part - 9

143 8 0
                                    

အပိုင်း ၉
ဖြူ
မြန်မာကို ခြေစချပြီဆိုကတည်းက ကိုယ်အမိမြေကို  ပြန်လာရလို့လားမသိ စိတ်က အလိုလို လန်းဆန်းသွားဝာာ။

ကိုယ်အရမ်းလွမ်းခဲ့သော ဒီမြန်မာပြည်ကို အခု ပြန်ရောက်ပြီမို့ ကိုယ်အရမ်းကြိုက်‌ သော မြန်မာထမင်းဟင်း မြန်မာမုန့်‌ တွေ တဝကြီးစားဖို့ ကိုငယ်ကို စပူဆာပါပြီ။

ထိုင်းမှာ ကတည်းက စားဖို့ကြိမ်းဝါးထားတော့ ရောက်တာနဲ့

"ကိုငယ် ညီမလေးမာလာရှမ်းကောလဲ စားချင်တယ်။မြန်မာမုန့်တွေလဲစားမယ်။ ဖာလူဒါ လဲသောက်မယ်။နောက်..." စကားပင်မဆုံးလိုက် ကိုငယ်က

"နင့်ကို လွမ်းလို့ အဖိုးကထိုင်မျှော်နေတာ။နင်က အစား
အသောက်ပဲ သတိရနေ။အိမ်အရင်ပြန်မယ်။အိမ်ရောက်မှ မှာစားရင်လဲ စား ထပ်ထွက်ရင်လဲ ထွက်။ ဘယ်ကတည်း
က ငတ်ပြတ်နေတဲ့သူလဲ မသိ။ ရောက်တာနဲ့ စားမယ်ဆိုတာချည်း နင်အငတ်မလေးလား"ဟု ခေါင်းကို ထုကာပြောရော။ကိုယ်လဲ အဲ့မှ သတိရကာ

"ဟုတ်သား ညီမလေးအစားငမ်းနေတာနဲ့ အိမ်ပြန်ဖို့သတိမရတာ။ ဟီးဟီး  ညီမလေးလဲ အဖိုးတို့ကို လွမ်းတာပဲကို"
ဟုဇက်ကလေးပု သွားဖြီးပြတော့ ကိုငယ်က

"အေး နင်ပူမနေနဲ့ နင်စားချင်တာ အကုန်စားရမယ်။ အိမ်မှာလဲ အ‌ဖေက နင်ကြိုက်တာအကုန်ချက်ထားတယ်။နင်အဲ့ဒါတွေလဲ ကုန်အောင်စားရမှာ။"ဟုပြောတော့တာ။ ကိုငယ်ပြောသလိုပင် တအိမ်လုံးက ကိုယ့်ကို ထိုင်စောင့်နေကြတာ။ ကိုယ်လဲ အခုမှ ကလေးပြန်လုပ်ရတော့တာ အရင်ဆုံးအဖိုးဆီပြေးချွဲ နောက်အဖွား ပြီးမှ အဖေ နဲ့အမေ။နောက် လာစောင့်နေကြတဲ့ အမျိုးတွေကိုလဲ နှုတ်ဆက်ရ။
အဲ့နေ့က ကိုယ့်အတွက်ချည်း စပါယ်ရှယ်ချက်ထားတဲ့ဟင်းမျိုးစုံစားပြီး မာလာ မရှမ်းကောလိုက်နိုင်ဖူး။

အိမ်က ဟင်းတွေရယ် အမျိုးတွေရဲ့ကိုယ့်အတွက် ယူလာပေးကြတဲ့ မြန်မာမုန့်အစုံက ကိုယ့်အကြိုက်တွေချည်းမို့ စားရတာ စားပို့နင့်မတတ်။

တရက်နားပြီး နောက်နေ့ ‌ရုံးပြန်တက်ရတယ်။ရုံးရောက်ပြီး နေ့လည်ကျ  သူဌေးရောက်လာတာမို့ သူဌေးဆီရောက်ကြောင်းသတင်းပို့ နှုတ်ဆက်ရတယ်။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now