part -17

86 4 0
                                    

နှောင်ကြိုးမဲ့‌သော
အပိုင်း၁၇
ကိုယ်သည် ထိုင်းလေဆိပ်ရောက်သည်နှင့် ပထမဆုံးအကြိမ် သတိရမိသူက ဝပ်ပါ။
ကိုယ့်အဖြစ်က ကိုယ်မြတ်နိုးသော သူ မရှိသည့်အချိန် မှ သူရှိရာ နိုင်ငံ ရောက်နေရသည့်အဖြစ်လေ။
နောက် နေရမှာလဲ နှစ်နှစ်ကြီးများတောင်မလား။ သူသာရှိလျှင် ကိုယ်တို့ နှစ်ယောက် ဘယ်လောက်ပျော်ဖို့ကောင်းမလဲနော်။
"လွတ်မြောက်ပါရစေ"
ကိုယ်သူ့ကို မပိုင်ဆိုင်နိုင်မှန်း‌ သေချာပြီးတဲ့နောက် ကိုယ်သူ့ကို သတိရ လွမ်းဆွတ် နေလို့ရော ဘာထူးခြားမလဲ။
မဝေး တော့တဲ့အချိန်မှာ ကိုယ်သူ့ကို သတိရ တမ်းတ
ခွင့်တောင် ဆုံးရှုံးတော့မှာ။
ကိုယ်တို့ နှစ်ယောက်ဟာ လက်တွဲဖို့ မဖြစ်နိုင်တော့တဲ့အခါ ကိုယ်တို့ သီးခြား
ကမ္ဘာစီမှာပဲ ပျော်အောင်နေသင့်တယ်။
ကိုယ်တစ်ယောက်ထဲ
ကိုယ်တို့ အတိတ်ကနေ
ရုန်းမထွက်နိုင်စွာ အစွဲအလန်းကြီးနေလဲ
မင်းမပါတော့မယ့် အနာဂတ်မှာ နောက်ဆုံး နာကျင်ရမှာ ကိုယ်ပဲ မဟုတ်လား။
ဖြစ်ချင်တိုင်း
ဖြစ်ခွင့်မရတဲ့ လောကကြီးမှာ
ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဖူးလို့ ကိုယ်လက်ခံခဲ့တာတောင်
မင်းအနား ရှိချင်သေးတဲ့
စိတ်ကို  ချိုးနှိမ်သတ်ရင်း
တချို့အရာတွေက
ဆုပ်ကိုင်ထားလေ ပိုနာကျင်လေပဲလို့ တွေးကာ
ကိုယ်အစွဲလမ်းကြီးသူ
မလုပ်တော့ဖူးနော်။
ကိုယ်ရယူခြင်းနှင့်
ပေးဆပ်ခြင်းမှာ
အတ္တကြီးစွာ ရယူချင်ခဲ့လဲ
ကံကြမ္မာက ပေးဆပ်ခြင်းသာ ခွင့်ပြုထားလို့
ကိုယ်ရင်နာနာနဲ့ပဲ စွန့်လွှတ်ခဲ့ပြီမို့
ဒီတခါတော့ လွမ်းဆွေးခြင်းက လွတ်မြောက်ပါရစေလို့ ဆုတောင်းချင်မိတယ်။"
သူ့ အကြောင်း သတိရကာ ရင်၌ဖြစ်သော ကဗျာတစ်ပုဒ်တီးတိုးရွတ်မိပြီးမှ
'။ကိုယ်နဲ့မဆိုင်တော့ သော သူသည် မကြာတော့သော အချိန်တွင် တခြားတစ်ယောက်ရဲ့ တရားဝင် ခင်ပွန်းအဖြစ်ကို ရောက်ရှိတော့မှာလေ။ကိုယ်ဘာလို့ သူ့ကို တွေးနေရသေးလဲ။ ရှေ့လျှောက် ကိုယ့်အနာဂတ်သည် ကိုယ်တစ်ဦးတည်း ပညာရေး လောကသစ်ကြီးကို စွန့်စားခြေဆန့်ဖို့ ကြိုးစားရုန်းကန်ရဦးမှာ" ဟု ကိုယ့်စိတ်ကို ပြန်အားတင်းကာ သူ့ကို မေ့လိုက် တော့ ဖို့ ဆုံးဖြတ်မိပါသည်။
ထိုင်း လေဆိပ်တွင်ဆိုင်းဘုတ်ကိုင်ပြီး ရပ်စောင့်နေကြသူတွေအများကြီး။
ကိုယ်သည် အခုမှ ထိုင်းဆရာကို  ရှာရမယ်ဟု တွေးမိကာ အင်း ခက်ပြီ ကိုယ်ဆရာ့ပုံလဲ တောင်းမထားမိပြန်ဖူး။ ဆရာနဲ့လဲ Line ဖြင့်သာ စကားပြောဖူးကာ အပြင်တွင် အခုမှ တွေ့ရမှာပါ။
ကိုယ့်စိတ်ထဲ ထင်မိသည်က ဆရာသည် Professor မလို့ အသက်ကြီးကြီး အဖိုးကြီး ဟုာထင်ထားခဲ့ပြီး လေဆိပ် လာကြိုတော့ ဆရာသည် အသက်သိပ်မကြီးသော လူလတ် ပိုင်းအရွယ် အသားဖြူစွတ်စွတ် အရပ်ပုပု လူဖလံလေးမျှသာ။(လူကောင်သာ သေးပြီး ပညာ၊ ခံယူချက်နှင့် စိတ်နေစိတ်ထားသည် ရှေးအဖိုးကြီးစတိုင် စာကြမ်းပိုး ဆရာတစ်ယောက်ပါ)
ကိုယ်ကတော့ အသက် သိပ်မကြီးသေးတော့ အနဲငယ်ရှိန်လန့်ဖြတ်မိကာ ဆရာ့ ကားပေါ်တောင် မတက်ရဲပဲ တစ်ခြားသူများကိုပါ ခေါ်ချင်လို့ တောင့်တောင့်ကြီး ရပ်နေမိတယ်။(ပြန်စဉ်းစားကြည့်တော့ ဘာကို ကြောက်မှန်းတောင် အဖြေရှာမရဖူး)။
ထိုင်းဆရာသည် ကိုယ့်ရဲ့ ပုံစံကို ရိပ်မိပုံရကာ
("Hey, Phyu, Do you wanna me to take me your friends together with us?? If you wanna to take them with us, I am ok, you can tell them this." )
"မင်းသူငယ်ချင်းတွေ ခေါ်ချင်ရင် ခေါ်လိုက် ငါ အဆင် ပြေတယ်" လို့ ပြောတော့ ကိုယ် ပြုံးပျော်ရွှင်စွာ တစ်ခြားသူတွေကိုပါ ခေါ်တော့တာပဲ။
အဲ့နေ့မှာ ဆရာသည် နေမည့်အဆောင် လိုက်ပို့ပြီး ပရိဘောဂ ပစ္စည်း ဝယ်ဖို့ရန်ပါ သူတို့ကိုပါ ခေါ်ဖို့ ပြောကာ  ကိုယ်တို့ တစ်ဖွဲ့လုံးကို Shopping mallဆီခေါ်သွား‌‌ ပေးတယ်။
အဲ့နေ့ နေ့လည်စာလဲ ဆရာ ကဆိုင်တစ်ဆိုင်ထဲ ခေါ်သွားကာ ကြိုက်တာ မှာဖို့ ပြောပြီး ကိုယ်တို့အားလုံး စားဖို့ယိုးဒယားသဘ်ောသီးသုပ် မှာပေးကာ ကိုယ့်ကို
(" I think you like it, now can you try this?? I wanna know it is delicious or not.")
"ဒီအသုပ်လေး မြည့်ကြည့်ပါ့လား မင်းကြိုက်မယ်ငါထင်တယ် " ဆိုပြီး မေးလို့ ကိုယ် မြည်းကြည့်ရာ အသုပ်က အရမ်းစပ်တော့ သီးသွားကာ မျက်ရည်တွေပါ ဆို့တက်သွားတော့သည်။
ဆရာလဲ ကိုယ့်ကြည့်ပြီး လန့်သွားကာ ရေသောက်ခိုင်းပြီး ခဏ ပျောက်သွားပါတော့သည်။ ခဏနေတော့
ဆရာ ပြန်ရောက်လာကာ
ဆရာ့လက်ထဲ ထိုင်း အချိုမုန့်ပါလာကာ စားခိုင်းပါ တော့ငည်။
ထိုအချိန်တွင် ကိုယ်သည် ဆရာဟာ တကယ်ကြင်နာတတ်သော ဆရာတစ်ဦးဖြစ်တယ်ဆိုတာ နားလည်လိုက်သလို ဆရာ့ကို ကြောက်ခြင်းကင်းကာ ရင်းနှီးစွာ ပြောရဲ လာပါသည်။
ထိုနေ့က တစ်ဖွဲ့လုံးသည် နောက်ရက်များတွင် အပြင်မထွက်ရတော့မည့်အလား ဝယ်လိုက်ကြတာဆိုတာ ညနေ  ၄နာရီအထိ ဝယ်မပြီးပါ။
ကိုယ်က အရင်တခါက ရောက်ဖူး နေဖူးပေမယ့် အဲ့တုန်းက အလုပ်ရဲ့စီစဉ်ပေးထားမှူကြောင့် ပရိဘောဂ မဝယ်လိုက်ရပဲ တက်နေရုံသာလေ။
အခုကျတော့ နှစ်နှစ် နေရမည်မို့ မီးဖိုချောင်သုံးပစ္စည်းတွေပါ သူများဝယ်သမျှ လိုက်ဝယ်မိပါသည်။ ဘာလို့ဆို ဘာလိုအပ်မှန်း ဘာတွေဝယ်ရမှန်း မသိလို့ပါ။
နောက်တော့ သူတို့ ဝယ်တာ များလာတဲ့အခါ ဆရာ့ကို အားနာမိတာမို့ ကိုယ် လိုက် မဝယ်တော့ပဲ ဆရာရပ်စောင့်ရာ နေရာ ပြန်သွားမိတော့ ဆရာသည် နာရီတကြည့်ကြည့် ဖြစ်နေရှာပါသည်။ကိုယ်လဲ အလိုက်သိစွာ
" Teacher, do you have something to do this evening?? If you have to do, I will tell them to stop buying now and we will go back home.
("ဆရာ၊ ဒီည နေ တစ်ခုခုလုပ်စရာရှိ လို့လား??  ဆရာလုပ်စရာရှိတယ်ဆိုရင် သူတို့ကို အခု ဝယ်တာရပ်ကြမယ်လို့ပြောပြီး သမီးတို့ အိမ်ပြန်ရ‌ အောင်ပြောလိုက်မယ်" ဟု မေးတော့ ဆရာသည် သူ့သားကျောင်းကြိုဖို့ ရှိသည်ဟု ပြောတာနဲ့ ကိုယ်လဲ တစ်ခြားသူများကို လိုက်ပြောပေမယ့် တစ်ယောက်က ရွေးနေတုန်းဖြစ်ကာ တော်တော်နဲ့ မပြီးခဲ့ဖူး။
ကိုယ်သည် ဆရာ့ကို အားနာတာရော သူတို့နဲ့လဲ အခုမှ သိတာမို့ ကြားညှပ်ကာ မျက်နှာ ပူစွာ ဆရာ့ကို မချိပြုံးပဲ ပြုံးပြနေမိသည်။
ဆရာသည် ကိုယ်တို့ကို အပြစ်စကားတခွန်းမဆိုပဲ သူ ကျောင်းမကြိုနိုင်တော့ ဖူးလို့ သူ့အမျိုးသမီးကို ဖုန်းဆက်လိုက်ပုံရပါသည်။
အားလုံး ဝယ်ပြီးတဲ့ နောက် ဆရာသည် ကိုယ် ပြောထားသော ကုတင် ဝယ်ဖို့ ကိစ္စ ကို မမေ့လျော့ပဲ ကုတင်ဆိုင် သို့ ထပ်လိုက်ပို့ပေးသည်။
ကိုယ်သည် အသိအကျွမ်းမရှိတော့ အဆောင်ကို ရတာ ယူလိုက်သည်မို့ အဆောင်သည် ဘာပရိဘောဂမှ မပါသည့် အဆောင်‌ဖြစ်ကာ နေဖို့အဆင်ပြေရန် အားလုံး ဝယ်ရပါ တော့သည်။
ကိုယ်သည် ထိုင်း စ ရောက်ချင်းပင် ဆရာ၏  ဆရာပီသစွာ မိဘအုပ်ထိန်းသူ တစ်ယောက်လို နွေးထွေးစွာကြိုဆိုမှူ ခံခဲ့ရလို့ ကိုယ့်ရဲ့ ကြောက်စိတ် တစ်ဝက် ပြေလျော့သွားခဲ့ပါသည်။
နောက်တစ်နေ့ မနက် ကျောင်းသွား registration ကိစ္စ အားလုံး အချောသတ်သွားလုပ်ရသလို ပညာသင်ဆုဆိုင်ရာ စာချုပ် ကို ဆရာနဲ့အတူ လက်မှတ်ထိုး ကတိပြုခဲ့ရသည်။
ဆရာသည် အပြန် ကိုယ်တက်ရမည့် ဌာနကိုပါ တခါတည်း ခေါ်ပြကာ လမ်းမှတ်ထားဖို့ ပြောပါသည်။အဲ့ဒီလို ပြထားတာတောင် နောက်နေ့ ထုံးစံအတိုင်း လမ်းရောသွားကာ မမှတ်မိလို့ တစ်ယောက်တည်း ငိုမဲ့မဲ့ဖြစ်ကာ လမ်းရှာရပြန်သည်။
နောက်ဆုံး လမ်းရှာ မ တွေ့ဝောာ့ သည့်အခါ ဆရာ့ကိုပဲ အားနာနာနဲ့ ဖုန်းဆက် လှမ်းပြောလို့ ဆရာ လာခေါ် ပေးရသည်။
ဆရာသည် ထိုအချိန်ထဲက ကိုယ့်ရဲ့ ကြောက်အားကြီးသည့်စိတ်ကို သနားသွားပုံရကာ ဘယ်သွားသွား စိတ်မချဖြစ်ကာ အပြင်သွားလျှင် သူငယ်ချင်းများမပါလျှင် သူကိုယ်တိုင် လိုက်ပို့ပေးတတ်သည်။
ဆရာသည် ဌာနရှိ ဆရာအကုန်လုံးကို
ကိုယ့်ရဲ့ တော်မှူ၊ ပရဟိတတွေ အလုပ်များ လုပ်နိုင်မှူကိုချီးမွမ်း ပြောကာ  မိတ်ဆက်ပေးတော့ ဆရာအားလုံးသည် ကိုယ့်ကို လေးလေးစားစားဆက်ဆံ ဂရုစိုက်ပေးကြသည်။
ကိုယ်သည် ထမင်းစားတိုင်းလဲ ဌာနရှိဆရာများနှင့်အတူ ထိုင်စားရခြင်း၊ ဆရာ စာသင်ချိန်များတွင် နောက်က လိုက်ကူပေးရခြင်းတို့ကြောင့် တချို့ ထိုင်းကျောင်းသားများသည် ကိုယ့်ကို ဆရာဟုပင်ထင်မှတ်နေကြသည်။
ပထမ ကျောင်းစတက်သည့် လေးလလုံး ဆရာနောက် လိုက်ကူရင်း ဆရာက ကလေးတွေ စာလုပ်နေချိန်  ကိုယ့်ကိုပါ ပြန်ရှင်းပြပေးပြီး လိုအပ်လျှင် လက်တွေ့ပါ  တခါတည်း လုပ်ခိုင်းတတ်သေးသည်။ အခြေခံ‌ကျောင်းပိတ်ရက်များတွင် ဆရာသားအကြီးနှင့် သမီးအငယ်ပါ ကျောင်းလိုက်လာတတ်ပြီး ဆရာသည် ကိုယ့်ကို သူ့သားသမီးနှင့် ရင်းနှီးစေချင်ပုံရကာ ကြည့်ပေးဖို့ တောင်းဆိုပါသည်။
ကိုယ်သည် သူတို့နှင့် ဌာနဝန်းအတွင်း လျှောက်သွားခြင်း၊ ဆိုင်ထိုင် အအေးသောက်ခြင်း၊ ဆရာ့သားအကြီးအား English စာသင် ပေးခြင်းမျိုးလုပ်ပေးကာ ဆရာ့သားနှင့်သမီးကို ကြည့်ပေးခဲ့ပါသည်။
ဆရာ့သားအကြီးသည် ကိုယ့်ကို ချစ်ကာ ကိုယ်နဲ့ လေပေးဖြောင့်ပါသည်။
ဆရာ့သမီးအငယ်ကတော့  ကိုယ့်ကို ဆရာနှင့် သူ့အကိုလစ်သည်နှင့် မျက်စောင်းထိုး၊နှုတ်ခမ်းစူကာ ပွစိပွစိ ရန်လုပ်တတ်သလို စိတ်မထင်လျှင် ဆံပင်လာဆွဲ၊ ပါးလိမ်ခြင်းတို့ပါ လုပ်တတ်သည်။
က‌လေးဆိုတော့ သူ့အဖေက ကိုယ့်ကို
"ဖြူ့ကို မင်းတို့အမ
လိုဆက်ဆံရမယ်"  ဟု ပြောမှူအပေါ် J ဝင်တာရော ကိုယ်က သူတို့စကား မပြောတတ်တော့ ထူးဆန်းနေတာလဲ ပါမလားတော့မသိ။
ဆရာက သမီးအငယ်ကို သဲသဲ လှုပ်မလို့ ကိုယ်သည် ဆရာ့ သမီးကို လုံးဝ မထိရဲသလို သူ့ရန်လုပ်လျှင်လဲ ငြိမ်ခံရပါသည်။
ကိုယ် ထိုင်းကို ရောက်တာ ငါးလ မြောက်သည့် နေ့တွင်
ဆရာသည် ကိုယ့်ကို ကျောင်းသားများ နားမလည်လို့ မေးသည့် အခါ ဝင်ရှင်းပြခိုင်းခြင်း၊ Lab လုပ်သည့်အခါ ဘေးနားက စောင့်ကြည့်ပေးရခြင်းတို့ပါ လုပ်ခိုင်းပါသည်။
ထိုသို့ လုပ်ခိုင်းသည့်အခါ ကိုယ်သည် ကျောင်းသားများ
၏ Thai သံ ရော Englishကို လုံးဝ နားမလည်တဲ့အခါ ရေးပြခိုင်းရခြင်း၊ ကိုယ်ပြောလျှင်လဲ ရေးပြရခြင်းနှင့် အမြဲ ဘေးနားတွင် စာရွက် အလွတ်စောင်ထားရသည်။
အဲ့အချိန်အထိ ဆရာသည် ဌာနရှိ စည်းကမ်းအကြီးဆုံးနှင့် အအေးဆုံး Lab ခန်းကနေ အပြင် လုံးဝမထွက်တဲ့ Professor မှန်း မသိခဲ့ဖူး။
ဆရာသည် ဌာနတွင် Englandမှ  ကျောင်းပြီးသော Professor မြောက်မြားစွာ ရှိတာ‌ တောင် ထိုင်းမှာပဲ Doctor ဘွဲ့ ရသည့် ဆရာရဲ့ Circuit Design မြောက်မြားစွာထွင်နိုင် သည့် Research ပညာကို မကျော်နိုင်ကြပါ။(အဲ့ဒါလဲ နောက်မှ ကိုယ်သိခဲ့ရတာ။ကိုယ်သည် ဆရာနဲ့သာ အနေများပြီး တစ်ခြား ထိုင်းသူငယ်ချင်း မရှိသည့်အတွက်လဲပါသည်)။
ကိုယ့်ရဲ့ ကျောင်းပျော်ချိန် သက်တမ်း မကြာခင် ကုန်တော့မယ်ဆိုတာ မသိပဲ ကိုယ်သည် ဆရာခိုင်းတာ လုပ်ရင်း  အခုမှ မူလတန်းတက်သည့် ကလေးတစ်ယောက်လို ဘာမှမသိပဲ ပျော်ရွှင်ခဲ့တာပေါ့လေ။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now