ဇာတ်သိမ်းပိုင်း
ယင်ယင်
ယင်line groupမှာ ပြောပြီးကတည်းက ယင် ဝပ်ကို လုံးဝမဆက်သွယ်ခဲ့ဖူးရှင်။ဝပ်ကတော့ သူ ယင့်ကို အပြစ်မတင်ကြောင်း၊ ယင် ပျော်အောင်နေဖို့နဲ့ ယင့်ဆုံးဖြတ်မှူကို သူ လုပ်ပေးမယ့်အကြောင်းကို အသံမက်ဆေ့နဲ့ လှမ်းပြောတယ်(ယင်ဖုံးမကိုင်လို့)။
ယင့်အိမ်က သူနဲ့သဘောမတူတော့ပြီမို့ ယင် ဝပ်နဲ့ထပ်မဆက်သွယ်ဖြစ်ပဲ ယင် ဝါသနာပါတဲ့ အချက်အပြုတ်သင်တန်းတခုတက်ခဲ့တယ်။
သင်တန်းတက်ရင်း ယင်ကိုယင်လဲ ပြန်သုံးသပ်ခဲ့တယ်။ယင် အတော်မိုက်ခဲ့ပါ့လားဆိုတာ သိလာခဲ့တယ်။
ယောကျာ်းတယောက်ကို ချစ်ခဲ့ပြီး သူနဲ့ပတ်သတ်တဲ့ အနာဂတ်အိမ်မက်တွေရယ် သူစိတ်ချမ်းသာဖို့ တွေပဲ လိုက်လုပ်နေမိတဲ့ ယင်ဟာ
ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေမှန်းမသိခဲ့တာ။
ကိုယ်ကို့ကိုယ် မချစ်တတ်ခဲ့ပဲ ဝပ်သာ 'ယင့်ကမ္ဘာ ' လို့သတ်မှတ်ခဲ့ပြီး ဝပ်ဆီကနေသာ ပျော်ရွှင်မှုကို လိုချင်ခဲ့တာ။တကယ်တမ်း ယင် ပျော်ရွှင်ဖို့ဆိုတာ ယင်အပေါ်ပဲ မူတည်တာမဟုတ်လားရှင်။
အဲ့လို မှန်ကန်တဲ့အတွေး ယင် တွေးမိပြီးနောက် ယင့်ဘဝကို အကောင်းဆုံးတည်ဆောက်ဖို့ ပြင်ဆင်ဖြစ်တယ်။
အရင်ဦးဆုံး ယင်ဝါသနာပါတာတွေ ယင့်ရဲ့ အနာဂတ်ရည်မှန်းချက်တွေ ယင် တစ်ခုချင်း သေချာ စဉ်းစားအကောင်ထည်ဖော်ခဲ့တယ်။
ယင် စစချင်းတော့ ဝပ်အကြောင်း ခဏခဏ တွေးနေမိသလို ဝပ်အနား ခဏခဏ ပြန်သွားချင်စိတ်လဲဖြစ်တယ်။
ဒါပေမယ့် အချိန် နဲနဲ ကြာတော့ ယင် ပျောက်ဆုံးနေတဲ့ ယင်ကိုယင် ပြန်ရှာတွေ့သွားတယ်။
ယင်ဝပ် အကြောင်းစဥ်းစားမိရင် တောင် အတိတ်က ပျော်ရွှင်လွမ်းဆွတ်ဖွယ်ကောင်းခဲ့တာပဲလို့ တွေးနိုင်လာပြီး အဲ့အတွေးမှာ နာကျင်မှူမရှိ ခွင့်လွှတ်ခြင်းနဲ့ တွေးတတ်လာပြီ။
ယင် အရင်ဆုံး သူငယ်ချင်းတွေ ကို ဝပ်နဲ့ ပတ်သတ်တဲ့ အမှန်တရားကိုပြော ပေးခဲ့တယ်။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...