နှောင်ကြိုးမဲ့သော(ဒုတိယတွဲ)
အပိုင်း ၁၁
ကိုယ် ညကျ နေ့လည်က ဝပ် ပြောလိုက်သော စကားကို ပြန်သတိရသွားကာ ဟုတ်တာပေါ့ ကိုယ်တို့နှစ်ယောက် ရှေ့ရေးဆိုတာကြီးကလေ တွေးကြည့်လေ မလွယ်ကူတဲ့ အနေအထားကြီးမလား။ဒါ ကြောင့်လဲ ကိုယ်ရှေ့ဆက်မတွေးရဲပဲ အမြဲရပ်တန့် ထားပစ်တာ ဝပ် မြန်မာလာလည်တဲ့ညကတည်းက။အစကတော့ ကိုယ်တို့နှစ်ယောက်ဟာ မဖြစ်နိုင်ဖူးလို့ ဆုံးဖြတ်ပြီး မေ့ထားလို့ရပေမယ့် အခုကျ သူ့ဖက်က အစွမ်းကုန် ကြိုးစား နေတော့ ဒီကိစ္စကို ကြိုစဉ်းစားမှ ရတော့မယ်။
အင်း ဝပ်ဖက်မှာများ တစ်ခုခု အခြေအနေထူးနေလို့များ ဝပ် ဒီစကားကို ပြောတာများလားလို့ အတွေးတစ်ချက် ဝင်မိသွားကာ ကိုယ် ယင်ယင်ဆီ Line ကနေ စာ လှမ်းပို့လိုက်မိပြီ။
ခဏကြာ ယင်လဲ ကိုယ့်စာ မြင်သွားပြီး ယင်က
"အင်း ဖူ ပြောလေ...
ဖူတို့များ သူ့ ချစ်ချစိကြီးနဲ့ အဆင်ပြေသွားတည်းက ယင့်ကို စိမ်းကားနေတာနော်..." ဟု ကိုယ့်ကို လှမ်းစတော့ ကိုယ်လဲ"သာယာနေတာ မဟုတ်ပါဖူး ယင်ရယ်...
ရုံးမှာ Project အသစ်တစ်ခု
ထဲ မဲနှိုက်ရွေးတာ ကိုယ်ပါသွားလို့ အဲ့အတွက် ဆရာတစ်ယောက်ဆီမှာ လေ့လာနေရတာ ယင်ရေ...
ဝပ်တောင် စကားပြောရင် အဲ့ကိစ္စချည်း ပြောနေလို့ နေ့လည်ကတင် ဝပ်တို့ရှေ့ရေးလေး ဘာလေးများ မဆွေးနွေးတော့ဖူးလား ဆိုပြီးဖြူကို ဒေါခွီးသွားတယ် ယင်ရေ...
ဝပ်ပြောမှ ဖြူတို့ ရှေ့ရေးဆိုလို့ ကိုယ်အခု စဉ်းစားပြီးခေါင်းခြောက်နေတာ...
ဝပ်များ အဲ့ဖက်မှာ ထူးခြားမှူရှိလို့များလား တွေးမိပြီး ယင့်ဆီ မေးကြည့်မလို့" ဟု ပြောလိုက်မိသည်။ယင်က"အင်း ဖူ ရေ ဝပ်ရဲ့အဲ့အစီအစဉ်က အခုမှ တော့ မဟုတ်ဖူး...
သူအရင်ထဲက စီစဉ်ထားတဲ့ သူ့ရဲ့ Plan တစ်ခု ဖူရေ...
ဝပ်က ဖူကို မပြောသေးပဲ ယင် ပြောလို့ မကောင်းဖူး... ဝပ်ပြော အောင် ဖူ စောင့်လိုက်နော်" ဟု ပြန်ဖြေပါသည်။ယင် ပြောမှ ကိုယ်လဲ ခေါင်းထဲ ဝပ်ရုံးမှာ အကို တစ်ယောက်နဲ့ တခါ ပြောတာ ပြန်သတိရသွားကာ"အား..ဖြူ မှတ်မိပြီ ယင်ရေ...
ဝပ် Europe ဖက်က Electrical companyတစ်ခုမှာ အလုပ်ရဖို့ ကြိုးစားမယ် ပြောတာများလား..." ဟု မေးတော့ ယင်လဲ
VOUS LISEZ
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...