ကောင်းဆက်လျှံအတွက်တော့ တနင်္ဂနွေတစ်ရက်လုံးဟာ စိတ်နဲ့ကိုယ်နဲ့ မကပ်ခြင်းများစွာဖြင့်သာ ကုန်ဆုံးသွားရတယ်။
မနေ့ညနေကတည်းက ကိုကိုနဲ့အဆက်အသွယ်မရတာ ဒီနေ့ညနေထိ အွန်လိုင်းပေါ်မှာလည်း မတွေ့ရသလို၊ဖုန်းသည်လည်း စက်ပိတ်ထားလျက်သာရှိသည်။မမဝတ်ရည်ကို အကျိုးအကြောင်းသိရအောင် မေးကြည့်တော့ မိသားစုကိစ္စနဲ့ စိတ်ဖိစီးရတာမျိုးဆို ကိုကိုက ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်ထဲ နေလေ့ရှိတယ်၊အခုလည်း အဲ့လိုဖြစ်နိုင်တာမို့ ခဏစောင့်ကြည့်ပါဦးလို့ ပြောလာခဲ့လို့ ဘာမှမတတ်နိုင်ဘဲ ငြိမ်နေခဲ့ရသည်။
ဒီတစ်ခါတော့ ကိုကို့ကို ပြောရဦးမည်၊အရင်လို တစ်ယောက်ထဲ မခံစားနေဘဲ၊ကျနော့်ကို ရင်ဖွင့်ရင်း မျှဝေခံစားပေးဖို့ကိုပေါ့လေ။>>>ring>>>
စိတ်မပါလက်မပါနဲ့ စာလုပ်နေတုန်း ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ အမွှေစိန်စောနွေဦးဆီက
ဒီကောင် ခုတလော ဆရာလင်းထင်နဲ့ ပက်သက်ပြီး ဆင်ကြံ,ကြံဖို့ ကြိုးစားနေရတာနဲ့ အရင်လို ပိတ်ရက်တွေလည်း ကျနော့်ဆီလာမမွှေအားတော့။
ခုလည်း ဘာမွှေဦးမလို့လဲမသိဆိုတဲ့ အတွေးနဲ့ ဖုန်းကိုကိုင်ရင်း"ဟဲလို...နွေဦး ပြော"
"ကောင်းဆက် မင့်ကိုကိုအကြောင်း သိပြီးပြီလား"
အလောတကြီးမေးလာတဲ့ နွေဦးကြောင့် စိတ်ဟာ ထိတ်ခနဲ
ခဲမှန်ဖူးတဲ့စာသူငယ်လိုပါပဲ၊ကိုကို ဘယ်ကောင်မလေးနဲ့ တွဲနေပြီဆိုတဲ့ သတင်းမျိုးများ ကြားရဦးမလားဆိုတဲ့ အတွေးတို့က ကြောက််ဖို့ကောင်းအောင် ဝင်ရောက်လာတော့တယ်"အင်း..မသိသေးဘူး နွေဦး၊ဘာအကြောင်းလဲ"
"ဟိတ်ကောင် သူ့ဒယ်ဒီနဲ့မာမီ ဒီနေ့ပဲ ကွာရှင်းလိုက်ပြီတဲ့၊သူက ညကတည်းက အိမ်ကထွက်သွားတာ၊ဒီမနက် ကလောက သူ့အိမ်ကိုရောက်နေတယ်လို့ ခြံစောင့်တွေကတဆင့် သိရတယ်တဲ့"
အလောတကြီးပြောလာတဲ့ နွေဦးရဲ့ သတင်းစကားတွေကြောင့် ပြိုလဲနေမယ့် ကိုကို့ကို တွေးမိတော့ နှလုံးအိမ်ဟာ ဆစ်ခနဲ
မိဘနှစ်ပါးနဲ့ ပက်သက်ရင် ထိရှလွယ်တဲ့ ကိုကိုဟာ ခင်မင်ခါစအချိန်မှာ ကျနော့်ကိုဖက်ရင်း ရှိုက်ကြီးတငင်ငိုကြွေးတဲ့အထိ အားငယ်တတ်တဲ့သူ မဟုတ်လားလေ
ဖြစ်နိုင်ရင် ခုချက်ချင်းတောင် ကိုကို့အနားကိုပြေးလို့ ဖက်ထားပေးရင်း အားပေးချင်မိတယ်။
မယုံကြည်နိုင်တဲ့ စိတ်တို့နဲ့
YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022