" နှောင်ကြိုးမဲ့သော"
အပိုင်း၇
ယင်ယင်
ဘဝက ထင်သလောက် ရိုးရှင်းမနေဖူးဆိုတာ ယင် ကိုယ်တိုင်ကြုံမှပဲ သိတော့တယ်ရှင့်။ဝပ်နဲ့ ယင်က ကျောင်းတုံးက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းအဆင့်ကနေ ချစ်သူဘဝရောက်။တစ်ယောက်နဲ့ တစ်ယောက် ကာရံ အမိဆုံး အတွဲလို့ ယင်ဖာသာ သတ်မှတ်ခဲ့ပေမယ့် ဝပ်ကိုပဲ ယင်က ဦးစားပေးခဲ့တာများတာပေါ့ရှင်။ဝပ်က စာအုပ်သမား အရာရာ စေ့စပ်သေချာသလို သူ့အတွက် အသက်၆၀ အထိ plan အကုန်ချထားသူ။
ဝပ်တို့ မိဘတွေကလဲ လယ်လုပ်ကြတဲ့ သာမာန် မိသားစုက ဆင်းသက်လာကြတာ။အရာရာကို တစ်ဦးတည်းသောသား ဝပ် စိတ်တိုင်းကျ အကုန်ခွင့်ပြုထားတာ။
ဝပ်က တော့ ရည်မှန်းချက်ကြီးသလို ကြိုးစားပြီး သူ့ရည်မှန်းချက်အကောင်ထည်ဖော်နေတဲ့သူ။
အလုပ်ကလွဲ တခြားဘာကိုမှ စိတ်မဝင်စားသော လူအေးလေးတစ်ယောက်ပေါ့ရှင်။
ယင်ရဲ့အိမ်မက်ကတော့ ဝပ်နဲ့သာမန်မိသားစုဘဝ တည်ထောင်ပြီး ဝပ်လိုချင်တာ ဘေးက ဖြည့်ပေးဖို့အသင့်ရှိနေ ပေးမှာ။အေးအေးနေတတ်တာချင်းလဲတူ ယင်ကလဲ သူအလုပ်ကလွဲ စိတ်မဝင်စားတော့ ဝပ်နဲ့ယင် တို့ ကိုယ့်အလုပ်ကို လုပ်ပြီး ပိတ်ရက်လောက်ပဲ အိမ်မှာ အတူတူချက်စား အနားယူနဲ့ အဆင်ပြေခဲ့ကြတယ်။
ဝပ်က သူတခုခုလုပ်တိုင်း ယင် မေးစရာပင်မလိုအောင် အကုန် ပြောပြတတ် တော့ ယင်တို့ကြားမှာ လျှို့ဝှက်ချက် ဆိုတာလဲ မရှိ ခဲ့ဖူးဖူး။တယောက်ရဲ့ကိုယ်ရေးကိုယ်တာ
လဲ တခါမှ ဝင်မစွက်ဖြစ်ခဲ့ဖူးရှင့်။ဝပ် နှုတ်ဖျားက မိန်းခလေးတယောက်အကြောင်းကို သွား ပေါ်တဲ့အထိ နှစ်နှစ်ခြိုက်ခြိုက် ပြံးကယ အမြဲ ပြောတာ ယင်နားထောင်ရတယ်။
ယင်မဟုတ်တဲ့ သူမကို စိတ်ပူ နေတဲ့ ဝပ်ပုံစံကို ယင် ကိုယ်တိုင် မြင်ရမယ်လို့ အိမ်မက်တောင် မမက်ဖူးခဲ့ဖူးရှင့်။
သူမ အကြောင်းပြောရင် အရာရာကို မေ့သွားသလိုနဲ့ ဝပ်ကို ကြည့်ပြီး ဒေါသထွက်လိုက်ရတာ။
ဝပ်ရှေ့မှာတော့ တခါမှ အပြုံးမပျက် အောင် နေပေးခဲ့တယ်။ ယင့်ကို တခါမှ အဲ့လို ဂရုမစိုက်ခဲ့ စိတ်မပူဖူးတဲ့ ဝပ်ကို ယင် ဘာလို့ ချစ်ခဲ့ လက်ခံခဲ့မိလဲဆိုတာ ပထမဆုံးအကြိမ် ယင့်ဖာသာ မေးခွန်းထုတ်ဖြစ်တယ်ရှင့်။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...