part-6

103 5 0
                                    

နှောင်ကြိုးမဲ့သော
အပိုင်း၆

ဝပ်က ကိုယ့်ကို သိပ်အတ္တကြီးတဲ့ မိန်းမတစ်ယောက်အဖြစ် ဝပ်သတ်မှတ်မလား။ဒါမှမဟုတ် အချစ်ထက် မိသားစုကို ပိုချစ်သူလို့ပဲ ပြောချင်မလား  လို့ ခဏခဏ တွေးကြည့်မိဖူးတယ်။ဝပ် ဘယ်လိုပဲ ပြောပြော ဘယ်လမ်းကိုပဲရွေးချယ်ရွေးချယ် ကိုယ် ဝပ်ကို အပြစ်တင်မှာ မဟုတ်ပါဖူး။

ကိုယ့်အတွက် တစ်သက်မှာတစ်ခါသာ ချစ်ဖူးတဲ့အချစ်နဲ့ ဝပ်ကို ချစ်ခဲ့မိသလို ဝပ်ကို ကိုယ့်ဘဝအတွက် လက်တွဲဖော်အစစ်အမှန်လို့လဲ ယုံကြည်မျှော်လင့်ပြီး မဖြစ်နိုင်မှန်းသိတာကို တွဲခဲ့မိတဲ့ ကိုယ်ကပဲ မှားသလား လူမှူအဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံတွေကပဲ လွဲခဲ့သလားဝောာ့ ကိုယ် မတွေးနိုင်ခဲ့ဖူးကွယ်။

ကိုယ့်စိတ်ထဲမှာ ဝပ်မြန်မာကို လိုက်လာလို့ ကိုယ်ပျော်ရွှင်ရတဲ့ အချိန် ခဏတာလေးကိုပဲ ထွေးပွေ့ပိုက်ထားမိပြီး အပြင်မှာတော့ ကိုယ် ဝပ်လက်ကို ဖမ်းဆုပ်ပိုင်ခွင့်မရှိတဲ့ မြန်မာမိန်းကလေးတစ်ယောက် သမီးလိမ္မာလေးတစ်ယောက်အဖြစ်ပဲ ကိုယ်ရွေးချယ်ခဲ့တယ်။

ကိုယ် မေမေတို့ကို ကတိပေးခဲ့မိတဲ့အတိုင်း ဝပ်ကို လုံးဝ မဆက်သွယ်ခဲ့သလို ဝပ်ဖက်ကလဲ ကိုယ့်ကို ယုံကြည်နားလည်ပေးစွာ တခါမှ ကိုယ့်ဆီ မဆက်သွယ်ပေးခဲ့တာကိုလဲ ကိုယ် ဝပ်ကို လေးစားသဘော ကျမိတယ်။ကိုယ် လူရွေးမမှားခဲ့လို့လဲ ကိုယ့်ကိုကိုယ် ကျေနပ်နှစ်သိမ့်နိုင်ခဲ့ပြီး အဲ့လူကို ကိုယ်ပိုင်ဆိုင်ဖို့ အခွင့်အရေးမရှိခဲ့တာကိုလဲ ကိုယ်ရင်နာမဆုံးပါဖူး။

ကိုယ်နဲ့ ဝပ် အဆက်အသွယ်ပြတ်တာ ငါးလ ကျော်တဲ့ နေ့မှာ ဝပ်ဆီက မြန်မာစကား မပီ့တပီ voice message လေးလက်ခံရခဲ့တယ်။

ဝပ်က ကိုယ့်ကို လက်မလျော့ပဲ ပခုထိ သူလုပ်နိုင်တဲ့ဖက်က ကြိုးစားနေတယ်ဆိုတာ သိလိုက်ရတော့ ရင်ထဲ နွေးခနဲ ပါပဲ။

အဲ့ voice message လေး ကြောင့် ကိုယ်နဲနဲ အရဲစွန့်ကာ ကိုငယ့်ကို မျက်ရိပ်ပြပြီး အိမ်က လူကြီး တွေ ကြားအောင် ဝပ်မြန်မာစကားသင်နေကြောင်း ပြောကြည့်လိုက်မိသည်။

ဘယ်သူကမှ အရေးတယူ ထူးထူးခြားခြား  တုံ့ပြန်မှုမရှိကြပဲ အဖိုးကတော့

"အေး ကောင်းတာ‌ ပေါ့ ငါ့ မြေးရ...
လူ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ရာ သူတို့ရဲ့ဘာသာစကားတတ်ဖို့ လိုသလို ယဉ်ကျေးမှုတွေ လေ့လာထားတော့ ပိုရင်းနှီးတာပေါ့...
အခုထိ ငါ့ မြေး မဆက်သွယ်တာတောင် သူ လက်မလျော့ပဲ ကြိုးစားနေတယ်ဆိုတော့ ဒါ ယောကျာ်းကောင်းတစ်ယောက်ရဲ့ကြန်အင်လက္ခဏာ တွေပဲပေါ့...
သူ စကားကျွမ်းရင် အဖိုးဆီ ဖုံးခေါ် ဆက်သွယ်နိုင်တယ် ပြော လိုက်..." လို့ အားပေးထောက်ခံပါသည်။

အဖိုးစကားကြောင့် အားတက်မိပြီး ကိုယ် စကားဆက်ဖို့ ဟန်ပြင်နေစဉ်မှာပဲ အဖွားက

"ဒီအဖိုးကြီး အသက်ကြီး လို့ ဦးနှောက်ပျက်သွားပြီထင်ပအေရယ်...
ဘယ်လို စိတ်ကူးနဲ့များ ကျုပ်တို့ မြေးအဖိုးတန်လေးကို နိုင်ငံခြားသွေးရောစပ်ဖို့ ခွင့်ပြုနိုင်သလဲတော်ရေ...
ကျမကတော့ဖြင့် ဘယ်တော့မှ သဘောတူမှာ မဟုတ်ဖူးဆိုတာ ကြိုပြောပြီးသား...
အေး အဲ့ဒါကို မှဒီဖွားအေကြီး စကား နားမထောင်ပဲ မိုက်လုံးကြီး လို့ကတော့ မိဖြူ ညီး ကို ကျုပ် မြေးအဖြစ်က စွန့်လွှတ်ပြီသာမှတ်အေ..." ဟုတခါတည်း အပြီးသတ် ပိတ်လိုက်တော့လဲ ကိုယ် သက်ပြင်းတချက်ချမိပြီး  အဖွားနား ဒူးထောက်ထိုင်ချမိကာ

"ဟုတ်ကဲ့ပါ အဖွား...
ဖြူ အဖွားတို့ စကား ဘယ်တုံးက ပယ်ရှားဖူးလို့လဲ အဖွားရယ်...
ဖြူ အဖွားတို့ စိတ်မချမ်းသာစေတဲ့ အလုပ်မျိုးကို အဖွားတို့ နောက် ကွယ် မှာပါ လုပ်မှာ မဟုတ်လို့ ဖြူ့ကို ယုံကြည်ပေးပါ" ဟု ပြောလိုက်ရတော့သည်။အဖွားက သူ့ရဲ့တုန်ချိနေသော လက်ကလေးဖြင့် ဖြူ့ခေါင်းမှ ဆံပင်လေးတွေကို ပွတ်သပ်ပေးပြီး

"အဖွားမြေးမ လိမ္မာတာ အဖွားက သိပြီးသား ယုံကြည်ပတော်...
အဲ့မို့လဲ အဖွားက အခုထိ ငါ့မြေးမလေးအဖွားရင်ခွင်ထဲ လာနေရင် စိတ်အချမ်းသာရဆုံးပဲအေ...
ငါ့မြေးရေချိုးပေး၊ သနပ်ခါးလိမ်းပေးတိုင်း ကျုပ်မယ် ပီတိတွေ ဖြစ်ကြည်နူးနေမိရပတော်..." ဟု ပြောရှာပါတော့သည်။

ကျူးလစ်ဝှိုက်

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now