part-7

108 4 0
                                    

နှောင်ကြိုးမဲ့သော
အပိုင်း ၇

ကိုယ့်ဘဝမှာ လေးစားသဘောကျရတဲ့ ပထမဆုံးသူစိမ်း ယောကျာ်းတစ်ဦးသည် ကိုယ့်တို့ရုံးကို အပြင်က ဖိတ်ကြားလို့ လာ training ပေးတဲ့ ဆရာအကို 'ဇော်ကိုဦး' ပါ။

အကိုက အရမ်း စည်းစနစ်ကြီးသလို တစ်ခုခုဆို safe ဖြစ်အောင် အရမ်း လုပ်တတ်သူမို့ ( လျှပ်စစ်နှင့် ပတ်သတ်သည်မို့) ရုံးက ခလေးတွေက ကွယ်ရာမှာ "ဆရာရစ်ကြီး"ဟု ချစ်စနိုးနာမည်ပြောင်ပေးစကြတယ်။

ကိုယ်လဲ ဆရာနဲ့ ရင်းနှီးမှပဲဆရာဟာ ခင်စရာ ကောင်းမှန်းသိပြီး မရင်းနှီးခင်က
ဆရာ့နားမသွားရဲ ဆရာ တစ်ခုခု စိတ်တိုင်းမကျလို့
ဆူလျှင် ကြောက်ဒူးတုန်ပြီး ပိုတလွဲ‌ တွေ လုပ်မိတတ်သူပါ။

ဆရာကလဲ ဆရာ ပီသစွာ ရုံးက လူအများကြီးထဲမှာမှ ကိုယ်ဟာ သူခိုင်းသမျှ လုပ်သလို ပညာကို စိတ်ပါဝင်စားစွာ လေ့လာတတ်တဲ့ တပည့်မလေးမှန်း တန်းသိပြီး ကြောက်‌တတ်လွန်းတဲ့ကိုယ့်ကို သူ့အနားခေါ်ကာ သတ္တိ‌ ရှိရှိ မေးရဲ ပြောရဲအောင် အမြဲလေ့ကျင့်ပေးတတ်ပါသည်။

ဆရာက ကိုယ့်ကို တခြားသူ‌ တွေနဲ့မတူ ပိုချစ်‌တော့ (အများနည်းတူ ဆက်ဆံခံရတာပါ) ကိုယ့်အပေါ် ထားတဲ့ သူ့ရဲ့ မျှော်လင့်ချက်ဟာ ပိုကြီးသလို ပိုလဲ စည်းကမ်းတင်းကြပ်ခဲ့ပါသည်။

အဲ့အခါတွင်လဲ လူတို့ရဲ့ထုံးစံအတိုင်း ကိုယ်ပိုလုပ်နိုင်လာတာဟာ ဆရာကိုယ့်ကို ပိုဦးစားပေး သင် ပေးတာ ကြောင့်လို့ မှတ်ယူပြီး
မနာလို ဖြစ်ကြကာ ကိုယ့်ကို မခေါ်နိုင် မပြောနိုင် ဖြစ်ကြပါလေရော။

တကယ်ကတော့ ဆရာသည် စိတ်ထဲတွင်သာ ကိုယ့်ကို ပိုချစ် ပိုမျှော်လင့်ချက်ထားပြီး အပြင်မှာတော့ တခါမှ မျက်နှာသာ မပေးသလို အခွင့်အရေးလဲ ပိုမပေးခဲ့ပါ။

ရုံးက လူတွေရဲ့ ရှောင်ခွာမှုကို ထပ်ခံရတဲ့ ကိုယ်သည် မနေတတ်မထိုင်တတ်ဖြစ်ကာ ဝမ်းနဲအထီးကျန်စိတ်ပြင်းထန်ပြီး အတင်းလိုက်ခေါ် ခဲ့မိပါသည်။

တစ်‌ဖြည်းဖြည်းတော့ ကိုယ်လဲ တစ်ယောက်တည်း နေသားကျလာပြီး ကိုယ်လုပ်စရာရှိတာသာ ပိုလုပ်နေမိတော့သည်။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now