part - 10

164 8 0
                                    

နှောင်ကြိုးမဲ့သော
အပိုင်း၁၀

မင်းခန့်
ကျုပ် ငတိမလေးက ထိုင်းက ပြန်ရောက်ကတည်းက ပိုရဲရင့်ထက်မြက်လာတယ်။

ရုံးမှ ပြသနာတွေ မျိုးစုံဖြစ်နေတာတောင် အိမ်ကို တစက်ကလေးမှ မပြောပဲ သူ့ဖာသာ ဖြေရှင်းသွား‌တာ။

အဲ့အကြောင်း ကျုပ်သိရတော့ ကျုပ်အကိုတယောက်ရဲ့ ပီတိနဲ့ ပျော်မိတယ်။

ကျုပ်ငတိမလေး ဘဝဆိုတာကို တကယ်သိနားလည်သွားပြီမို့ ကျုပ် စိတ်အေးရပြီ။

ဒါကြောင့်မို့ အနောက်နိုင်ငံတွေက အသက်ဆယ့်ရှစ်နှစ်ပြည့်ရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခိုင်းတာဖြစ်မယ်။

ကျုပ်တို့မြန်မာတွေက အဲ့လောက်ထိ လုပ်ဖို့မလိုပေမယ့် ကလေးတွေကို ဘဝအကြောင်း ပိုနားလည်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးရမယ်။

နေရာတကာ လိုက်စိတ်ပူ တားမြစ်နေမယ့်အစား  ဒါလုပ်ရင် အမှားဖြစ်မယ် ဆိုးကျိုးရှိတယ်ဆိုတာ သိအောင် တခါတလေ လွှတ်ပေးလိုက်ပါ။

ဒီနေ့ ငတိမကို လမ်းကြုံလို့ ရုံးသွားကြိုရင်း လမ်းမှာ စကားပြောဖြစ်ကြတယ်။ကျုပ်ကို ငတိမက ဘာပြောလဲဆိုတော့

"ကိုငယ် ငါ ထိုင်းရောက်သွားတာ ငါ့အတွက် ဘဝကို သေချာ နားလည်သွားစေတယ်ဟာ။အရင်က ရုံးနဲ့အိမ်အလုပ်‌ လောက်ပဲ ငါသိခဲ့တာ။တခုခုဖြစ်ရင် အိမ်ကို ပြောပြပြီး ပြသနာတွေကို ဖြေရှင်းခိုင်းခဲ့တာ။ထိုင်းရောက်တော့ အရာအားလုံးကို  ကိုယ့်ဖာသာ ရှင်းခဲ့ရတယ်။ကိုယ်မသိသေးတဲ့သူတွေကိုလဲ ‌အဆင်ပြေအောင် ကြည့်နေခဲ့ရတယ်။ကိုယ့်ကိုကိုယ် ဆုံးဖြတ်နိုင်စွမ်း တွေးခေါ်နိုင်စွမ်းတွေ တက်လာတယ်။ ဘယ်အရာ အမှားအမှန်လဲ ကိုယ့်ဖာသာ သုံးသပ်ဆင်ခြင်နိုင်ခဲ့တယ်။အလုပ်နဲ့ပတ်သတ်လို့လဲ မသိသေးဝာာတွေ အများကြီးသိလာရတယ်။ကိစ္စတချို့ ဖြစ်ပြီးတဲ့အခါ လူတွေကို အပြောမဟုတ်ပဲ တကယ်စာနာ နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။ငါ့ကိုယ်ငါလဲ ပိုလေးစားတန်ဖိုးထားနိုင်လာတယ်" တဲ့လေ။ကျုပ်က ငတိမကို

"အေး နင်အဲ့ဒါ ရင့်ကျက်သွားတာပဲဟ။နင် နောက် ဒီ့ထက်ဆိုးတဲ့အရာရော ကောင်းတဲ့အရာရော နင်ရင်ဆိုင်ရဦးမှာ။ဘဝ ဆို တာ စိန်ခေါ်မှု အပြည့်ပဲ ညီမလေး။ငါတော့ နင်ကောင်းတာတွေပဲလုပ်လုပ် ဆိုးတာတွေပဲ လုပ်လုပ် ဘေးက အမြဲရှိပေးနေမယ်။ဆိုးတာလုပ်ရင် နင့်ခေါင်းကို ဒီလိုခေါက်မယ်" လို့ ပြောပြောဆိုဆို ငတိမခေါင်းကိုခေါက်လိုက်တယ်။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now