part - 12

84 5 0
                                    

နှောင်ကြိုးမဲ့သော(ဒုတိယတွဲ)
အပိုင်း ၁၂

ကိုယ် ညက ‌အိပ်တာ နောက်ကျ တော့ ဒီနေ့ ထင်သည့်အတိုင်း ရုံးနောက်ကျပါပြီ။
ကိုယ့်မယ် အမေပြင်ပေးသည့် မနက်စာတောင် မစားနိုင် taxiနဲ့ အမြန် ရုံးလာခဲ့ရတယ်။
အစည်းအဝေးသာ ပြီးသွားတာ ကိုယ်ဘာမှ မမှတ်မိပဲ ငိုက်နေမိတာ။

ကိုယ့်ရုံးခန်းထဲလဲ ရောက်ရော လူက အိပ်ချင်စိတ်မပြေသေးလို့ သန့်စင်ခန်းဖက် ထွက်လာရင် မျက်လုံးကျယ်အောင် ပါးနှစ်ဖက်ကို လက်ဝါးဖြင့် ပုတ်လိုက် လိမ်ဆွဲလိုက် လုပ်ရတော့တယ်။ပါးစပ်ကိုလဲ အကျယ်ကြီးဟကာ မျက်စိပြူးကြည့်လုပ်ရင်း မှန်ထဲမှ ကိုယ့်ပုံကို ကြည့်ကာ ရီလဲရီချင်မိနဲ့ ကမ္ဘာ့အလေးဆုံး မျက်ခွံ ကို ပိုစ့်အမျိုးမျိုးလုပ် ဆန့်ကျင်ရသည်။

သန့်စင်ခန်းထဲမှာ တစ်ယောက်တည်းပဲမို့ ကိုယ်မှန်ရှေ့ရပ်ကာ အော်စကာဆုရ မင်းသမီးတစ်ယောက်ရဲ့ သရုပ်ဆောင်ချက်လို ကိုယ့်ရဲ့မျက်နှာကို ပြုံး၊မဲ့၊ရှုံ့၊ဆူ၊ငို လုပ်ကြည့်‌ရင်း အင်း ဒီအချိန်သာ ကမ္ဘာကျော် မင်းသမီးတစ်လက်များ ကိုယ့်ဘေးနားရှိရင် "Wow baby you are so talent in acting" ဟု ပြောမလား။(ကိုယ် မင်းသမီး လုပ်ရင် Hollywood အထိကျော်ကြားနိုင်တယ်။ Parapareze ရန်ကို ကြောက်လို့ မင်းသမီး မလုပ်တာပါရှင့်)။
ကိုယ့်ဖာသာ သန့်စင်ခန်းထဲ ၁၀မိနစ်လောက် အရူးထလိုက်မှ မျက်စိ ကျယ်သွားတော့တယ်။ကိုယ်လဲ အခန်းထဲ ရောက်ရော ဘေးနားက မစုက ဆရာ ဖြူကို ရှာနေတယ်။ဆရာ့ရုံးခန်းလာဖို့ ပြောသွားတယ် ဟု ဆီးပြောတာမို့ ကိုယ်လဲ ဆရာ့ရုံးခန်းဖက် ထွက်ခဲ့လိုက်သည်။

ဆရာ့ဆီရောက်တော့ အခန်းတံခါး‌ခေါက်ပြီး တံခါးတွန်းဝင်လိုက်မိရာ ဆရာ ဖုန်းပြောတာနှင့် ကြုံလို့ အခန်းအပြင်ဖက် ပြန်ထွက်ရတော့တယ်။

အခန်းအပြင်မှာ တစ်ယောက်တည်း အပြင်ဖက် ငေးကြည့်နေရင်း ဝပ်အကြောင်းခေါင်းထဲရောက်လာတော့ လူက ဝမ်းနဲလာသလိုလိုနဲ့ မျက်ရည်ကျခင်သလိုလို ဖြစ်လာလို့ အမြန်ထိန်းလိုက်ချိန် ဆရာ့ဆီက "မိဖြူ ဝင်ခဲ့" ဟု လှမ်းပြောလို့ အခန်းထဲ ဝင်လိုက်ရသည်။ဆရာက

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now