S2- part2

116 6 0
                                    

အပိုင်း၂(ဒုတိယတွဲ)

ကိုယ်နဲ့ ဝပ် ရွှေတိဂုံဘုရားပေါ်ရောက်တော့ ဝပ်က

"မင်း ငါ့ကို မင်းအိမ်နဲ့ ဘယ်တော့ ပေးတွေ့မှာလဲ။ငါ ဒီပိတ်ရက် တော့ အားမယ်။ကြားရက်တော့ ငါ မအားဖူး။စက်ရုံတွေမှာ စက်အကြောင်း sharing လုပ်ပေးရလိမ့်မယ်" ပြောလာတယ်။ကိုယ်လဲ

"အင်း ငါ နင့်ကို အိမ်ခေါ် ထမင်းစားဖိတ်ပါ့မယ်။ နင်ငါ့ကို ထိုင်းမှာရှိ နေစဉ် အတောအတွင်း အများကြီး ကူညီဖူးတဲ့ မိတ်ဆွေတစ်ယောက်အဖြစ်နဲ့နော်။အိမ်က လူကြီး တွေ Shock မဖြစ်အောင် ငါတို့ တဆင့်ချင်း ဖြည်းဖြည်းချင်းပဲ သွားရအောင်" ဟု ပြောတော့ သူလဲ သဘောတူလက်ခံတယ်။

ကိုယ်နေတာ သာမန်ရပ်ကွက်တစ်ခု လေးဖြစ်သလို တစ်ရပ်ကွက်လုံးကလဲ တစ်ခုခုသတင်း ကြားရင် ဒေါ်စပ်စုစိန်တွေချည်း စုထားတာမို့ သတင်းက ချက်ချင်းပျံ့သွား‌ ရော။

ကိုယ်တို့ အိမ်က အောက်ခြေ လူတန်းစားရပ်ကွက်ထဲမှာ‌ တော့ ချမ်းသာတဲ့ မိသားစုအတန်းစားထဲ ပါဝင်တယ်‌။

ကိုယ်တို့ မောင်နှမ သုံးယောက်လုံးက ပညာတော်ကြသလို ရပ်ကွက်ထဲ သာရေး နာရေးကိစ္စ တိုင်း ဖေဖေနဲ့မေမေက ပါဝင် ကူညီတာများတော့ ရပ်ကွက်ထဲ လူသိများတယ်။

ကိုယ်နဲ့ ကိုငယ်က အခုထိ မစွံသေးတဲ့ လူလွတ်နှစ်ယောက်ဖြစ်နေ‌ သေးတော့ အကုန်လုံးက ဘယ်တော့ ယူမလဲ ဘယ်သူနဲ့ ယူမှာလဲ ဆိုတာ အရမ်းသိချင်ကြတာ။

နောက် အဖိုးက ဗေဒင်တွက်တတ်တော့ ရပ်ကွက်ထဲ မနက်တစ်ခါ ညနေတစ်ခါ လမ်းလျှောက်ထွက်ရင်း တွေ့သမျှ လူကို မမေးလဲ တွက်ပေးနေတော့ အဖိုးကို ရပ်ကွက်ထဲက လူတိုင်းသိပြီး ချစ်လဲချစ်ကြတယ်။

အဖိုးတွက်ပေးတာ မှန်လို့ ဆိုပြီး အဖိုးကို ကန်တော့ကြသူတွေလဲ ရှိတယ်။အဲ့‌ တော့လူအများစုကလဲ ကိုယ်တို့ အိမ်ကို ပိုစိတ်ဝင်စား ကြတာ မဆန်းပါဖူး။

ကိုယ်က ကိုယ့်ထက် တစ်ဆယ့်သုံးနှစ်ကျော် ကြီးတဲ့ ကိုယ့်ရဲ့ ကိုကိုကြီးထက်  ကိုယ်နဲ့သုံးနှစ်ပဲကွာတဲ့ အကိုနဲ့ ပိုအတွဲညီခဲ့သူ။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now