"နှောင်ကြိုးမဲ့သော"
အပိုင်း ၆
မင်းညီ
ကျုပ်က ဖြူရဲ့ အကို မင်းညီ။ ကျုပ်ရဲ့ တစ်ဦးတည်းသော ညီမလေးကို ကျုပ်ချစ်လွန်းလို့ ငယ်စဉ်ကနေ အခုထိ ဘယ်သွားသွားအတူတူသွား အတူလာ။ငတိမလေးရဲ့ (ချစ်စနိုးခေါ်တာ)တစ်ဦးတည်းသော သူငယ်ချင်းလဲ ဟုတ် အကိုလဲ ဟုတ်တယ်။
ငတိမလေး ယောကျာ်းစိတ်ပေါက်မသွားတာ အဖိုး ကျုပ်ကို တားမြစ်ခဲ့လို့လားမဆိုနိုင်ဖူး။ဘာလို့ဆို ကျုပ်က ငယ်ငယ်တုံးက တရုတ်သိုင်းကားတွေ ကြည့် သိုင်းရူး ရူးပြီး ညီမလေးကို ကျုပ်ရဲ့ ရှောင်လင် သိုင်းတွေ သင်ပေး။
ဟိုငတိမလေးကလဲ အကိုခိုင်းသမျှ အကုန်လိုက်လုပ်ရှာတာ။ တနေ့တနေ့ တုတ်တွေနဲ့ ချကြတာ တရွှီရွှီ နဲ့ပါပဲ။
ကျုပ်ကတော့ ကိုယ့် ညီမလေးမို့ ညှာပေမယ့် အဲ့ငတိမ လေးကနဲနဲမှ မညှာတာ။ ချဆိုတာနဲ့ ပြန်တီးတာမှ ကျုပ်နဖူး အာလူးသီး ထတဲ့အထိ။
နောက် ကျုပ် ဂေါ်လီရိုက်လဲ သူ့ခေါ်သွား ဘောလုံးကန်လဲ သူခေါ်သွားနဲ့ မို့ ကျုပ်ကို အိမ်က အဖွားကလုံးဝ မကြိုက်။
ကျုပ်ကို ညီမလေးကို အပြင်ခေါ်သွားပြီး ပြန်လာတိုင်း ဝါးခြမ်းပြားနဲ့ရိုက်တာ။ဒါလဲ ကျုပ်ကမမှတ်ပါဖူး။အဖွားလစ်တာနဲ့ ကျုပ်တို့မောင်နှမက ခိုးထွက်ပြီး မျောက်ရှူံးအောင်ဆော့ကြတာ လေ။
တခါသား ကျုပ်တို့ အဝတ်တွေကို ကြိုးလုပ်ပြီး နောက်ဖေးက သစ်ကိုင်းမှာ ယီး လေး ခိုစီးကြတာ သစ်ကိုင်းကျိုးပြီး ကျုပ်ခေါင်းပေါက် ငတိမ ဒူးကွဲ လေ။
အဲ့ကတည်းက အဖိုးက တချက်လွှတ် အမိန့်ထုတ်လိုက်တာ။ ညီမလေးကို ယောကျာ်းလေးလို မဆက်ဆံဖို့နဲ့ အပြင်သွားရင် ခေါ်မဆော့ဖို့။
အဲ့တော့ ကျုပ်က ဘာလုပ် ပေးရသလဲဆိုတော့ အိမ်မှာ ငတိမနဲ့ အိုးပုတ် တွေနဲ့ ကူဆော့ပေးရ တော့တာပဲ။ ကျုပ်ကိုကျ အဖိုးက ခြောက်မှာ စိတ်မပူပဲ သူ့မြေးမကျ ယောကျာ်းစိတ် ပေါက်မှာ စိုးလို့တဲ့ လေ။
ငတိမကလဲ ကျောင်းမှာ သူငယ်ချင်းအများကြီး မရှိတော့ ကျုပ်သာ သူ့ကိုအဖော်လုပ်ပေးရတာ ပေါ့။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...