နှောင်ကြိုးမဲ့သော
ဇာတ်သိမ်းပိုင်း
ကိုယ်သည် ဒီနေ့ စာမေးပွဲဖြေပြီး၍ စိတ်လက်ပေါ့ပါးစွာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆရာထံ ခွင့်တောင်းကာ စောစော အစောင်ပြန်ခဲ့ပါသည်။ကိုယ်တို့ အဆောင်သည် ကျောင်းမှ တစ်မှတ်တိုင်ပဲ ဝေးပါသည်။
ကျောင်းရှေ့ ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် messageသံကြား၍ ဖွင့်ကြည့်မိရာ ဆရာ့ဆီမှစာဖြစ် နေသည်။စာက
"ဖူ ငါ မင်းကို လုပ်ရမယ့် အိမ်စာ mail ပို့ထားတယ်။ ၂ရက်အတွင်းလုပ်ပြီး ငါနဲ့ discussလုပ်ပါ" ဟူ၍။
ကိုယ့်မှာ ကိုယ့်ဆရာရဲ့ အလုပ်ခိုင်းမှူကို လက်ဖျားခါရလောက်အောင် ထိတ်လန့်မိလာသည်။အခုတင် စာမေးပွဲပြီးသောတပည့်ကို တစ်ရက်တောင် နားခွင့်မပေးပဲ နောက်အလုပ်တစ်ခုခိုင်းနိုင်တဲ့ဆရာသည် ဖူ ကြီးပြင်းလာသောသက်တမ်းတွင် ဒီဆရာတစ်ယောက်ပဲရှိတာပါရှင်။
ဒါနဲ့ပဲ အဆောင်ပြန်ရောက်တော့ ကိုယ်ထိုင်းရောက်ကတည်းက ဆက်သွယ်မရ ဖုန်းမကိုင်သော ကိုယ့်ရဲ့ဆရာအဖေ(မြန်မာ) ကို ဖုန်းဆက်ရမယ်ဟု တွေးကာ ဖုန်းခေါ်မိပါသည်။
စိတ်ထဲမှလဲ ဆရာအဖေ နေမကောင်းလို့ပဲ ဖုန်းမကိုင်တာလား ကိုယ်စာလုပ်ပျက်မည်စိုးသောကြောင့်ပဲ မကိုင်သလားတွေးနေမိတာ။
ဆရာအဖေ ဖုန်းလုံးဝမကိုင်တာနဲ့ ကိုယ်လဲ ခဏနား ရေချိုးကာ ဆရာ့ mailကို ဖတ်ပြီး ဆရာခိုင်းထားသမျှ တွေ ထပ်စဉ်းစားအဖြေရှာနေမိသည်။
ဒီလိုနဲ့ ထိုညက စာကြည့်ရင်း စာကြည့်စားပွဲပေါ်တွင်ပဲ အိပ်ပျော်သွားကာ တစ်ရေးနိုးတော့ မနက် ၄နာရီပင်ရှိပြီ။ကိုယ်လဲ ထပ်အိပ်ချင်သေးသည်မို့ ကုတင်ပေါ်ပြန်ရွှေ့ အိပ်နေမိသည်။
နောက်ရှစ်နာရီနေတော့ ဖုန်းလာတာကြားသည်မို့ မနက်ခင်းကို ဖုန်းဆက်တာ ဘယ်သူပါလိမ့်ဟု တွေးကာ အိပ်ရာမှ ထကာ ကိုင်လိုက်မိသည်။တစ်ဖက်မှ
"ဟဲလို ဒီဖုန်းက ညီမလေး ဖြူရဲ့ ဖုန်းနံပတ်လား ခင်ဗျ...
ကျွန်တော်ဆရာ့ညီပါဗျ...
ဆရာက ဖြူ့ဆီ ဖုန်းဆက်ခိုင်းလို့ဗျ...ဒါပေမယ့် ဆရာက သူ့ရောဂါအခြေအနေတော့ မပြောခိုင်းဖူး..ဒါကြောင့် အခု ဆရာမနိုးခင် ဖြူ့ ဆီ ဆက်လိုက်တာ... ဆရာက ဖြူ...သွားပြီး သိပ်မကြာ အကြောတွေတက် ခေါင်းခဏခဏ မခံမရပ်နိုင်အောင်ကိုက်ဖြစ်လို့ ဆေးရုံမှာပြ စစ်ဆေးလိုက်တော့ ခေါင်းမှာ အကြိတ်တွေ့တယ်ဆိုပြီး အဲ့အကြိတ်ခွဲပြီး အသားစကို စစ်တော့ ကင်ဆာ ဖြစ်နေတာပါ ဖြူ...အခုကင်ဆာဆေးသောက်နေရတယ်ဖြူ...အရေးကြီးတာက ဆရာ့စိတ်ပါ...အခုဆရာက အရမ်းစိတ်ဓာတ်ကျပြီး အားငယ်နေတာ ဖြူရေ...ဆရာ့မိသားစုကို ဆက်သွယ်မရဖူး...ဆရာ စိတ်ကို ပြန်အားပေးဖို့ ဖြူ ဆရာ့ကို တိုက်တွန်းပါဦးနော်..." ဟု ပြောတော့လေ ကိုယ့်မှာ ချက်ချင်းပင် ဆရာ့ဆီ ပြေး တွေ့ ပြုစုချင်စိတ်ဖြစ်သွားတာ။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...