part - 20

112 5 0
                                    

နှောင်ကြိုးမဲ့သော
အပိုင်း ၂၀
နေနိုင်သူက အစဖျောက်သွားပေမယ့် မနေနိုင်သူက နေရာအနှံ့ သတင်းစုံစမ်းနေမိဆဲပါ။ အခုထိ တော့ ဝပ် သူမ သတင်း ဘာမှ မကြားရသေးပါ။
ဝပ်လဲ အကောင့်သစ် ဖွင့်မိရင်း သူမလဲ အကောင့်သစ်များ သုံးနေမလား တွေးမိကာ from Yangon  တွေ့တိုင်း ဝင် ဝင်ကြည့်ရတာ အမော။
ဒီနေ့ ဝပ် စက်ရုံ လာမိတော့ ဝပ်ဘေးက အဖြူကောင်က ဝပ်ကို
"ဟေ့ ဟိုနေ့က Conference Paper တစ်စောင် ခေါင်းစဉ် စိတ်ဝင်စားလို့ ငါဖတ်ကြည့်တာ မင်းတို့ ထိုင်းက ကျောင်းသူကွ။ ဒါပေမယ့် နာမည်က တော့ ထိုင်း မဟုတ်‌ လောက် ဖူး တစ်မျိုးကြီးပဲ။အခု မှ ကျောင်းတက်နေတဲ့ကျောင်းသူလေး ဖြစ်မယ်။ငါက သူ့ဆရာ Paper‌ တွေ ကို စိတ်ဝင်စားတာ။အဲ့Professor Jack က အတော် တော်တာပဲကွ။သူ ရေးတဲ့ Paper တွေ မနဲဖူး။ ဝပ် မင်းလဲ ဖတ်ကြည့်ဖူးလား" ဟု မေးသည်။ဝပ်မှာ အခု ဖတ်နေတဲ့ စာအုပ်တွေ ကို တန်းလန်းတွေချည်း ဖြစ်နေသေးတာမို့
" အေး ငါ ကြုံရင် ဖတ်လိုက်မယ်... မင်း Link ပို့ပေးထား" ဟု ပဲ ပြောလိုက်ပေမယ့် လောလောဆယ်ဖတ်ဖို့ စိတ်မပါ‌သေးလို့ သူ ပို့တာကို ဝင် တောင်မကြည့်မိ။
အခု လက်ရှိ လုပ်နေတဲ့စက်ရုံကလဲ ဝပ်ကို သဘောကျကာ စာချုပ်သက်တမ်းတိုးဖို့ ပြောနေပြီ။ ဝပ်ဖက်ကသာ ထပ်တိုးရမလား ပြန်ရမလား ဝေဝါးနေဆဲ။
ဝပ် ဒီနှစ်‌နှစ်ကျော်အတွင်းမှာ ဝပ် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့လို့ ထိုက်သင့်သည့် အောင်မြင်မှူ တစ်ချို့ ရလာ
ပေမယ့် အပြည့်အဝ မပျော်ရွှင်နိုင်‌တာ သူမ ကြောင့် ပင် ဖြစ်လိမ့်မည်။
ဒီနေ့ ပြင်စရာစက်လဲ မရှိပြီမို့ စက်ရုံခေါင်မိုးပေါ် ခဏ အကြောဆန့်ဖို့ ထွက်လာမိရင်း ဖုန်းထုတ်ကာ အကောင့်သစ် ထဲ အပျင်းပြေ  Newsfeed ထိုင်ပွတ်လိုက်သည်။
ထိုစဉ် ကျောင်းသားကောင်လေးတစ်ယောက်၏
" ကျွန်တော် သူမကို စကားပြောချင်မိတယ်။ သူမ ကျွန်တော့်အချစ်ကို မြင်နိုင်ပါစေ" ဆိုပြီး တင်ထားတာနဲ့
'ဒီခေတ်ကလေးတွေ အသက်ကဖြင့် ငယ်ငယ်လေးရှိတာကို သူတို့က အခုထဲက  true love  ကို ခံစား နေကြပြီ'လို့ တွေးပြီး ပြုံးလိုက်မိသည်။ထို‌ ကောင်လေး၏ crush ပုံ ကို ကြည့်မိလိုက်ရာ ဝပ် ကိုယ့် မျက်စိကို ပင် ကိုယ်မယုံကြည်နိုင်ပါ။
"အား.. ဝပ်ရဲ့ သူမ မှ သူမအစစ်... သူမ အတော်ကို လှလာပါ့လား... တော်တော် ပျော်နေတယ်ထင်ပါ့... အရင်က ဆံပင်အရှည် အကောက်လေးဟာ အခု အတိုလေးနှင့်အ‌ တော် လှလာလိုက်တာဗျာ... ဝိုး ဘရာဗို ... ကောင်မလေးရေ ... မင်း ဘယ်လောက်ပြေးပြေး ငါ့လက်က မလွတ်ဖူး..." ဟု ပျော်လွန်းလို့ ထခုန်မိရင်း ကြိမ်းဝါးလိုက်မိသည်။
ဒီညီလေး အကောင့်ထဲ ဝင်ကြည့်မိတော့ ဒီကောင်လေးဟာ သူမကို တော်တော်ကြွေနေပုံရကာ သူမနဲ့ပတ်သတ်တဲ့ ခံစားချက် ကြီး တင်ထားတာ တွေ့ရသည်။
သူမ အခုပုံတောင် သူ ခိုးရိုက်ထားတာ ဖြစ်မည်ထင် အောက်က မန့်များက ဆရာ့ကို သွားမတိုင်‌ စေချင်ရင် မင်း နက်ဖန် ငါတို့စားတာရှင်းတို့... အစ်မ မွတ်ကို မန့်ရှင်းခေါ်ရမလား တို့... အိုး စုံနေတာပဲ ဒီညီ‌လေး ကို ဝိုင်းကြပ်ထားကြတာ။ ဪ ဝပ်က အခုမှ ဒီကျောင်းသား ချာတိတ်နှင့် ဝင်ယှဉ်ပြိုင်ရမည်လား။
'ဟား..ဟား... ဝပ်.. မင်းအဖြစ်က ရီချင်စရာ...မင်း ခြေလှမ်းသွက်ဖို့ လိုပြီထင်တယ်' ဟု ဝပ် ဖာသာ သတိပေးမိရင်း ယင့်ဆီ ဖုန်းခေါ်ရပါတော့သည်။အရေးထဲ ဒီယင်ယင်မ ဖုန်းမကိုင်ဖူး။ ဘာတွေ အလုပ်ရှုပ်နေသလဲ။ Please ဖုန်းကိုင်ပါ ယင်ရေ နင့်သူငယ်ချင်း tempo မြင့်နေပြီဟု ပြောနေမိရင်း ဆက်တိုက် ခေါ်နေမိတော့သည်။ အတော်ကြာမှ 'ယင်' က
"ဟဲ့ ဝပ် ဘယ်လို ဖြစ်ပြီး
ဒီလောက် အသဲအသန်ဖုန်း ခေါ်နေရတာလဲဟ..ငါ မျက်နှာပေါင်းတင်ထားလို့... ပြော ဘာလဲ "ဟု ဆောင့် အောင့် ဖြေတော့သည်။ဝပ်လဲ
"အေး စော်ရီး ယင် ...နင်ငါ့ကို ကိစ္စ တစ်ခု ကူညီ...ဖြူ ထိုင်းမှာ ကျောင်းတက်နေတာဟ.. ယင်... အဲ့ကျောင်းမှာ တက်နေတဲ့ အသိကလေး ရှိလား... ကူစုံစမ်းပေး...သူမ ဖုန်းနံပတ်... အကောင့်..." ဟု ပြောလိုက်ရာ ယင်မှ
"ဟယ် တကယ်လား...ဖူ နေနိုင်လိုက်တာဟယ်...ယင့်တောင် မဆက်သွယ်ဖူး... အဲ့ဒါ ဝပ် နင့်ကြောင့်... နင် လက်ထပ်မယ် ပြောလိုက်လို့ ဟိုက ငါ့ တောင်အသိမပေးပဲတိတ်တိတ်လေး  ကျောင်းလာတက်တာ...ဒါနဲ့ နေပါဦး... ဝပ် သေချာ စဉ်းစားနော်... နင်ရှေ့ဆက်ဖို့ မသေချာရင်လဲ ဖူ့ကို ဒုက္ခ သွားမပေးနဲ့... နင့်ကိုနင် သေချာအောင် အရင်လုပ်ဦး" ဟု ယင် သည် ဖူ့ဖက်က စိတ်ပူကာ ဝပ်ကို ထပ်စဉ်းစားခိုင်း‌ သေးသည်။ဝပ်လဲ
"အေးပါ ဝပ် သိပါတယ်...လောလောဆယ် နင် ရအောင် စုံစမ်းပေး... အသိမရှိလဲ နင် ကိုယ်တိုင်ကျောင်းသွားဟာ... သူမ ဌာနက(***) ...အမြန်နော်... တော်ကြာ ဟို ကျောင်းသားလက်ထဲ ပါသွားဦးမယ်" ဟု ပြောလိုက်ရသည်။ ယင်က
" အေး နင် တော်‌တော်ဖြစ်နေလိုက်... ယင့်များ သူ့ ငယ်ကျွန် ထင်နေလားမသိဖူး... အရင်က ဖူ့အကြောင်းပြောမယ်ဆိုတာ နဲ့ ငါ့ကို သူ့အကြောင်း လာမပြောနဲ့ လို့ ပိတ်ပြောခဲ့တာ ဘယ်သူလဲ... ငါလဲ အခု ငါ့ရုံးအလုပ်နဲ့ တော်တော် မအားဖူးဟ..အားတဲ့အချိန်လဲ ငါဝါသနာပါတာ‌‌ တွေပဲ လုပ်ဖြစ်တော့တယ်...‌နင် စိတ်မပူပါနဲ့ ယင်လဲ ဖူနဲ့ တွေ့ချင်‌ နေတော့ ဖူ့ဆီသွားလည်မှာပါ...ငါနက်ဖန် အစော ထလုပ်စရာရှိလို့ အိပ်ပြီဟေ့ Good night ...ဝပ် ကံကောင်းပါစေ..ဟ ဟ " ဟု ဝပ်ရဲ့ နှစ်ယောက်မရှိသော ချစ်သူငယ်ချင်း ယင်က ဝပ်ကို အဆုံးသတ်မှာ မထိ တထိဖြင့် လှောင်ရီသွားပါသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ယင်သည် ကျောင်းမှာကတည်းက ဝပ် အနွံအတာကို ခံခဲ့သူ ဖြစ်ရာ ဝပ်လိုအပ်ချိန်တိုင်း ဘေးနားရှိပေးသော ဝပ်ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းမလေးမို့ ဝပ်ကိစ္စ ယင်ပဲ ကူညီပေးမည့်သူ ရှိသည်။
ဝပ် ထိုညက အိပ်မက်ကောင်းလေးပင် မက်ကာ ဝပ်နဲ့သူမက သားလေးတစ်ယောက်ပင်ရ နေပြီး သားလေးသည် သူ့မေမေကို ဝပ်ထက် ပိုချစ်လို့ ဝပ်တောင် မနာလို ဖြစ်နေခဲ့သည်။ ဘယ်လောက်များ သဘောကျစရာကောင်းလိုက်လဲ။ဒီ အိမ်မက်သာ အပြင်မှာတကယ်ဖြစ်ခဲ့ရင် ဝပ်လောက် ပျော်နိုင်မည့်ယောကျာ်း ရှိနိုင်မည်မထင်ပါ။ဝပ်သည် အိပ်ရာပေါ်မှာ ပြုံးပြုံးကြီး အိမ်မက်ကို ကျေနပ်နေပါသည်။
       ✨✨✨✨✨
ကိုယ် ဒီနေ့ မွတ်လာမယ်ထင်ပြီးကျောင်းလာခဲ့တာဒီရောက်တော့ ဆရာနဲ့ မွတ်က မရှိ။တစ်နေရာများ သွားနေသလား ဟု တွေးမိကာ Labခန်းထဲ  စာမေးပွဲအတွက် စာထိုင်ဖတ်နေစဉ် ကျောင်းသားတစ်ဦး အပြင်မှ တံခါးခေါက်ကာ ဝင်လာပါသည်။ကိုယ်လှမ်းကြည့်တော့ အသားလတ်လတ် မျက်လုံးမျက်ဖန် ကောင်းကောင်း သွားဖွေးဖွေးနဲ့ ချစ်စရာကောင်း‌‌ သောအပြစ်ကင်းစင်သည့်အပြုံးပိုင်ရှင်လေးက
"အစ်မဖြူ ကျွန်တော့်နာမည် 'နိုင်'ပါ ခင်ဗျ။ ကျွန်တော်က နောက်ဆုံးနှစ် ကျောင်းသားပါ။ကျွန်‌ တော့် project အတွက် Simulation run မရနေတာ အစ်မ ကူကြည့်ပေးလို့ရလား။ကူညီပါ နော်" ဟုသနားစဖွယ် မျက်နှာလေးဖြင့် အကူညီတောင်း တော့သည်။ကိုယ်လဲ သူ့ကို တွေ့တွေ့ချင်းပင် ကိုယ့် မောင်လေးတစ် ယောက်လို ခံစားမိတာနဲ့
"အင်း..အစ်မကြည့်‌ ပေးမယ်...နိုင် Laptop ဖွင့်လေ" ဟု ပြောတော့ နိုင်မှာ မှိုရသည့်မျက်နှာဖြင့် ပြုံးဖြီးသွားကာ ကိုယ့်ဘေးထိုင်ခုံတွင် ဝင်ထိုင်ပြီး သူ့ Laptop ဖွင့်လိုက်ပါသည်။ကိုယ်လဲ သူ့ Simulation စမ်းကြည့်ရင်း error ကူစစ်‌ ပေးရင်း ဒင်းလေးက ကိုယ်လုပ်သမျှ ထိုင်ငေးကြည့်နေသည်။ ကိုယ်နဲ့သူ တစ်ခုပြီး တစ်ခု စမ်းလိုက် ရှာလိုက်နှင့် နေ့လည် ထမင်းစားချိန်ကျော်မှ ပင်အဖြေရှာတွေ့တော့သည်။
သူသည် ကိုယ့်ကို
"အစ်မ 'နိုင်'နဲ့အတူ ထမင်း လိုက်စားပါ့လား...အစ်မ စားချင်တာစား 'နိုင်' ရှင်းမယ်..." ဟု ပြောတာနဲ့ ကိုယ်လဲ တစ်ယောက်တည်း ဖြစ်နေတာမို့ သူနဲ့အတူ ထမင်းစားဖို့သ‌ ဘောတူလိုက်သည်။ Canteen မှာ ထမင်း အတူ ထိုင်စားဖြစ်ရင်း ကိုယ်လဲ သူ့ကို အငယ်တန်း အခြေခံ Circuit notes များရှိရင် လိုချင်သည်ဟု ပြောတော့
'သူ့မှာ ရှိတယ်... သူ မိတ္တူဆွဲပေးမယ် ' ပြောတော့ ကိုယ် ဝမ်းသာသွားပါသည်။ ကိုယ်တွေ သင်ခဲ့ပုံနှင့် သူတို့ သင်ခဲ့ပုံ မတူနိုင်တာမို့ ကိုယ်လေ့လာကြည့်ချင်သည်မှာ အခု နိုင့် ဆီက ရတော့ အ‌ တော် အဆင်ပြေသွားသည်။'နိုင်'သည်
"အစ်မဖြူ ကြည့်ရတာ ကျောင်းတစ်ပတ်တောင် မကြည့်ဖူးသေးဖူး ထင်တယ်.. အစ်မ ဘယ်သွားချင်လဲ ကျွန်တော် လိုက်ပို့ပေးမယ်" ဟု ပြောကာ ကိုယ်နဲ့သူ ကိုယ်တို့ ဌာနမဟုတ်သော အဆောင်များ၊‌ ရေကူးကန်၊ အားကစားကွင်း၊ ဘွဲ့နှင်းသဘင် ခန်းမ၊ Gym တို့ကို လျှောက်လည်ဖြစ်သည်။
ရောက်သည့်နေရာတိုင်းလဲ နိုင် သည် အစ်မ အဲ့နားရပ်လိုက် ကျွန်တော် ဓာတ်ပုံ ရိုက်ပေးမယ်ပြောပြီး  ပုံရိုက်ပေးပါသည်။
နိုင် သည် အရမ်းသဘောကောင်း အလိုက်သိသော ကလေးတစ်ယောက်ဖြစ်လို့ ကိုယ်သည် နိုင့်ကို တခဏအတွင်းပင် အတော်ရင်းနှီးနေလေပြီ။
ကိုယ့်အတွက်တော့ နိုင်သည်ချစ်ဖို့‌‌ ကောင်းသော မောင်လေးတစ်ယောက်ရခြင်းလေ။တိုက်တိုက်ဆိုင်ဆိုင် ဝပ်ကိုပါ သတိရမိလိုက်သည်။
ဒီလိုသာ ကိုယ်သွားနေတာသိရင် သူဘယ်လောက် ကျွဲမြီးတိုမလဲ တွေးမိပြီး ပြုံးနေမိတုန်း နိုင်မှ အစ်မ ဟု ခေါ်တော့ လှည့်ကြည့်မိရာ "ချ လပ်" ။
ကိုယ်တော်လေးက selfie ဆွဲလိုက်တာပဲ။ န်ိုင်က ပုံလေးပြန်ကြည့်ရင်း
"အစ်မ ကြည့်ဦး ဘယ်လောက်လှသလဲ... အစ်မပြုံးရင် ဘယ်လိုလေူလဲ မသိဖူးဗျာ...တကယ် ချစ်ဖို့ကောင်းတာ 9+" ဟု ပြောရင်း ကိုယ်မြင်အောင်ပြလေသည်။တကယ်ပဲ ကိုယ် ပုံထဲမှာ ပြုံးနေသည်မှာ အသက်ဝင်လှပစွာ။အစ်မ ကျွန်တော် ဒီပုံလေး တင်ပါရစေနော်။အစ်မ ကျွန်တော့်ကို မောင်တစ်ယောက်လို အစ်မ လိုတိုင်းခေါ်နော် ဟု ပြောနေတာနဲ့ ကိုယ်လဲ ခေါင်းညိမ့်ပြလိုက်သည်။
နိုင်သည် ကိုယ့်ခွင့်ပြုချက်ရသည်နဲ့ သူ့ wallမှာ တန်းတင်တော့သည်။ကိုယ်လဲ သူတင်တာတွေ့တော့ ကိုယ့်ရဲ့ မသုံးတာကြာသော အကောင့်ကို သတိရမိကာ ပြန်ဝင်လိုက်မိသည်။ Password မမှတ်မိလို့ အကြိမ်ကြိမ် ဝင်လိုက်ရပြီး ကံကောင်းတာက mailနဲ့ ဝင်ထားသည်မို့ resetလုပ်လိုက်ကာ ဝင်လို့ရသွားသည်။
ကိုယ်လဲ နိုင် ရိုက်ပေးသည့်ပုံများထဲက လှတာလေးရွေးကာ "ကိုယ်အသစ်တဖန် မွေးဖွားပြီး ပြန်လာပါပြီ" ဟု တင်လိုက်ပါသည်။ တစ်ခဏချင်းမှာပင် အောက်မှ မန့်များ ပလူပျံသွားပါသည်။
       💫💫💫 💫💫💫
ဝပ်သည် ရေချိုးအဝတ်အစားလဲကာ မနက်စာ အတွက်ကော်ဖီနဲ့ပေါင်မုန့်မီးကင် ကိုယ်တိုင်လုပ်ကာ ထိုင်စားရင်း လိုင်းသုံးနေပါသည်။
ထိုအချိန် ကျောင်းသားညီလေး wallမှာ " ကျွန်တော် အရမ်းပျော်တယ်ဗျာ...မမနဲ့ ပထမဆုံး ခင်သွားပြီ...ကဲ သူမ ဘယ်လောက်လှသလဲ...အားကျကြစမ်းကွာ" ဟု တင်တော့ ဝပ်မှာ စားနေရာမှ သီးသွားကာ  မျက်လုံးပင်ပြူးသွားပြီး ပုံကို ကြည့်လိုက်ရပါသည်။
'တောက်...ကြည့်စမ်း ...သူမ ပြုံးနေလိုက်တာ... ဘယ်တုန်းကများ သူမဟာ ဒီလောက် ခင်မင်ရင်းနှီးတတ်သွားရတာလဲ...ကိုယ်အရမ်းသဘောကျသော သူမအပြုံးကို တစ်ခြားကောင်လေးဘေးမှာ ပြုံးနေရလဲကွာ...သူမ တကယ် ပြောင်းလဲ သွားပြီပဲ...ဝပ် မျှော်လင့် ချက်ရှိပါတော့မလား' ဟုအတွေးပေါင်းစုံဖြင့် ဝပ် ပူလောင်နေပါသည်။ တစ်ချိန်တည်း သူမ wall ပေါ် ကြည့်လိုက်မိတော့ နသုံးတာ နှစ်ပေါက်နေပြီဖြစ်တဲ့ သူမကလဲ 'တဖန်ပြန်လာပြီဆိုပါလား...ပုံတိုင်းမှာ သူမ လွတ်လပ်လှပစွာ ရီနေတာလေး...ဖူ မင်းကို အသေသတ်နေတာလားကွာ...ကိုယ့်ကို နောက်တစ်ကြိမ် အခွင့်အရေး‌ လေးပေးပါဦးလားကွာ" ။ ဝပ် အရူးတစ်ယောက်လို တစ်ယောက်တည်း ရေရွတ်မိရင်း...။ ဝပ် အကောင့်ဟောင်းကနေ သူမ သိစေရန် "ရက်စက်တတ်သော ၊အသည်းမာသော၊ ကိုယ့်ကို တစ်စက်ကလေးမှ သတိမရနိုင်သော ချစ်သူကို တစ်နေ့မှ မေ့မရနိုင်တဲ့ ဒီကောင်အတွက် ပြန်ရလိုက်တာ ဒီလိုမျိုးလား။ မင်း တကယ်ပြောင်းလဲသွားခဲ့ပြီ။ မင်း ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက် ဘေးမှာ ပြုံးနေနိုင်ခဲ့ပြီ" ဟု Post တင်လိုက်မိသည်။ဝပ် သူမဆီ စာလှမ်းပို့ လိုက်မိပြန်သည်။
'မင်း အဲ့လောက်တောင် ပျော်နေတာလား...‌ အရင်တုန်းက မင်းပဲ ဝပ်ကိုတောင် ချစ်လို့ မဝသေးဖူးဆိုပြီး အခုကျ သူငယ် နှပ်စားလေး ဘေးမှာ ပျော်နေပြီနော်' ဟု ပို့လိုက်ရာ သူမဖက်မှ seen ပြသွားပြီး ပြန်တော့ မပြော ချေ။
ကိုယ်ပိုစ်တင်ပြီး သိပ်မကြာ messengerလေး ဖွင့်ကြည့်မိတော့ ဝပ်အကောင့် မီးစိမ်းနေတာမြင်ရတော့ ကိုယ့် ရင်တွေ တဒိန်းဒိန်းခုန်လာကာ အသက်ပြင်းပြင်း ရှူကာ စိတ်ငြိမ်အောင် လုပ်လိုက်ရပါသည်။နိုင်ကတော့ သူ့ Postအောက်က မန့်များကြည့်ကာ ကလေးပီပီ ပျော်ရွှင်နေလို့ ကိုယ်ဖြစ်တာ သတိထားမိပုံမပေါ်။ စိတ်ထိန်းပြီး Newsfeed ပြန်ကြည့်မိရာ ဝပ် ပိုစ့်ကို ထပ်တွေ့ရချိန် ကိုယ်အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်နိုင်ပါသည်။ကိုယ့်အပြုံးဟာ ခဏပါပဲလေ။ ဘာလို့ဆို အဲ့ခံစားချက်ဟာ ဘယ်လောက်ဆိုးကြောင်း ကိုယ်ခံစားဖူးလို့ ကိုယ် ကိုယ်ချင်းစာမိတယ်။ပြီးမှ သတိရမိတာက 'ဝပ် ဘာကြောင့် ဒီလောက်‌ ပေါက်ကွဲ‌ နေတာလဲ။ကိုယ့်ဖာသာ ပြုံးပြီး ပုံတင်မိတာ ဒီလောက် အပြစ်ကြီးသွားလား' ဟု တွေးမိပြန်သည်။ခဏအကြာ မက်ဆေ့ဝင်လာမှ ကိုယ်သဘောပေါက်သွားပါသည်။ဝပ်သည် နိုင့် wall မှာ ရှိနေတာ ဖြစ်မည်ဟု။ ဝပ်ကို စာ ဘယ်လို ပြန်ရမလဲ မသိတာမို့ ကိုယ် စာမပြန်တော့ပဲ အဝေးကိုသာ ငေးကြည့်နေမိသည်။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now