part - 10

98 2 1
                                    

နှောင်ကြိုးမဲ့သော ဒုတိယတွဲ
အပိုင်း ၁၀
ကျွန်တော် မြန်မာပြန်ရောက်သည့်အခါ အလုပ်လုပ်ရာတွင် များစွာ အဆင်မပြေဖြစ်ခဲ့ရပါသည်။

ကျွန်တော် နိုင်ငံပေါင်းများစွာမှာ အလုပ်လုပ်ခဲ့ဖူးတော့ ကျွန်တော့်မှာ  အချိန်လေးစားမှူ၊ အလုပ်နှင့် ပတ်သတ်လျှင် တိကျမှူ၊ ပြဿနာတစ်ခုပေါ်လာလျှင်ရေတိုစီမံကိန်းထက် ရေရှည်စီမံကိန်းကို အသေးစိတ် ဆွေးနွေးအဖြေရှာတတ်ခြင်း၊ teamwork ဖြင့် ညှိနှိုင်း ဆွေးနွေး အဖြေရှာလျှင် မည်သူ့ကိုမျှ အားမနာတတ်ပဲ မှန်ရာကို တိတိကျကျ ‌တင်ပြတတ်တဲ့ အကျင့်ရှိသည်။

ကျွန်တော်တို့ မြန်မာများသည် အားနာသင့်သည့်ကိစ္စ ဆို အားမနာပဲ မေးတတ်ကြတယ်။ ဥပမာဆိုရင်ဗျာ- သူများ ကိုယ်ရေးကိုယ်တာကိစ္စ များကို ချစ်ခင်လွန်းသည်ဆိုပြီး ဝင်စွက်ဖက်ခြင်း၊ သူများ မသိစေချင်သည့်ကိစ္စများဆိုလဲ မရ ရအောင် လိုက်မေးမြန်း စပ်စုခြင်း၊ သမီးရီးစားပြတ်သွားလျှင်လဲ အားမနာတမ်း‌ ဘာလို့ ပြတ်သွားလဲမေးကြခြင်း၊ ယောကျာ်းမယူသေးလျှင်လဲ မယူသေးလို့  ဝိုင်းစကြခြင်း၊ ယူပြီးသူများလဲ ကလေး မယူသေးဖူးလား ပြောကာ အတင်းကလေး ယူခိုင်းကြခြင်း၊ ကိုယ့်အကြောင်းကိစ္စထက် သူတပါးအကြောင်းများဖြင့်သာ အချိန်ကုန်ခံခြင်း...)။

အားမနာသင့်သည့်ကိစ္စ ဆိုသည်မှာ- ဒီလူနဲ့ခင်လျှင် ဒီလူ ဘာလုပ်လုပ် ကောင်းတယ်ဆိုပြီး အားပေးကြခြင်း(ဘာပြိုင်ပွဲမဆို ကြည့်ပါ တကယ် ထ်ိုက်တန်သည့်လူကို ရွေးခြင်းထက် ကိုယ်နှင့် အဆင်ပြေသည့်သူကိုသာ ဝိုင်းအားပေးကြခြင်း)၊တစ်ခုခု ဆုံးဖြတ်ခါနီးလျှင် ဟိုလူ့အားနာ ဒီလူ့အားနာဖြင့် မပြတ်သားကြခြင်း၊ ကောင်းတာလုပ်မည်ဆိုလျှင်  သူငယ်ချင်း ကို စောင့်နေတာဟု အားနာ သဘောကောင်းပြကြပြီး အရေးကြီး အလုပ်လုပ်ရမည့်အချိန်တွင် သူငယ်ချင်းများမှ အရေးမပါသည့်ကိစ္စ လုပ်ဖို့ လာခေါ်လျှင် အားနာပြီး လိုက်သွားခြင်းတို့ဖြစ်သည်။

အမှားလုပ်သည့်အခါတိုင်းလဲ အများမိုးခါးရေသောက်သလို လိုက်သောက်သည်ဟု  မိမိကိုယ်ကို ကာကွယ် ပြောဆိုကြပြီး အမှန်တရားကျ မိမိနှင့်မဆိုင်သလို ရေငုံနှုတ်ပိတ်နေတတ်ကြသူများ ဖြစ်သည်။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now