Extra

6.7K 348 26
                                    

"​ဟော ကိုကိုပြန်​ရောက်လာပြီလား၊ဒီမှာ အလုပ်ထဲစိတ်​ရောက်​နေတာ ကားသံကို သတိမထားမိလိုက်ဘူး"

"အင်း..ညီ အလုပ်များ​နေတာမလား လုပ် လုပ်၊ကိုကိုလည်း ​ရေချိုးလိုက်ဦးမယ်၊ညည်းစီစီကြီး ဖြစ်​နေလို့"

ကုတ်အင်္ကျီကို စင်​​ပေါ်ပစ်တင်ရင်း ​ရေချိုးခန်းဆီ ခပ်သွက်သွက်​လျှောက်သွားသည့် ကိုကို့​ကြောင့် ခံစားချက်တို့က အနည်းငယ်ထူးဆန်းသွားရသည်။ကိုကို့ရဲ့ အကျင့်အရဆို ​ပြန်​ရောက်တာနဲ့ လူကို​ပွေ့ဖက်တတ်ပြီး နဖူးပြင်ကိုလည်း အနမ်းဖွဖွ​ပေးတတ်​သေးသည်။​လှေကားထစ်​တွေကို​တောင် နင်းဖြတ်လာရင်​တောင် 'ညီ'​ရေလို့ တ​​ကြော်​ကြော်​အော်လာတတ်သူဖြစ်သည်။ပြီးမှသာ သူလုပ်စရာရှိတာကို ဆက်လုပ်တတ်သူလည်းဖြစ်သည်။
အခု ကျွန်​တော်​တွေ့​နေရတဲ့ ကိုကို့ပုံက ကျွန်​တော်နဲ့ အကြည့်ချင်းမဆုံ​​​အောင် တမင်မျက်နှာလွှဲပြီး ​ရှောင်ထွက်သွားပုံ​ပေါ်သည်မို့ ဘဝင်မကျဖြစ်ရသည်​တော့ အမှန်ပါပဲ။

ငဲ့အကြည့်မှာမြင်ရသည့် ​wedding​နေ့ကဓါတ်ပုံ​လေးက စိတ်မပူဖို့ ​ဖြေသိမ့်​ပေး​နေသ​ယောင်
ဒါ​ပေမယ့် ခဲမှန်ဖူးတဲ့စာသူငယ်မို့
တစ်ခါ​သေဖူးပျဉ်ဖိုးနားလည်သူမို့
နှစ်များစွာ နာကျင်ရင်း၊ကိုယ့်ကိုယ်ကိုယ်​ပျောက်ဆုံးရင်း ကျန်ရစ်ခဲ့ရသည့် စိတ်အနာတရကို ကိုယ်ကိုယ်တိုင်သာအသိဆုံးမို့
မူမမှန်တဲ့ အ​ခြေအ​နေတစ်ခုခုကို ခံစားမိတာနဲ့ ​​​စိုးရိမ်​ကြောက်ရွံ့မှုတို့သည် အရင်လို မ​ပြောင်းမလဲရှိ​နေဆဲပါပဲ။
•••

​​​ခန္ဓာကိုယ်အနှံ့ ခုန်​ပေါက်ကျဆင်းလာသည့် ​​ရေမှုန်​ရေမွှား​ရေစက်​တွေနဲ့အတူ မျက်ဝန်းအိမ်မှ မျက်ရည်ပူတို့သည်လည်း ခုန်​ပေါက်ကျဆင်းလျက်ရှိသည်။
ဒီ​နေ့သာ မိတ်ဆုံစားပွဲကို မသွားဖြစ်ခဲ့ရင် ကျွန်​တော်ဟာ ညီနဲ့ပတ်သက်တဲ့ ထိုအ​ကြောင်း​တွေကို ဒီတစ်ဘဝလုံးစာ သိခွင့်ရမည်မဟုတ်
ထို​ကောင်ငယ်​လေးဟာ တစ်ဘဝလုံးစာ ဖုံးကွယ်ထားပြီး ကျွန်​တော်ရဲ့ ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်စိတ်​တွေကို ​​​လျော့နည်း​စေလိုဟန်တူသည်။

Sixteen(Remade version)(Completed)Where stories live. Discover now