အပိုင်း ၃
မနက်မှ အိပ်ပျော်ပြီး နိုးတော့ ၁၂ထိုးနေပြီ။ဖုံးကြည့်လိုက်တော့လဲ missed call တခုတောင် မရှိတော့ ဪ သူငါ့ကို လာပါလို့တောင် ထပ်မခေါ်ပါ့လား။
ငါ ပြောလိုက်တာ ရင်းနှီးမှူတခု ပျက်ဆီးပြီ ထင်ပါရဲ့ ဆိုပြီး ဝမ်းနဲ မိသေးတာ။
ရေချိုး ပြီး အဝတ်လဲဖို့ လုပ်တုံး ဖုံးဝင်လာတော့ သူဖြစ်နေတာမို့ ကိုယ့်မှာ ကတုန်ကရင်တွေ ဖြစ်ခါ ကိုင်လဲ မကိုင်ရဲ ချမှာလဲ ကြောက်နဲ့ ဖြစ်နေတုံး ဘဲလ်တီးသံကြားတော့ ဒီအချိန် ဘယ်သူပါလိမ့်ဆိုပြီး ဂါဝန်အမြန်ကောက်စွပ်ပြီး ထကြည့်မိတော့ သူဖြစ်နေပါရော။
ဘဲလ်ကို ဆက်တိုက်တီးနေတာမို့ တံခါးလဲ ဖွင့်ရော သူက
"မင်း မလာမှာ သိလို့ အိမ်အထိလာခေါ်တာ။ညက ငါ အိပ်မပျော်လို့ မိုးလင်းမှ အိပ်ရတယ်။ရုံးကလူတွေကိုတော့ နေ့လည်မှ ရောက်မယ်လို့ဖုံးဆက်ပြီးပီ။မင်း ပင်ပန်းမှာစိုးလို့ မလိုက်နဲ့တော့ ရုံးကို။ရုံးက အပြန်မှ ရေခဲမုန့်ဆိုင်သွားကြမယ်။ကိုယ့်မွေးနေ့မှာပထမဆုံး မင်းကို မြင်ချင်လို့ ရော လက် ဆောင်အကျီလဲ လာယူတာ။အခုမှ ရေချိုးပြီးတာလား။မင်း ရော ညက အိပ်မပျော်ဖူးလား" လို့မေးလာတာနဲ့ ဘာမှ ပြန်မဖြေပဲ အကျီသွားယူပြီး ပေးလိုက်တော့ သူကပဲ
" မင်းကို ရုံးကထွက်တာနဲ့ကိုယ်လှမ်းဖုံးဆက်မယ်။ taxi ငှားပြီး ကားသမားကို ကိုယ်နဲ့ ဖုံး ပေးပြော။ဆိုင်လိပ်စာ ကိုယ်ပြောလိုက်မယ်။အကျီ ခဏ လဲ လို့ရမလား။ လိုက် မလိုက် ကြည့်ပေး" ပြောလာလို့
ကိုယ်လဲ
"မလိုက်လဲ နင်ရွေးပေးတာပဲ။အခု မှ ဝတ်ပြ မနေနဲ့။သွားတော့" လို့ နှင်ထုတ်လိုက်တယ်။အဲ့တော့မှ သူက
"ဟုတ်သား နင်တခါပြောဖူးတယ် နင့်အခန်း ယောကျာ်းလေး ဝင်တာ မက်ြိုက်ဖူးဆိုတာ ငါမေ့သွားတာ စော်ရီး နင် ဟိုဖက်လှည့် ရောက်လက်စနဲ့တော့ ဒီမှာပဲ အကျီလဲလိုက်တော့မယ်"ဆိုပြီး တကယ်ချွတ်တာမို့ ကိုယ် မျက်နှာ ကွယ်ထားပေးရတယ်။
အကျီက မနေ့က ကိုယ်သေချာ ရွေးခဲ့တာမို့ သူနဲ့ကြည့်ကောင်းနေတယ်။သူက တော့ အကျီကြည့်ပြီး
သဘောကျ နေကာ
" မိန်းခလေးပေးတဲ့အကျီဝတ်ရတာ ဘဝမှာ ပထမဆုံးပဲ။ကောင်မလေးတွေ တောင် ကိုယ်က လက်ဆောင်ပေးရင် အကျီ မယူချင်ဖူး ငြင်းခဲ့တာ" လို့ပြောတော့ ကိုယ်က
"ဘာ အယူရှိလို့လဲ မကြိုက်တာလား။ နင် တခြားဟာ လိုချင်ရင် နောက်ထပ်ဝယ် ပေးမယ်" လို့ ပြောလိုက်မိတယ်။သူက
"နင်ဝယ်ပေးတာမို့ ငါဝတ်ပါ့မယ်။ နောက်ထပ်ပေးရင်လဲ ယူမယ်။ ဒီအကျီကို ငါ သေချာ သိမ်းထားမယ်။အမြဲ မဝတ်ပါဖူး" လို့ ပြော ကာ ရုံး တန်းသွားတော့တာပဲ။
ညနေကျ ရေခဲမုန့်ဆိုင် လိုက်ပို့ပေးပြီး ကိုယ့်အတွက် ပထမဆုံးသော ယောကျာ်းလေးတယောက်ရဲ့ ဂရုစိုက်မှူရရှိဖူးတော့ တကယ်ပျော်ခဲ့ရတယ်။
အဲ့နောက်ပိုင်းထူးခြားသွားတာက သူလဲ အချစ်အကြောင်း ကိုယ့်ရှေ့ မပြောတော့သလို ကိုယ်လဲ သူဘယ်လို ဂရုစိုက်စိုက် ဘာလို့လုပ်ပေးလဲ မမေးဖြစ်တော့ဖူး။
ဒီအတိုင်းလေး နေပေးနေပေမယ့် သူ ဂရုစိုက်ရင် ပျော်ရသလောက် သူလုံးဝ အေးတိအေးစက်နဲ့ ပစ်ထားတဲ့အခါတိုင်း အလွန်အမင်း ဝမ်းနဲကြေကွဲနေရင်းပေါ့လေ။
သူ့ရှေ့မှာတော့ ဟန်မပျက်အောင်နေနေပေမယ့် ကိုယ်ဘယ်လောက်အထိ သူ့ကို ကြွေ နေမိလဲ ဆိုတာ ကိုယ့်ဖာသာလဲ အသိစိတ်နဲ့ထိန်းချုပ်လိုက် လွတ်သွားလိုက်နဲ့ ရူး နေမိတာ တယောက်ထဲ။
ချစ်လားလို့ မမေးရဲသလို(မေးပိုင်ခွင့်လဲ မရှိဖူးထင်ခဲ့တယ်) မချစ်ဖူးလို့ပြောရင်လဲ ခံနိုင်ရည်စွမ်း မရှိ ဖြစ်နေမိတာ။
ကိုယ့်ဖာသာ တော့ သူငါ့ကို တကယ်ချစ်တာ မဟုတ်ဖူးလို့ အကြိမ်ကြိမ် သတိပေး ထိန်းခဲ့တယ်။
သူ့ကို သံယောဇဉ် ထပ်မဖြစ်ဖို့ ကိုယ့်ဖာသာ သတိကပ်ပြီး သူ့အနားသိပ်မသွား မကူညီမတောင်းတော့သလို အနေဝေးသွားအောင်ပဲ ရှောင်နေခဲ့မိတယ်။
အစတုံးကတော့ သူလဲ ဘာမှမသိလို့လားမသိ အတင်းလိုက်စကားပြော အတူတူပြန်ဖို့စောင့်နဲ့ နောက်တော့ သူလဲ ကိုယ့်အိမ်အဆင်မ ပြေနေလို့ တယောက်ထဲ နေချင်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုပဲ ယုံသွားလို့လားမသိ အတင်းလိုက်မခေါ်တော့ဖူး။
သူသိလား မသိလားမသေချာပေမယ့် အဝေးကနေပဲ သူ့ကိုလှမ်းလှမ်းအကဲခတ်ရင်း ကိုယ် အလုပ်တွေပဲ အတင်းဖိလုပ်နေမိတယ်။
တစ်ခါတစ်လေကျ ငါမှားသွားလား ရင်းနှီးမှု တခု ပျက်ပြီလားဆိုတဲ့ စိတ်နဲ့အပြစ်ရှိသလိုတွေ ဖြစ်မိတယ်။သူနဲ့ပြန်ရင်းနှီးရင် သူဂရုစိုက်တာ ခံရပြန်တော့လဲ စိတ်က အကြိမ်ကြိမ် သေဆုံးနေရသလို ဖြစ်နေတာမို့ သူ့အနားမှာ ကြာကြာ မနေရဲ။ကိုယ့် မွေးနေ့မှာ သူက
"မင်းလိုချင်တာ ပြော။ဘာမဆို ပေးမယ်"ပြောလာလို့ စိတ်ထဲကနေ နင်ငါ့ကို ချစ်တယ်ပြောရင် ရပြီလို့။အပြင်မှာတော့ နင်ကြိုက်ရာပေး။ငါလိုချင်တာ မရှိဖူး"လို့ပဲ ဖြေခဲ့လိုက်တယ်။
ဘာလို့လဲ တော့မသိ သူဘာမှ ဝယ်မပေးခဲ့ဖူး။ကိုယ်လဲ မတောင်းဖြစ်ဖူး။မွေးနေ့ကိတ်နဲ့ ရုံးက လူတွေ surpriseလုပ် ပေးကြပြီး စားသောက်ဆိုင် ခေါ်သွားကြတော့ ဆိုင်လဲ ရောက်ရော အစားအသောက်မှာမယ်လုပ်ကြ တော့ သူမှာလိုက်တဲ့ menu အကုန်လုံးက ကိုယ်ကြိုက်တယ်လို့ ပြောဖူးတဲ့ စားစရာအကုန်မို့ ဝမ်းနဲ ဝမ်းသာဖြစ်ရသေးတယ်။
စား နေစဉ်လဲ ကိုယ့်မျက်နှာကို သေချာ အကဲခတ်သလိုလိုက်ကြည့်နေတာမို့ ကိုယ် မျက်ရည်မကျမိ အောင် တော်တော် အားတင်းထားရတယ်။
အရက် သောက်ကြတော့လဲ သူအသားကုန် သောက်နေတာမို့ ကိုယ်လှမ်းတားမိပေမယ့် သူကဆက်သောက်နေဆဲပါပဲ။
ပြန်ခါနီး တော့မှ ကိုယ့်ပခုံးကို ဖြတ်ခနဲ ပဲ ပုတ်လိုက်ပြီး
"ငါဘာမှမဖြစ်ဖူး အဆင်ပြေတယ်။နင်ပျော်အောင်နေပါ" ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ အဖြေရှာမရခဲ့ဖူး။
နောက်နေ့ မနက်ကျ သူရုံးမလာတော့ ကိုယ့်မှာ စိတ်ပူပြီး ဖုံးဆက်ချင်တဲ့စိတ်ကို မနဲ ထိနိးချုပ်ရင်း သူများတွေ သူ့အကြောင်းပြောတာ နားစွင့် နေခဲ့ရတယ်။ နေသိပ်မကောင်းလို့ ရုံးမလာတာ လို့ပဲ သိခဲ့ရတယ်။
ကျူးလစ်ဝှိုက်
26.9.2021
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...