အပိုင်း ၁၄
ဝပ် စိတ်က တစ်ခြားအရာများနှင့်ကြုံတွေ့လျှင် စိတ်မာ ပြတ်နိုင်သလောက် သူမနဲ့ ဆိုလျှင် အရာရာ စိတ်ပျော့အကြင်နာပိုကာ အရှုံးပေးချင်စိတ်ကို မနဲ တင်းခံထားရတာ တော်တော်တော့ မလွယ်ဖူးဗျ။
ဝပ် ချစ်မြတ်နိုးရသော ဒီအနှီ မိန်းကလေးရဲ့ အတွင်းပိုင်း စိတ်သဏ္ဍာန်သည် နူးညံ့သိမ်မွေ့သလောက် ခံယူချက် လောကနီတိတို့နှင့် ပတ်သတ်လာလျှင် ကျောက်စိုင် ကျောက်သားလို မာကြောခက်ထန်လွန်းတဲ့ သူမကိုမှ ချစ်မိတဲ့ ဝပ်။
အဲ့ကြောင့်ပဲ ဝပ် သူမကို
ပိုသဘောကျ လေးစား
မြတ်နိုးတန်ဖိုးထားခဲ့မိတာလား တော့မသိပါ။
သူမဟာ ဝပ် နိုင်ငံခြားထွက်တော့လဲ ဝပ်ကို လုံးဝ မတားခဲ့သလို သူမ ဘဝမှာ ဝပ် မရှိလဲ နေနိုင်တဲ့ပုံစံ အမြဲ ပြုမူ နေတတ်လွန်းလို့ ဝပ် သူမကို ခဏခဏ အားမလိုအားမရဖြစ်ကာ ဒေါသထွက်ရတာ အကြိမ်ကြိမ်။
အဲ့အချက်ကပဲ ဝပ် မာနကို ပိုထိစေခဲ့ပြီး သူမကို တဖန်ပြန်လည် ဦးချိုးချင်တဲ့စိတ်ကို ထိန်းမရခဲ့သလို သူမကို ဝပ် ထားခဲ့နိုင်တဲ့ သတ္တိတို့ မွေးဖွားသွား စေတယ်ဗျ။
ငုပ်လျှိုးနေသော ဝပ်ရဲ့
ယောကျာ်း မာနတရားအစုံသည် ခေါင်းထောင်လာပြီး သူမ
အပေါ် ရက်စက်တတ်လာအောင် ဦးဆောင် စေခိုင်းနိုင်ခဲ့တာ။
ဝပ်ရဲ့ မာန က သူမကို လုံးဝ ဆက်သွယ်ဖို့ မလုပ်တော့သလို ဝပ်အကြောင်းလဲ သူမ ဘာတစ်ခုမှ မသိရလေအောင် ဝပ် လုပ်နိုင်သွားပြီး ဝပ် အလုပ်ကိုပဲ ပို ကြိုးစားနေမိကာ ဝပ်တစ်ယောက်တည်းရှိတဲ့ ကိုယ်ပိုင် ကမ္ဘာတစ်ခု လေးမှာ ဝပ် ပျော်အောင် နေနိုင်တတ်လာပြီ။
ထိုသို့သော ဝပ်ရဲ့သီးခြား ကမ္ဘာထဲကို အမှတ်မထင် ထပ်ရောက်လာခဲ့တာ 'နစ်' ဆိုတဲ့ ဥရောပမှာ ကျောင်းလာတက်တဲ့ ထိုင်း ကျောင်းသူ လေးတစ်ယောက် ပေါ့။
:နစ်' ဟာ သူမ ကျောင်းမှာ
ဥရောပသား တွေရဲ့ ထုံးစံအတိုင်း အာရှကျောင်းသူဆို စိတ်ဝင်စားမှု မြင့်တက်ကြပြီး ဘယ်လိုလဲ ဆိုတာ စမ်းသပ်ချင်ကြတော့ 'နစ်' ကို ချဉ်းကပ်ကြတဲ့ ကျောင်းသား တွေမှ ဒုနဲ့ဒေး။
'နစ်' က စိတ်ထဲ ရှိတဲ့အတိုင်း ပွင့်လင်းစွာနေထိုင်တတ်သလို ဘာကိုမှ မကြောက်၊ လုပ်ရဲ ပြောရဲတတ်သူမို့ ဝပ်သူမရဲ့ထိုပုံစံကို သဘောကျခဲ့သည်။
'နစ်' က ကျောင်းစာ ထက် ရီးစားထား အပျော်ရှာခြင်းနဲ့သာ အချိန်ကုန်နေသူလဲ ဖြစ် တော့ ဝပ် သူမကို ဝပ်ရဲ့ ညီမလေး တစ်ယောက်လို ပြုပြင်ပေးချင်စိတ်ဖြစ်မိတယ်။
'နစ်' က ဝပ် ကို တွေ့ တွေ့ချင်းတွင် အလုပ်အရမ်းကြိုးစားသည့် ခပ်တုံးတုံး
ငွေသုံးနိုင်သည့် အကိုကြီး ဟု ယူဆကာ ဝပ်ကို ပရိယာယ်မျိုးစုံနဲ့ ချဉ်းကပ်ခဲ့တယ်။
နောက်မှသာ ဝပ် ထိုင်းလူမျိုးမှန်းသိကာ နစ် က ဝပ်ကို သူမရဲ့ တစ်ဦးတည်းသော သူငယ်ချင်း အဖြစ်သတ်မှတ်ပြီး ဝပ်တို့ ခင်သွားကြတာ။
နစ်က ဖူထက် ဝပ်ကို ပိုနားလည်ပျော်အောင် လုပ် ပေးနိုင်တော့ ဝပ် သူမကို မချစ်ပေမယ့် ဝပ်ဘဝအတွက် သင့်တော်သူအဖြစ် ရွေးရမလား စဉ်းစားကာ လေ့လာနေမိသည်။
အချိန်တစ်ခုကြာ ခင်မိတော့မှ 'နစ်' ဝပ်ကို ဆက်ဆံပုံဟာ ဟန်ဆောင် ထိန်းချုပ်ခြင်းတို့ပါ နေတယ်လို့ ဝပ် ခံစားမိလာတယ်။
နစ်က ဝပ်ကို အလိုက်တသိ ချစ်ခင်ကြင်နာဖွယ်အမူအရာများနဲ့ ပြုမူဆက်ဆံခဲ့လို့ ဝပ် နစ်အပေါ် ခဏတာ သာယာ တိမ်းမူးရုံကလွဲရင် ဖူ့ နေရာကို အစားမထိုးနိုင်ဖြစ်ကာ နစ်နဲ့တွေ့တိုင်း ဖူ့ကို ပိုသတိရစိတ်ဖြစ်မိသလို ဖူ့ကိုလဲ ပိုစိတ်နာမိလေဖြစ်လေ ပေါ့ဗျာ။
နစ်ရဲ့ ဝပ်ကို ဆက်ဆံမှူဟာ
ရင်ထဲက ဆန္ဒအနဲငယ်ကို
အ ပေါ်ယံသကာရည်လောင်းဆက်ဆံမှူမျိုးလို့ ဝပ် သိလာပေမယ့် ဝပ် က 'နစ်' ကို လက်တွဲဖော်အဖြစ် ရွေးချယ်မှူဟာ နစ် အခြေအနေဟာ ဝပ် လက်ခံနိုင်တဲ့
အနေအထား တစ်ခုကြောင့်ပဲ လေ။
ဝပ် နစ် ကို ဦးနှောက်နဲ့ ရွေးဆုံးဖြတ်ထားတာမို့
ဝပ်တို့ လက်ထပ်ဖြစ်ကြရင်
ဒါဟာ ပြဿနာ မဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင် ညှိနှိုင်း နေနိုင်ကြမယ်လို့ ဝပ် ယုံကြည်တယ်ဗျာ။
ဖူက တော့ ဝပ်အပေါ် ဆက်ဆံရာမှာအမြဲ ဟန်ဆောင် ထိန်းချုပ်မှုမပါ ခဲ့ဖူးဖူး။
သူမ ကျေနပ်ရင် ကလေးတစ်ယောက်လို ပြုံးရီနေပြီး သူမ မကျေနပ်ရင် မျက်နှာရော နှုတ်ခမ်းပါ စူပုတ်မည်းမှောင်နေကာ တိတ်ဆိတ်ငြိမ်ကျသွားတတ်တဲ့ သူမ။
ဖူက ဝပ်ကို သူမရဲ့ ပကတိအတိုင်း တည်ရှိမှူနဲ့သာ ကလေးတစ်ယောက်လို သူမရဲ့ ဖြစ်ပျက်မှု အရာအားလုံးကို အားကိုးတကြီး ဖွင့်ဟတိုင်ပင်လွန်းသူလဲ ဖြစ်သည်။
ဝပ်တောင် ဖူ့ လောက် အလုံးစုံ မပွင့်လွန်း မရိုးသားခဲ့ပေမယ့် ထိုကောင်မလေးကတော့ ဘယ်လို ယုံကြည်မှူ အားကိုးမှူမျိုးနဲ့များ ဝပ်ရှေ့မှာ အရာအားလုံး လုပ်ရဲ ပြောရဲခဲ့သလဲ ဝပ်မ တွေးတတ်ချေ။။
ဝပ် ဥရောပမှာ တစ်နှစ်ကျော်နေလာခဲ့ပြီးနောက်မှာ မြန်မာ့ နွေဦးတော်လှန်ရေး သတင်းဟာ တစ်ကမ္ဘာလုံး အံ့ဩ လေးစားရလောက်အောင် ကျော်ကြားလာခဲ့တယ်။
အဲ့သတင်းကြားတဲ့အခါမှာ ဝပ် ရဲ့ မဟုတ်မခံစိတ်ရှိ သောအမှန်တရား မြတ်နိုးသော မည်သူ့ကိစ္စ မဆို
လက်မရှောင် နေရာတကာ ကူညီချင်လွန်းသော ဝပ်ရဲ့ရင်ထဲက ကောင်မလေးကို စိတ်ပူမိကာ ဝပ့် ဖက်က စ ဆက်သွယ်မိတော့သည်။
ဝပ် ဆက်သွယ်တာက သူမကို စိတ်ပူလို့ သတင်းမေးချင်တာပါ။ဒါပေမယ့် သူမနဲ့တကယ်ပြောဖြစ်တဲ့အခါမှာတော့ 'ဝပ် လက်ထပ်တော့မယ်အကြောင်း' ပြောမိသွားတယ်။
သူမဟာ အရင်အတိုင်း ဝပ်ကို နွေးထွေးစွာ ဆက်ဆံနေပြီး သူမ ကျောင်းဆက်တက်မယ့်အကြောင်းတောင် ပြောလိုက်
ပေမယ့် သူမ ဝပ်ကို
'Congratulations' လို့ တောင် မပြောနိုင် ခဲ့ဖူး။
ဝပ် အပြောကြောင့် သူမ
ဝမ်းနဲ သွားတယ်ဆိုတာ သတိထားမိလိုက်လို့ ဝပ် သူမကို ဆက်မပြောချင်တော့တာနဲ့ ဝပ် ချက်ချင်း နှုတ်ဆက်ကာ လိုင်းဆင်းခဲ့တယ်။
ဝပ် လိုင်းဆင်းပြီး သိပ်မကြာပဲ သူမ ကဗျာလေးတစ်ပုဒ်တင်တာ တွေ့လိုက်ရလို့ ဖတ်ကြည့်မိတော့
"ပျော်ရွှင်ပါစေ ချစ်သူ"
မင်း ထားရစ်ခဲ့လို့
နေခဲ့ရတဲ့ ဘဝမှာ
မင်း ပျော်နေတယ်ကြားရုံနဲ့တင်
ကိုယ်ကျေနပ်နိုင်ခဲ့တယ်...
မေ့နိုင်လို့ နေခဲ့သူ မဟုတ်ပဲ
မင်း အဆင်ပြေဖို့
ကျန်နေခဲ့သူတစ်ယောက်ကို
မင်း ဘာကြောင့် ထပ်ရက်စက်ချင်နေသေးတာလဲ...
တော်ပါတော့ကွာ မင်း ကျေနပ်ပါတော့
ငါ့နှလုံးသားတစ်ခုလုံး မင်းကို ပေးခဲ့ပြီမို့ မင်းဘာကို အလိုရှိနေသေးလဲ....
ကိုယ့်ကိုကိုယ်ထက် မင်းကို
ပိုချစ် ပိုယုံကြည်ပေးခဲ့ခြင်းဟာ
ကိုယ့်ရဲ့ အဆုံးမရှိ မင်းအပေါ် ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းဆိုတာ
မင်း မြင်နိုင်တဲ့ တစ်နေ့ကို
ကိုယ် မျှော်လင့်ခွင့် မရှိတော့တဲ့အခါ
မင်း အတိုင်းအဆမရှိ
ပျော်ရွှင်ပါစေ ချစ်သူ..." တဲ့လေ။
အဲ့ကဗျာလေးဟာ ဝပ်ကို သူမ ဘယ်လောက် ဝမ်းနဲ
နေကြောင်း ခံစားနားလည်နိုင်သွားတယ်။
ဝပ်ဖတ်ပြီး သိပ်မကြာပဲ သူမ post ကိုဖျက်လိုက်တာလား ဝပ်ကို except လုပ်လိုက်သည်လားတော့မသိ post မ တွေ့ ရ တော့ဖူး။
တော်ပါသေး ရဲ့ ဗျာ ဝပ် လိုင်းမဆင်းသေးပဲ သူမ wall ကို ဝင်ကြည့်နေမိသည်မို့သာ။
ထိုကဗျာလေး ကြောင့်ပဲ ဝပ်သူမကို ထပ်ကြွေခဲ့မိရသလို
ဝပ် သူမကို ထပ်ဒဏ်ရာလဲ မပေးချင်တော့ပြီမို့ ဝပ် နစ်နဲ့ ကိစ္စကို အချိန်ယူ စဉ်းစားရပါဦးမည်။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...