အပိုင်း၁၆
ကိုယ်သည် ထိုင်းနှင့် ရေစက်ပါသူဟု ဆိုရမည်ပင်။
ကိုယ် ဒုတိယအကြိမ် ထိုင်းကို ရောက်ခဲ့ပြန်ဖို့ အကြောင်းဖန်လာခဲ့တယ်လေ။
ဆရာက ကိုယ့်ကို တွေ့တိုင်း ငါ့သမီး ကျောင်းဆက်တက်ပါဟု အမြဲ စည်းရုံးတိုက်တွန်းသော်လည်း ကိုယ်က
"သမီး မြန်မာနဲ့ မခွဲနိုင်ဖူးဆရာ၊ သမီး လုပ်နေတဲ့ ပရဟိတကိစ္စတွေလဲ သမီး မထားခဲ့ချင်ဖူး၊ သမီး အသက်ကြီးလာလို့ ပိုက်ဆံရှိရင် သမီးလေ ဘိုးဘွားရိပ်သာလေးဆောက်ပြီး နေဝင်ချိန် ဘေးနားမှာ ဘယ်သူမှ မရှိကြတဲ့ အထီးကျန်အားငယ် နေရှာတဲ့ အဖိုးအဖွား တွေကို ပြုစုပြီး နေပေးချင်တာ ဆရာ၊ ပြီးရင် သမီး ဘဝ အတွေ့အကြုံတွေကို စာပြန်ရေးပြီး လူတွေကို စိတ်ဓာတ်ခွန်အား ပေးချင်တယ်" ဟု ပြန် ပြော ငြင်းခဲ့သည်သာ။ ဆရာက ဒီတခါတော့ အမြဲ ငြင်းနေတဲ့ ကိုယ့်ကို
"သမီးရဲ့ လူအများအကျိုးပြု လုပ်ငန်းတွေ လိုက်လုပ်နေတာ ဆရာ ဝမ်းသာ ဂုဏ်ယူလို့မဆုံးဖူးကွယ်၊ ဆရာ သမီး ကို ပို သံယောဇဉ်တွယ်၊ ချစ်ခင်မိစေတာလဲ သမီးရဲ့ ရိုးသားပွင့်လင်းမှူ၊ အများအကျိုးဆောင်ချင်တဲ့ စိတ်စေတနာကောင်း၊ မိမိ သိထား တတ်ထားတာကို သူများကို ပြန်လည် သင်ပေးချင်တဲ့ စိတ်ပဲ သမီး။ သမီး သူများကို ကူညီဖို့ဆို သမီးမှာ သူများနဲ့ မတူတဲ့ Power ရှိရမယ်။ သမီး ပို ပညာတတ်၊ အသိကြွယ်ရင် သမီး လောက ကောင်းကျိုး ပိုလုပ်နိုင်မှာ မဟုတ်ဖူးလားသမီး။ ဥပမာကွာ ဆရာ ပြောမယ်... သမီး မိဘမဲ့ ကလေးကျောင်းတွေ လှူတယ် ဟုတ်ပြီ သမီး သူတို့ကို အမြဲ အဲ့လိုပဲ လှူနေရင် အဲ့ဒါ ရေတိုစီမံကိန်းပဲ သမီး။ လူတစ်ယောက်ကို တစ်ကယ်ချစ်တယ် သူ့ကို ကောင်းစားစေချင်တယ်ဆို အဲ့လူကို သူများကို မှီခိုခြင်းမရှိပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်န်ိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရမှာ သမီး။ အဲ့ဒါဆို သမီးက အဲ့ကျောင်းတွေကို လှူသင့်သလောက် လှူပြီး သူတို့ လေးတွေကို လက်မှုပညာသော်လည်းကောင်း သူတို့ စိတ်ဝင်စားတဲ့အရာမှာ ပိုထူးချွန်အောင် ဆရာ့သမီးက ကူညီပေးရမှာလေ ... ဆရာ ဆိုလိုချင်တာ သမီး သဘောပေါက်လား" ဟု ဆရာသည် စိတ်ရှည်လက်ရှည် ကိုယ်လက်ခံလာ အောင် ပြောပါတော့သည်။ ဆရာ့ဆီက အဲ့စကား ကြားပြီးကတည်းက ကိုယ်လဲ ခဏခဏ စဉ်းစားမိသည်။
ကိုယ်သည် ကိုယ်ချစ်သောမြန်မာနိုင်ငံကို ပိုတိုးတက်စေချင်မိသလို ကိုယ်တို့ရဲ့ မျိုးဆက်သစ် လူငယ် တွေကိုလဲ ကိုယ်တို့ထက် အဆပေါင်းများစွာ တော်စေတတ်စေချင်သည် မဟုတ်လား။ ဒီတော့ ကိုယ် ပိုတော်ရမယ်ဟု တွေးမိကာ ဆရာ ကိုယ့်အပေါ်သုံးသပ်ချက်ကို လက်ခံမိတော့သည်။
ကိုယ် ကျောင်းဆက်တက်ဖို့ဆို ကိုယ် ပထမဆုံး လိုအပ်တာက English skillsပဲ ဖြစ်သည်။
ကိုယ်သည် English ကို သေသေချာချာ ဆရာတစ်ယောက်ဆီမှာ တခါမှ မလေ့လာဖူးဖူး။
ကျောင်းအတန်းက သင်သော Textbook ကို သာ လေ့လာခဲ့ဖူးသလို တက္ကသိုလ် ရောက်တော့လဲ Englishကို ကျက်သည့်အဆင့်ဖြင့်သာလေ့လာမိသူလေ။
တည့်တည့်ပြောရရင် Essay တစ်ပုဒ်တောင် ဖြောင့်အောင် မရေးတတ်ခဲ့ဖူး။
ကိုယ် English လေ့လာမယ်ဆိုပြီး သင်တန်းတစ်ခုအပ်ခဲ့ပေမယ့် ကိုယ့်ရဲ့များလှစွာသော ရုံးအလုပ်၊ ပရဟိတကိစ္စ များရှိ နေတော့ ကိုယ်တိုင် ပြန်လေ့လာချိန် နဲခဲ့တယ်။
ဒါကြောင့်လဲ ကိုယ်လိုချင်သလောက် English score မကောင်းခဲ့ဖူး။
ဒီတော့ ဆရာ မျှော်မှန်းသော ဂျပန်, Singapore ကျောင်းများကို မလျှောက်နိုင်ပဲ ကိုယ့်အမှတ်နဲ့ကိုက်ညီသော ထိုင်းနိုင်ငံရှိအလယ်အလတ်အဆင့် တက္ကသိုလ် ကိုသာ လျှောက်နိုင်ခဲ့တယ်။
ကိုယ် ကျောင်းဝင်ခွင့်ရတာလဲ သူများထက် ပိုကံကောင်းခဲ့တယ် ပြောရမလားပါပဲ။တစ်ခြားသူများကျောင်းလျှောက်ကြလျှင် အနဲဆုံး သုံးလေး ကျောင်းကြိုးစားလျှောက် ပြီးမှ ရကြပေမယ့် ကိုယ်သည် ဒီကျောင်းကို ပထမဆုံးလျှောက်ကြည့်ပြီး တန်းရခဲ့သူ။
ကိုယ် ကျောင်းဝင်ခွင့်ရတဲ့အကြောင်းပြန်စာ mailကို 'မေ'လမှာ သိခဲ့ရပြီး ကျောင်း ပြန်တက်ရမှာ 'ဩဂုတ်'လ ဖြစ်တော့ ကိုယ့်အတွက် ပြင်ဆင်ချိန်ဟာ ၃လသာ ရှိခဲ့တာ။
ဒီလို လိမ်ဖယ်လိမ်ဖယ် ကြောက်ကြောက်လန့်လန့်နဲ့ ကိုယ် ထိုင်းကို ရောက်ခဲ့ပြန်တယ်ပေါ့။
ထိုင်းမလာခင်တည်းက ကိုယ့်ရဲ့ထိုင်းဆရာကို မိတ်ဆက်ပြီး လိုအပ်တာများ မေးမြန်းရင်း ထိုင်းဆရာ နဲ့လဲ ကြိုရင်းနှီးခဲ့တယ်။
ထိုင်းဆရာသည် ကိုယ့်ရဲ့ FB account မှ တဆင့် ကိုယ်လုပ်နေသော ပရဟိတအလုပ်များကို မြင်ကာ ကိုယ့်ကို ငယ်ငယ်လေးနဲ့ အများအကျိုးလုပ်နိုင်သူလို့ လေးစားသဘောကျခဲ့ပြီး ကိုယ့်ကို ရင်းနှီးဖော်ရွေစွာ လေးလေးစားစား ဆက်ဆံခဲ့သူ။
ထိုင်းဆရာသည် ကိုယ် ပထမဆုံး ထိုင်း ရောက်သည့်နေ့မှာပဲ လေဆိပ်အထိ လာကြိုကာ Shopping mall မှာ ကိုယ်လိုအပ်မယ့် ပရိဘေဂပစ္စည်း အကုန် ဝယ်နိုင်ရန် လိုက်ပို့ပေးတော့ တစ်ခြားကျောင်းလာတက်သူတိုင်းက ကိုယ့်ကို အားကျကြရတဲ့အထိ။
တစ်ခုရှိတာက ကိုယ်သည် လူတိုင်းကို ဖားခြင်း၊ မျက်နှာလို မျက်နှာရ လုပ်ပြောဆို ခြင်း မျိုး မဆက်ဆံခဲ့ပဲ ကိုယ့်ရဲ့ ပင်ကိုစိတ်နဲ့သာ လူတွေကို တကယ်ကောင်းပေးခဲ့
သူပါ။
ကိုယ်သည် ရောက်လေရာအရပ်မှာ ကိုယ့်ကို လေးစားသဘောကျ ချစ်ခင်သူ ပေါသလို ကိုယ့်ရဲ့အဲ့အချက်ကိုပဲ လူတစ်ချို့သည် လုံးဝ မနှစ်မြို့ကာ ရန်လိုတိုက်ခိုက်ကြခြင်းလဲ အမြဲခံခဲ့ရပါသည်။
ကိုယ့်ရဲ့ လိုအပ်ချက်ကြောင့်လဲပါမည်ထင်ပါသည်။ကိုယ်ကလဲ ကိုယ် ကောင်းကောင်းစားရ နေရ ဝတ်ရ လေ့ရှိတိုင်း သူများကို ကောင်းစေချင် ဝတ်စေချင် ကာ အမြဲ ပြောပြတတ်မိတာကြောင့်လဲ တစ်ချို့က ကိုယ့်စေတနာကို နားမလည်ကာ ပို မုန်းခြင်းဖြစ်နိုင်သည်။တစ်ခါတစ်ရံတော့ ကိုယ့်ကိုဆို အများက ဘယ်လို ကောင်းပေးတာကို ကြွားချင်စိတ်လဲပါသလို သူတို့ရဲ့ ကောင်းခြင်းကို အသိအမှတ်ပြုချင်စိတ်ကြောင့်လဲ ပြောပြမိသည်သာ။
ကိုယ်သည်လဲ အရာအားလုံးပြည့်စုံ တော်သူ မဟုတ်ပါဖူး။ ကိုယ့်မှာလဲ အားနဲချက်များစွာ ရှိသလို ကိုယ့်ရဲ့အားနဲချက်ကိုလဲ ထုတ်ဖော်ပြောရဲသူလဲဖြစ်တယ်။ဒီတော့ ကိုယ်သည် တစ်ချို့အမြင်မှာ လူထူးလူဆန်း၊ လူတစ်မျိုး ဖြစ်နေနိုင်ပါသည်။
(မိဖြူသည် ထပ်မံပြီး ဆရာကောင်းနှင့် ကြုံတွေ့ခဲ့ပါသည်။ထိုင်းဆရာ၏ တင်းကြပ်သော သံမဏိစည်းကမ်းများအောက် မိဖြူဘယ်လောက် ထွန့်ထွန့်လူးကြိုးစားခဲ့ရ ငိုခဲ့ရလဲဆိုတာ သိချင်ကြပါသေးလားရှင့်။ မသိချင်ရင်တော့ ကျော်ပါမည်။)
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...