အပိုင်း ၄
နောက်နေ့ ရုံးလာတော့ သူ့ဘေးမှာ ကောင်မလေးပါလာတာ မြင်လိုက်တယ်လို့ တခြားလူတွေ ပြောနေကြတော့ ကိုယ်သူ့မျက်နှာ မကြည့်ဖြစ် အောင်ပဲ ထိန်းရင်း ကိုယ့်ဖာသာ ငါ လုပ်န်ိုင်တယ်လို့ အံကြိတ်တင်းထားပြီး ဘာမှ မဖြစ်သလို နေခဲ့ရတယ်။
နောက်ရက် တွေလဲကောင်မလေး အမြဲ ပါလာ
တယ်ကြားသလို အပြန်လဲ အတူတူပြန်ကြတယ်ဆိုတဲ့ သတင်းတွေ ကြားရတိုင်း ကိုယ်ပြိုလဲ မတတ်ပဲ။
နောက်မှ ကိုယ်သိရတာက အဲ့ကောင်မလေးက သူနဲ့တွဲတာ ကျောင်းတုံးကတည်းကဆိုတာရယ် မိဘချင်းပါ သဘောတူသိထားပြီး သူတို့ချင်းလဲချစ်ကြတယ်ဆိုတော့ ကိုယ့်ဖာသာ ပဲ ငါရွေးလိုက်တဲ့ လမ်း မှန်တယ်လို့ တွေးပြီး မပျော်ပျော်အောင် နေနေမိတယ်။
ဖြတ်ခနဲ အရိပ်တခု မြင်ရင် သူဖြစ်လေမလားဆိုတဲ့ စိတ်ရယ် တခုခု အခက်အခဲ ကြုံရင် သူပေါ်လာမလား သူ့ကို ဖုံးဆက်ရမလားဆိုတာ အတော်လေးခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတယ်။
ဒီလိုနဲ့ အဲ့ရက်က ရုံးက အကိုတယောက် နိုင်ငံခြားသူနဲ့ ယူတဲ့ wedding အဖိတ်ခံရတော့ ကိုယ့်ကို လာကြိုပြန်ပို့ပေးမယ့်သူဟာ သူဖြစ်နေတယ်။
သူက ကိုယ်နဲ့ လမ်းကြောင်းအသင့်ဆုံးဖြစ်နေတော့ အတူတူ သွားကြ ပြန်ကြမယ်ပေါ့လေ။ငြင်းမလို့ လုပ်ပေမယ့် သူက အရင်
"ရတယ် ကြိုပေးမယ်။ကောင်မလေးကလဲ အဲ့နေ့မအားလို့ မလိုက်ဖူးပြောတယ်။ကိုယ်လာခါ်မယ် မင်းအဆင်သင့်စောင့်နေ" ပြောလို့ လက်ခံ လိုက်ရတယ်။အဲ့နေ့အပြန်လမ်း မှာ သူက
"မင်းဆိုရင်ရော နိုင်ငံခြားသား တယောက်ကို ယူရဲလား။ အဆင်ပြေမယ်ထင်လား" လို့ မျက်နှာ ကိုသေချာကြည့်မေးလာလို့ ကိုယ်လဲ
"ငါငယ်ငယ်ကတည်းကနေ အခုထိတော့ အဲ့လို န်ိုင်ငံခြားသားနဲ့ယူမယ်ဆိုတဲ့အတွေးမျိုးမရှိဖူးဖူး။အခက်အခဲ တော့ အတော်များမှာ။culture မတူ စကား မတူတော့ အတော်ညှိယူ နားလည်ရမယ်။နားလည်မှု ခိုင်မာသွားတယ် တကယ်လဲ ချစ်ကြရင် တော့ အဆင်ပြေမှာပါ" လို့ဖြေတော့ သူက
"ငါမေးတာ မင်းကို နိုင်ငံခြားသားတယောက်ကလက်ထပ်မယ်ဆို မင်းယူမလား ဘယ်လို ဆုံးဖြတ်မလဲပဲ သိချင်တာ။ယူမလား ငြင်းမလားပဲဖြေ" လို့ ထပ်ပြောလာလို့ ကိုယ်လဲ
"ငါအရမ်းချစ်တဲ့သူဆို ငြင်းနိုင်မယ် မထင်ဖူး။တခုပဲ နိုင်ငံ လုကြရမလားပဲ။ငါကလဲမြန်မာနိုင်ငံမှာပဲ နေချင်တာ။သူလဲ သူ့နိုင်ငံမှာ နေချင်မှာ။နောက်ငါ့မိဘတွေက လုံးဝ လက်ခံမှာ မဟုတ်လို့ အတော်မလွယ်လောက်ဖူး" လို့ ဖြေတော့ သူလဲ ခေါင်းငြိမ့်ရင်း
"အဲ့ဒါတော့ မင်းလိုလူမျိုး အတွက်က ပိုခက်ခဲလိမ့်မယ်။ငါလို ဘာဖြစ်ဖြစ်လို့ပြောနေတဲ့သူတောင် ငါလဲ သူများနိုင်ငံမှာကြာကြာနေနိုင်မယ်မထင်ဖူး။ နောက်ငါ့မိဘတွေလဲ သဘော မတူလောက်ပေမယ့် ငါကတော့ ဇွတ်လုပ်လို့ရနိုင် ပေမယ့် ငါ့မိဘ အတွက်ကျ သူတို့ ချွေးမကို နိုင်ငံခြားသူလို့ပဲ မြင်ပြီး ဆက်ဆံရေး ပြေလည်ဖို့ဆိုတာ မသေချာသလိုပဲ။ယူနေတဲ့သူတွေကတော့ အများကြီး နော်။သူတို့တွေလဲ အများကြီးရင်ဆိုင်ကျော်ဖြတ်ရမှာပဲ" ဆိုပြီး သူ့ဖာသာ ပြော သူ့ဖာသာ သက်ပြင်းချနေတော့တာ။
အဲ့ညက နောက်ဆုံးအတူတူစကားပြောဖြစ်လိုက်တာပါပဲ။ နောက်ပိုင်း အတူတူစကားမပြောဖြစ် တော့သလို ဆုံချိန်လဲ နဲသွားတယ်။
ကိုယ်ပြန်ရဖို့ရက်နီးလာ လေလေ ကိုယ်ဆောက်တည်ရာ
မရဖြစ်လာတာမို့ ကိုယ်သူ့မျက်နှာနဲ့သူ့အသံလုံးဝ မမြင်ရကြားရအောင် ပိုရှောင်ခဲ့တယ်။
26.9.2021(9.52am)
ကျူးလစ်ဝှိုက်
Photo-credit
ESTÁS LEYENDO
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasíaအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...