ညနေ၅နာရီ
အတန်းချိန်ပြီးပေမယ့် music clubဆက်တက်နေရတာရယ်၊ပွဲနေ့မှာ ဆိုဖို့အတွက် သီချင်းလေ့ကျင့်တာရယ်နဲ့ ကျောင်းကနေ အိမ်မပြန်ရသေး။
ဒီကြားထဲ စောနွေဦးက သီချင်းပြောင်းလိုက်တာမို့ noteတွေပြန်ရှာ၊ပြန်လုပ်နဲ့ အလုပ်ရှုပ်ကြရသေးတယ်။ကျေးဇူးရှင်ကတော့ တစ်ယောက်ထဲပြုံးလိုက်၊မျက်ရည်တွေဝဲလာလိုက်နဲ့ တစ်ကယ်ကို အရူးလိုပါပဲ။
ဒီနေ့ တခြားမေဂျာတွေကို မုန့်စားလက်မှတ်လိုက်ရောင်းတာလည်း ကုန်သလောက်မို့ စီနီယာECဟာ သူလူတွေရွေးတာ မှန်တယ်ဆိုပြီး သဘောတကျဖြစ်နေတော့တာ။သေချာတာတော့ မေဂျာရဲ့ပွဲတွေမှာ ကျနော်တို့နှစ်ယောက် ပွဲတိုင်းပါ၊ပွဲတိုင်းကျော်ဖြစ်ဦးမယ့်ပုံပါပဲ။'ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်...ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်'
Music clubရှိရာ LRCအဆောင်ရဲ့ ဒုတိယထပ်ကနေ ဆင်းလာတဲ့အထိ စောနွေဦးတစ်ယောက် ဒီစာသားနှစ်ကြောင်းကို ရွတ်လို့မပြီး
"မင်း တော်တော်မိုက်ခဲ့ဆိုးခဲ့ပုံပဲနော်၊ဒီလောက်ထိ ကိုယ့်ကိုယ်ကို ပြန်ဆိုရတဲ့အထိဆိုတော့""အဟား...ငါက မမိုက်ပါဘူးကွာ၊ငါ့အချစ်က ငါ့ကိုလူဆိုးလူမိုက် ထင်နေရုံလေးပါ
ချစ်တာကို ချစ်မှန်းမသိဘဲ လူဆိုးလို့သတ်မှတ်တာ""မနက်ဖြန် အဲ့ဆရာ ဌာနကိုလာမယ်တဲ့၊မင်း သွားစောင့်နေမှာလား"
"မစောင့်ပါဘူးကွာ....တော်ကြာငါ့မြင်ပြီး လန့်ပြေးလို့ ငါလိုက်ရှာနေရပါဦးမယ်
သူက ငါ့အပိုင်မို့ အချိန်တန်ရင် ငါ့ရှေ့ရောက်လာမှာ""အေးပါကွာ...မင်းပဲအပြောကောင်း၊ဒါနဲ့ သူက ဆရာတောင်ဖြစ်နေပြီဆိုတော့ ဘယ်အရွယ်လဲ"
"အဟွန်း ခုမှ ၂၅တောင် ရှိသေးရဲ့လားမသိဘူး၊သူ ဆရာဖြစ်တာတောင် လပိုင်းပဲရှိသေးတယ်၊ဝန်ကြီးဌာနက ပညာသင်ဆုအတွက် ဝင်ဖြေရင်း UKကိုရောက်သွားတာ"
ကောင်းဆက်ကိုပြောပြရင်းပဲ ၉တန်းနဲ့၁၀တန်းမှာ ဂိုက်လာသင်ပေးခဲ့တဲ့ အမြဲတည်တည်ကြည်ကြည်နေတတ်တဲ့ တစ်ယောက်သောသူကို ပြန်မြင်ယောင်မိတယ်။
ဒီ,မောင်ကတော့ နေ့တိုင်းလွမ်းနေရလို့ ရူးမတတ်ပါပဲ မောင့်အချစ်ရယ်။
YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022