part - 19

81 4 0
                                    

နှောင်ကြိုးမဲ့သော
အပိုင်း ၁၉

ကိုယ် ဒီနေ့ ဆရာ့အခန်းရောက်တော့ ဖြူဖြူဖွေးဖွေး မျက်နှာပြည့်ပြည့်လေးနဲ့ ‌ညီမလေးတစ်ယောက်နဲ့ဆရာသည် အကြောင်းအရာတစ်ခု ဆွေးနွေးနေကြသည်။ဆရာသည် ကိုယ့်ကို မြင်တော့ ပြုံးကာ

"ဖြူ ဒီကိုလာ... မင်းအတွက် သူငယ်ချင်းအသစ်ရပြီ...ဒါ ငါတို့ Lab ခန်းကို အသစ်ရောက်တဲ့ မွတ် ... မွတ် ဒါ Phee Phyu(အစ်မဖြူ) ...မင်း နားမလည်တာလဲ သူ့ကို မေး... သူ့ကိုလဲ သူမသိတဲ့ ထိုင်းအစားအစာ တွေ ယဉ်ကျေးမှူ တွေ ရှင်းပြပေး" ဟု မိတ်ဆက်ပါတော့သည်။ ဆရာသည် ဒီနေ့ ကိုယ်တို့ စတွေ့စလိုပင် ပြုံးရွှင် နေတာမို့ ကိုယ်လဲ

" ဟုတ်ကဲ့ဆရာ.. မွတ် ဒီနေ့ ကိုယ် မလိုင်လုံး အစိုယူလာတယ်... ကိုယ်တိုင်လုပ်တာနော်... မင်းကြိုက်မလားတော့ မသိဖူး မြည့်ကြည့်ပါ..." ဟု ပြောလဲ ပြော ကိုယ့်ရဲ့ မုန့်ဗူး ထုတ်မိပြီး မွတ်ကို မြည်းဖို့ ပေးတော့သည်။ ဆရာသည် ရီကာ မွတ်ကို
"မွတ် ဖြူ နဲ့နေရင် မြန်မာဟင်း၊ မုန့်တွေ ခဏခဏ စားရမယ်...သူက မျိုးစုံ လုပ်စားနေတာ...
ထို့နောက် ကိုယ့်ဖက် လှည့်ပြီး
"မင်း ကတော့ တကယ့်ကလေး ပေါက်စလိုပဲ... ငါလဲ ဌာနက ဆရာတွေ ပြောသလို သမီး တစ်ယောက် ထပ်ရနေတဲ့ ဆရာ... တကယ် ရုပ်ကလဲကလေးရုပ်... အကြိုက်ကလဲ ကလေးအကြိုက်...စိတ်ကလဲ ကလေးစိတ်..." ဟု ပြောလာသည်။ကိုယ်လဲ ဆရာ့ကို

"ဆရာ သမီး ကို ရုပ်နုတယ် လှတယ် ချီးကျူးတာလား ဆရာ... သမီးတို့ ဌာနက ဆရာတွေအကုန် ရုပ်နု၊ ချောကြတယ်၊ သမီးက ဆရာ့ကို စမြင်ခါစက ဆရာနုလိုက်တာ တွေးမိ‌သေးတယ်၊ တစ်ခြားဆရာတွေပါ တွေ့ တော့မှ
ဆရာ့ထက် ပိုနုကြသလိုပဲ" ဟု ပြောမိရာ
ဆရာသည် မျက်နှာ ရှုံ့မဲ့ကာ

"ဪ မင်း ပြောချင်တာ ငါက အဖိုးကြီး ရုပ် ပေါ့လေ ဟုတ်လား" ဟု ပြန်ပြောတော့ ကိုယ်လဲ အရဲစွန့်ပြီး ဆရာ့ကို စချင်မိသဖြင့်
"ဟုတ်တယ်.. ဆရာတိုင်းက အရပ်ရှည်ကြ၊ ချောကြတယ်" ဟု ပြောပြီး ရီနေမိတော့သည်။

ဆရာသည် အဲ့စကားကို စသည်ဟု မထင်ပဲ တကယ်ထင်သွားကာ အဲ့နေ့ ကိုယ်တို့ သုံးယောက် တခြား ဆရာတွေနဲ့ canteenမှာ ဆုံဖြစ်ကြတော့လဲ ကိုယ့်ကို လက်ညှိုးထိုးပြပြီး

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now