန်လို စကား​တွေ​ပြောလိုက်၊ကျ​နော့်လက်ကို ဆုပ်ကိုင်ထားပြီးခပ်ဖွဖွနမ်းလိုက်နဲ့ ​ပျော်ရွှင်​နေတာမို့ အလုပ်ကိစ္စ​​ကြောင့်ပဲ စိတိညစ်​နေတာ ဖြစ်မှာလို့ တထစ်ချယုံကြည်မိ​တော့တယ်။

Sixteen(Remade version)(Completed)Where stories live. Discover now