နှောင်ကြိုးမဲ့သော
အပိုင်း၈ဖြူ
သူ အဝေးကနေကိုယ့်ကိုအမြဲစိတ်ပူ သတင်း မေးတတ်တယ်လို့ ပြန်မယ့်နေ့မတိုင်မှီတရက်အလိုကျမှကိုယ်သိခဲ့ရတယ်။ကိုယ်ပြန်တော့မှာမို့ နှုတ်ဆက်ပွဲ ရုံးက ကျင်းပတော့ သူ့မမြင်မိတာနဲ့ မနေနိုင်လို့ အကိုတယောက်ကို မေးကြည့်မှ အဲ့အကိုက
"သူက နင့်တော့တကယ်သံယောဇဉ်ကြီးတာပဲ။ငါနဲ့ဆုံတိုင်း အကို သူနားမလည်တာ မသိတာရှိရင် ပြောပြပေးလိုက်ပါဗျာ။သူ့ကို အရမ်းစိတ်ပူမိပေမယ့် သူ့ဖာသာ ရပ်တည်နိုင်လေ သူ့အတွက်ပို အဆင် ပြေတာ မို့ လွှတ်ထားပေးတာ" ဆိုပြီး ငါ့ခဏခဏ ပြောတယ်။
နင်တခုခုအလုပ်ရှူပ် နေရင် သူအဝေးက နေ လှမ်းကြည့်စိတ်ပူနေရှာတာ" လို့ ပြောတော့ ကိုယ့်မယ် သူငါ့ကို မချစ်ခဲ့ရင်တောင် သံယောဇဉ်တကယ်ရှိခဲ့တာပဲ လို့ ဖြေသိမ့်နိုင်ခဲ့တယ်။
ဖုံးဆက်လိုက်တော့ သူတော်တော်နဲ့မကိုင်တာမို့ ကိုယ်လဲ ထပ်မခေါ်ဖြစ်ခဲ့ဖူး။နှုတ်ဆက်တဲ့စာ လေးသာ လှမ်းပို့ဖြစ်ခဲ့တယ်။သူ့ဆီကတော့ ဘာမှ ပြန်မလာခဲ့ဖူး။
သွားမယ့်မနက်ကျ တော့ ကိုယ်သူ့ကိုအရမ်းတွေ့ချင် နှူတ်ဆက်ချင်စိတ် ထိန်းမရခဲ့လို့ ဖုံးထပ်ဆက်မယ်လို့ပြင် နေတုံး ဘဲလ်တီးသံကြားတော့ အပြေးတပိုင်းတံခါးဖွင့်ကြည့်မိ တော့ deliveryသမား ပါဆယ်လာပို့တာ။
သူပဲ ဖြစ်မယ်လို့ ယုံကြည်ပြီး ဖွင့်ကြည့်လိုက်မိတယ်။ပါဆယ်ထုပ်ထဲမှာ ကိုယ်တခါက သဘောကျတယ်ပြောပြီး ဈေးကြီးလို့ထားခဲ့တဲ့ ဆွဲကြိုးလေးရယ် စာတစောင်နဲ့။စာကတော့
"မင်းက ငါ့ ဘဝမှာ ဘယ်တော့မှ မေ့မရမယ့် မိန်းခလေးတယောက်။ပထမဆုံး သော စိတ်အပူရဆုံးသောသူနဲ့ အကျီလက်ခံဖူးသောသူပါ
။မင်း တကယ်ချစ်ပြီး မင်းအပေါ်လဲတကယ်ချစ်မယ့်သူကိုရှာပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတခု တည်ဆောက်နော်။ငါတို့ တွေနိုင်မလား မသေချာပေမယ့် မင်းအတွက်အကူညီ တောင်းစရာလူမရှိတဲ့အခါ မင်းလိုအပ်တဲ့အခါ ရှိနေပေးမယ့်သူ တယောက် အမြန်ဆုံး တွေ့ပါစေ" တဲ့လေ။
DU LIEST GERADE
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...