နှောင်ကြိုးမဲ့သော
အပိုင်း ၄
ဖြူကိုယ့်အတွက်တော့ တကယ်ချောက်ချားဖွယ်ရာ နေ့ရက်များနဲ့ စတင်ရင်ဆိုင်ကြုံရပါပြီ။
တစ်အိမ်လုံးမှာ ကိုယ်နဲ့ဝပ်ကို လက်ခံပေးတဲ့သူက အကိုငယ်နဲ့အဖိုး နှစ်ယောက်သာ။ဒါတောင် သူတို့ရဲ့သဘောတူမှူက ရာခိုင်နှုန်း အပြည့်မဟုတ်တော့ ဒီလမ်းကို ကိုယ်ဆက်လျှောက်ဖို့ သင့်သလားဆိုတာ မတွေးရဲ သေး ဖူး။
မေမေက အဲ့နေ့က ကိုယ့်ကို အခန်းထဲ ရောက်တော့
ပခုံးကို ကိုင်ဆောင့်ကာ"မိဖြူ ညီး မိုက်လုံးကြီးချက် အေ...
ညီးကို ငါဘယ်လောက်အထိ မျှော်လင့်ထားမိလဲ
ညီးဟာ ငါ့ထက်
ပညာအရည်အချင်း ရော
ရုပ်ရည်ရော
လူကြီးမိဘအပေါ်
သိတတ်လိမ္မာမှူ ရော သာလို့ ငါညီးကို အထင်ကြီး ယုံစားမိထားတာ...
အခုတော့ ညီး ငါ့ကို
ဒီလို နည်းနဲ့ ညီးတော်တယ်ဆိုပြီးပြတာလားအေ...
ညီး ကို ငယ်ငယ်ကတည်းကာသာတရားကိုင်းရှိုင်းတတ်အောင်
ယဥ်ကျေးလိမ္မာအောင် နည်းအမျိုးမျိုးနဲ့ ထိန်းကျောင်းပေးခဲ့တဲ့ ငါ့အဖေနဲ့ အမေကျေးဇူးကို ညီး ဒီလို(နိုင်ငံခြားသားကို
ယူချင်ပါတယ်လို့ )
ကျေးဇူး ဆပ်ပြတာလား...
ငါရင်နာလိုက်တာအေ..." ဟု ပြောကာ ခဏကြာတော့မှ မေမေက သံစဉ်ကို
"ညီးအခန်းထဲညီး သွားနေ... အခန်းထဲ ကနေ
တစ်လက်မမှမရွေ့နဲ "ဟု ပြောကာ မောင်းထုတ်တော့သည်။မေမေ့အခန်းထဲမှ ထွက်လာသော သံစဉ်မှာ ပြတင်းပေါက်ကနေ အဝေးတစ်နေရာကို ငေးနေဟန်ရှိသော ကိုကြီးကို မြင်လိုက်ရတော့ သံစဉ် ခြေလှမ်းရပ်တန့်လိုက်မိသည်။
ကိုကြီးကလဲ သံစဉ့်ကို နောက်လှည့်မကြည့်ပဲ" သံစဉ် ညီမလေးရယ် ကိုကြီးကို ရက်စက်တယ်ပဲဆိုဆို ညီမလေးတို့ သံယောဇဉ် အရမ်းမတွယ်မိ သေး ခင် နောက်ဆုတ်လိုက်ဖို့ ကိုကြီး တောင်းဆိုချင်တယ်...
ညီမလေးကိုလဲ ကိုကြီးယုံတယ်...
တစ်အိမ်လုံး သဘောမတူတဲ့ ကိစ္စကို ရှေ့ဆက်မတိုးဖူးဆိုတာ...
ကိုကြီး ညီမလေးကို အရမ်းမျှော်လင့်ထားမိတယ် ရင်မကွဲပါရစေနဲ့ နော် ဟုတ်ပြီလား" ဟု ပြောတော့ သံစဉ် လဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာကာ ငိုမိရင်း အခန်းထဲပဲ ပြေးဝင်မိတော့သည်။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...