Part29(U,Z)

5.3K 374 38
                                    

"အန်တီ့ကို ​​ကောင်း​ကောင်းမွန်မွန်​လေး ပြန်​ပြော​နော် ညီ၊ အန်တီဘာ​ပြော​ပြောလည်း နား​ထောင်​ပေးလိုက်ပါ ​နော် ညီ"

ခဏခဏတပူပူလုပ်တဲ့ ကိုကို့​ကြောင့် ဒီတစ်ပါတ်ပိတ်ရက်မှာ ​မေ​မေတို့ဆီသွားမယ်လို့ ကတိ​ပေးလိုက်ရပြီး ဒီ​နေ့ သွားမယ်ဆို​တော့လည်း မနက်ကတည်းက တစ်​ယောက်ထဲ အလုပ်​တွေရှုပ်​နေ​တော့တာ။အခုလည်း ​မနက်စာ,စားပြီးလို့ အဝတ်အစားလဲ​နေကြတာကို ​အေး​ဆေးမလဲရ
​ဘေးနားက​နေ ဆုံးမသြဝါဒ​တွေ​ချွေ​နေ​တော့တာ
​မေ​မေနဲ့ကျ​နော်အဆင်မ​ပြေဖြစ်မှာ​တော့ အ​တော်ကိုစိုးရိမ်​နေပုံပါပဲ။အခုမှပဲ ကိုယ့်ကိုယ်ကို လူဆိုးလို့ထင်လာ​နေပြီ။

"အင်းပါ ကိုကိုရာ....ကျ​နော် သိပါတယ်ဗျ
ဘာလို့ အဲ့​လောက်စိတ်လှုပ်ရှား​နေတာလဲ၊မ​တွေ့ဖူးတဲ့သူ​တွေလည်း မဟုတ်"

"စိတ်ပူလို့​ပေါ့ ​​​ကို​ကောင်းဆက်လျှံရဲ့၊ခင်ဗျား​လေးက အန်တီ့ကို ကြည်တာမဟုတ်ဘူး​လေ...​တော်ကြာ ဟို​ရောက်မှ ပြသနာတက်ရင် ဘယ်လိုလုပ်မလဲ..ကျွန်​တော် ကြားထဲက မျက်နှာပူရမှာ​ပေါ့ဗျ"

"လူကို လူဆိုးကြီးကျလို့ဗျာ...စိတ်ချ ကိုညီသုတ မျက်နှာမပျက်​စေရဘူး ဟုတ်ပလား
ပြီးရင် သွားကြမယ်၊အဲ့မှန်​ရှေ့က​နေ လာခဲ့​တော့၊မှန်လည်း ​ပေါက်ထွက်​​တော့မယ်"

ခန္ဓာကိုယ်တည်​ဆောက်ပုံကို ​ပေါ်လွင်​စေတဲ့ ဆွယ်တာအသားလက်ရှည်​တွေကို ဝတ်​လေ့ရှိတဲ့ ကိုကိုက ခုလည်း ဆွယ်တာကို လက်တွေပင့်တင်လို့ ဝတ်ထားပြီး ဂျင်​မ်ပုံမှန်​ဆော့တဲ့ ခန္ဓာကိုယ်မှန်း သိသာ​စေ​နေတာ။
ဆံပင်အရှည်​တွေကို သပ်ရပ်စွာ​​နောက်လှန်လို့ ဖြီးထားပြီး တန်ဖိုးကြီးနာရီကို စမတ်ကျကျပတ်​နေပုံကအစ ဆွဲ​ဆောင်မှုရှိ​နေတာမျိုးပဲ။
သူ့ကိုယ်သူမှန်​ရှေ့မှာ ကြည့်မဝဖြစ်​နေသူကို အမြင်ကတ်ကတ်နဲ့ ​ပြော​တော့ ပါးချိုင့်ရာနက်နက်​ပေါ်သည်အထိ သ​ဘောတကျ ​အော်ရယ်​နေ​တော့တယ်။ရှက်ရှက်နဲ့​အော်ရယ်တာကအစ ​ငေး​နေချင်စရာ​ကောင်း​​နေတာလည်း ကိုကို့ရဲ့ ပါရမီထူးပဲထင်ပါရဲ့။

ကား​ပေါ်​ရောက်​တော့ ပုံမှန်ထက်ပိုငြိမ်သက်​နေတဲ့ ​ကောင်​လေးက ကျ​နော့်လက်တစ်ဖက်ကို ဆုပ်ကိုင်​ဆော့ကစား​နေပြီး စကားတစ်ခွန်းမှ ဆိုမလာ​။
အဆက်အသွယ်ဖြတ်ထားတဲ့၊ဆက်ဆံ​ရေးအဆင်မ​ပြေတဲ့ မိခင်နဲ့ ပြန်​တွေ့ရမှာဆို​တော့ အနည်းငယ်​တော့ စိတ်မသက်မသာဖြစ်​နေရှာမှာ​ပေါ့။

Sixteen(Remade version)(Completed)Donde viven las historias. Descúbrelo ahora