နှောင်ကြိုးမဲ့သော
အပိုင်း ၂၁ဝပ် ပို့တဲ့စာကို သူမသည် အချိန်အတော်ကြာသည်အထိ စာမပြန်တာမို့ ဝပ် မနေနိုင်တော့ပဲ ဖြစ်ချင်ရာဖြစ် ဟု တွေးကာ video call ခေါ်မိပါသည်။သူမ မကိုင်ရင် ဝပ် ဘာဆက်လုပ်ရမယ်မှန်း မသိ၊ ရင်ထဲ ပူလောင် ခြင်းကြီးစွာနဲ့သာ ဖုန်းတွေဆက်တိုက်ခေါ်နေမိ တော့သည်။🙆🙆🙆
ကိုယ်သည် ဝပ် ကိုယ့်ဆီ ဆက်တိုက် ဖုန်းခေါ် တာထိုင်ကြည့်မိနေပြီး ကိုယ်မကိုင်ဖြစ်ပါ။ ကိုယ် အခုချိန်သာ ဝပ် ဖုန်းကိုင်မိလျှင် ငိုမိမှာ အသေအချာပဲမလား။ ဝပ် စိတ်ပူ နေမှာပဲ ဟု တွေးမိကာ ဝပ် ထံ မက်ဆေ့ ပို့လိုက်မိပါသည်။💌💌💌
ဝပ်လဲ ဖုန်းခေါ်နေတာကို သူမ မကိုင်သည်မို့ ဝပ်ဖုန်းပြန်ချလိုက်ရင်း သက်ပြင်းမောများ သာ အကြိမ်ကြိမ် ချနေမိရာမှ မက်ဆေ့ toneသံ ဝင်လာဖတ်မိရာ
"ဝပ်...ကိုယ့်မှာ အဖိုးရော အဖွားရော မရှိတော့ဖူးကွယ်..
အိမ်အတွက် ကိုယ့်ဟာ ပိုလိုအပ်သွားပြီ... ကိုယ်သည် အားလုံးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ရောင်ခြည်ဖြစ်သွားပြီ ဝပ်...
ဝပ် ဟို ညီမလေးနဲ့ အဆင်မပြေဖူးလား..." ဟု သူမ ပြောလိုက်တော့ ဝပ် ရင်ထဲ သူမကို သနားလဲ သနားမိကာ ဝပ် ကို ဝပ်သာ ဒေါသထွက်မဆုံး။ဝပ်ရဲ့ မထားသင့်တဲ့မာနကြောင့် သူမ ဝပ်ကို တကယ်လိုအပ်နေချိန်မှာ ဝပ် သူမဘေးနား ရှိမနေ ပေးနိုင်ခဲ့တာ။😢😢😢
သူမအတွက် အခက်အခဲဆုံးချိန်မှာ သူမတစ်ယောက်တည်း တော်တော်ကြိုးစားကျော်ဖြတ်ခဲ့ရမှာပဲလို့ တွေးမိပြီး ဝပ် နောင်တ ရမိသွားသည်။😞😞😞
သူမ ခက်ခက်ခဲခဲ တည်ဆောက်ထားရသော ယခုလိုအချိန်ကို ဝပ် ထပ်ပြီး မနှောက်ယှက်သင့်ဖူးဟုလဲ မြင်မိကာ
"ဝပ် အဲ့ဒါ ဖူ့ကို သက်သက်ပြောလိုက်တာပါ...ကိုယ်စိတ်ကူးထဲကနေပဲ စဉ်းစားကြည့်ဖူးတာ...လက်တွေ့ ကိုယ် ဘာမှ မလုပ်ဖြစ်ဖူး... ကိုယ် ဖူ့ကို တစ်နေ့မှ မေ့မရခဲ့ဖူး... အခုချိန်တော့ ဖူပညာရေးပဲ အာရုံစိုက်နော်... တစ်ခြားအကြောင်း မစဉ်းစားနဲ့ ဦး..." ဟု ပြောလိုက်မိသည်။
CZYTASZ
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...