နှောင်ကြိုးမဲ့သော
အပိုင်း ၅
ရဝပ်
ဝပ် သူမဆီက စာတစ်စောင်သာ ရခဲ့ပြီး နောက်ရက် လူရော စာရော လုံးဝ ဆက်သွယ်ခြင်းမရှိ ငြိမ်နေသော သူမကြောင့် ဝပ် အလုပ်သာ လုပ်နေရတာ စိတ်မဖြောင့်ရင်ပူနေရတယ်။ဘာလို့များ ဒီဓလေ့ ရိုးရာ ထုံးတမ်းတွေက လူသားတွေကို လွှမ်းမိုးနိုင်ရတာလဲ။
လူလူချင်းပါပဲ မဟုတ်ဖူးလားဗျာ။ ဘယ်န်ိုင်ငံ ဘယ်လူမျိုးမဆို ချစ်ခြင်းတရားဆိုတာ ရှိကြပါတယ်။ဘယ်သူ့ ဘယ်သူ့ကမှ ပိုမမြင့်မြတ်သလို ပိုလဲမယုတ်နိမ့်ကျပါဖူး။အားလုံးဟာ တန်းတူညီမျှပါပဲ။
အရေးကြီးတာက လူပီသဖို့နဲ့ စာနာထောက်ထားညှာတာမှု ကိုယ် ချင်းစာတရား ရှိကြဖို့ပဲ မလား။တစ်ခါတစ်ခါ လူတွေရဲ့ အစွန်းရောက် ယုံကြည်မှုဟာ ဘေး ဖြစ်စေတတ်တယ်ဗျ။ဘယ်အရာကိုမှ တရားသေ ဆုပ်ကိုင်ထားလို့မရဖူး။ အခြေအနေနဲ့အချိန်အခါ ကိုကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်ကြမှသာ ပိုမှန်မယ်လို့ ဝပ် ခံယူထားတယ်။
အခုလဲ ကြည့်ဗျာ ဝပ်ရဲ့ပြစ်ချက်က နိုင်ငံခြားသားဆိုတာ တစ်ခုထဲနဲ့ သူမ မိသားစု အသိုင်းအဝိုင်းက လုံးဝ ခါးခါးသီးသီးငြင်းကြတာ။
နိုင်ငံမတူလို့ နေထိုင်မှုပုံစံ၊ အစား အသောက်၊ ဓ လေ့ ထုံးစံတို့ပဲ ကွဲတာ ရှိမှာဗျ။
ဘာသာစကားမတူလို့ ဝပ်တို့အသိုင်းအဝန်းနှစ်ခုကြားဆက်သွယ်မှုမှာ အခက်အခဲ တွေတော့ အများကြီးရှိမယ်။
ဒါပေမယ့် နှလုံးသားချင်းနီးကြတဲ့အခါ သူ့အမူအရာကို ကြည့်ရုံနဲ့ သူမ ဘာလိုချင်လဲ ဆိုတာ ဝပ်သိသလို ဝပ်ဘာလိုချင်လဲ ဆိုတာ သူမ သိခဲ့တာပဲလေ။
အချိန်ပေး စောင့်ကြည့် အကဲ ခတ်လို့မှ တစ်ဖက်နဲ့တစ်ဖက်ဘယ်လိုမှ သဟဇာတ မဖြစ်ရင်တော့ လမ်းခွဲရမှာပေါ့လေ။အခုဟာကျ ဘာမှကို မစရသေး ဝပ်က သူမအိမ်သွားမိတ်ဆက်ရုံမှာတင် ပွဲပြီးပြီလို့ ပြောခံလိုက်ရတော့ ဝပ်တကယ် အခံရခက်တယ်။
ဒီလိုပုံဆို သူမအိမ်က ဝပ်ကိုဘာမှ ကြိုးစားခွင့်မပေးပဲ အပြတ်ငြင်း တဲ့သဘောမလို့ ဝပ်ဒီအတိုင်းတော့ မြန်မာနိုင်ငံကနေ မပြန်နိုင်ဖူးဗျ။
KAMU SEDANG MEMBACA
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasiအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...