နှောင်ကြိုးမဲ့သော
ဒုတိယတွဲ အပိုင်း၁"ကျမတို့ဟာ ကျမတို့ မသိတဲ့ နက်ဖန်များစွာ အတွက် ပူလောင်နေမယ့်အစား
ကျမတို့ လုပ်န်ိုင်သမျှကို အကောင်းဆုံး လုပ်ကြရမှာပါပဲ" 👍👍👍
ပုလဲဖြူ ခေါ် ဖူ🌟 🌟 🌟 🌟
ကိုယ်က ဝပ် မြန်မာ လာမယ့်နေ့မှာ အိ ရဲ့ စီစဉ်မှုအရ လေဆိပ်ကို မသွားပဲ ညနေမှ သူတည်းမယ့် hotel ဆီ လာမယ်လို့ မက်ဆေ့ ပို့လိုက်တယ်။
ကိုယ့်ကို မြန်မာ ဝတ်စုံနဲ့ သိပ်မတွေ့ဖူး တဲ့ ဝပ်ဟာ ကိုယ် သူ့ကို လှမ်းရီပြနေတာတောင် သူ ရုတ်တရက် မမှတ်မိဖူး။
ကိုယ့်ကို သူ တွေ့ တွေ့ ချင်းပဲ
"ဖူ မင်း အရမ်းကျက်သရေရှိတာပဲ။ မင်းနဲ့ မြန်မာ ဝတ်စုံလေးက လိုက်နေတာပဲ" ပြောလို့ ကိုယ် လေပေါ် မြောက်ချင်ချင်တောင် ဖြစ်သွားတယ်။ဘာလို့ ဆို မိန်းမ သိပ်မဆန်တဲ့ ကိုယ်ဟာ လွတ်လပ်ပေါ့ပါးပြီး ခန္ဓာကိုယ် လုံခြုံတဲ့ ဝတ်စုံ မျိုးသာ ဝတ်တာများတတ်သလို အလှ ပြင်လေ့ မရှိတဲ့ ကိုယ့်ကို တက္ကသိုလ်မှာတုံးက ကုလားမလေး (အိမ်တွင်း ပုန်းလုပ်လွန်းသောကြောင့်)၊ ရုပ်ဆိုးမလေး
လို့ ခေါ်ကြတာလေ။အမြဲ တမ်း ဘာ သနပ်ခါးမှ မပါ ဆံပင် ပွယောင်းလန် ကာ မျက်မှန်တပ်ထားတဲ့ ကိုယ့်ကို ဘယ်သူကမှ မကြိုက်ကြ စိတ်မဝင်စားခဲ့ကြဖူး။
ကိုယ်ကလဲ မနက်ဆို ( အဖိုး စည်းကမ်းအရ) ထမင်းအိုးတည်၊ ဟင်းချက်၊ ကျက်တာနဲ့ ဘုရားရှိခိုးဆွမ်းတော်တင် ရတယ်။
ပြီးရင်တခြံလုံး တံမြက်စည်းလှည်း၊ အိမ်သာဆေး၊ တအိမ်လုံးရဲ့အဝတ်လျှော်ပေး ရတယ်။အချိန်ပိုရင် စာလုပ် ရပြီး မပို တော့ ပြေးတက်ပဲ။
ကျောင်း က မြို့ ပြင်ဆိုတော့ ကားက တနာရီ နီးပါးစီးရ လို့ ကား ပေါ် ရောက်တာနဲ့ ဘေးက မှန်ကို ဖွင့်ထားပြီး အိပ်ပျော်ပြီဆို ခေါင်းက ၃၆၀ဒီဂရီ လည်တဲ့ အနေအထား နဲ့ အရ အိပ်တော့တာပဲ။
ကား မှန်ကနေ အရှိန်ပြင်းပြင်း ဝင်လာတဲ့ လေက မျက်နှာကို အဆီးအတားမရှိ ဖြတ်ကာ ဆံပင်တွေ အကုန် ဖရိုဖရဲ ဖြစ် တော့တာပေါ့ ။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...