နှောင်ကြိုးမဲ့သော
အပိုင်း ၃
ရဝပ်
ဒီနေ့ ဝပ်အမျှော်လင့်ကြီး မျှော်လင့်ထားသော သူမ
အိမ်သို့ သွားရမည်။ ဝပ်ဆုတောင်းနေမိသည်မှာ သူမ အိမ်က ဝပ်ကို အမြင်ကြည်စေချင်မိတယ်ဗျ။ဝပ် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်လဲညီ သူမ ဘိုးဘွားမိဘတို့လဲ ကြိုက်လိမ့်မည်ထင်သော 'တိုက်ပုံနဲ့ပုဆိုး' ကို မြန်မာစရောက်တဲ့နေကတည်းက ဟိုတယ်ဝန်ထမ်းကို ဘယ်မှာ ရမလဲ မေးကာ ဝပ်နဲ့လိုက်မယ့်ဝတ်စုံကို သွားဝယ်ထားခဲ့တာ။
ဝပ် သူမကို အံ့ဩစေချင်လို့ ဘာမှ မပြောပဲ တစ်ယောက်တည်း ကြိတ်လှုပ်ရှား ဝယ်ထားရတဲ့ ဝတ်စုံက သူမနှင့် သူမအကိုတို့ရဲ့ပုံကို (ရီချင်တာ ကို အောင့်ထားကြတဲ့ပုံစံ) တွေ့မိတော့ ဝပ် နဲနဲတော့စိတ်ရှုပ်သွားမိတယ်။
သူမက ဝပ်ကို သူမ့အကိုလက်ကိုဆွဲပြီး
"ဒါ ငါ့'ကိုငယ်'၊ နင့်ကို လက်သီးစာ ကျွေးမယ့်သူ" ဟု ဝပ်ကို မိတ်ဆက်ပေးကာ
သူမအကိုကလဲ ဝပ်နားကပ်ကာ"ငါ မင်းကို သိပ်ကြည်တာတော့ မဟုတ်ဖူး...
ငါ့ညီမ ကြိုက်နေပြီမို့သာ ငါလွှတ်ထားပေးတာ...
အခုလဲ ငါ့တို့အိမ်က မင်းကို
ဒီအဝတ်အစားနဲ့ သာ မြင်ရင်
ဝိုင်း တော့ နှင်မထုတ် လောက်ပေမယ့်
ကြည်ကြည်ဖြူဖြူ တော့ ဆက်ဆံကြမှာ မဟုတ်ဖူး" ဟု ပွင့်လင်းစွာ သူမ မကြား အောင် ကပ်သတိပေးတော့သည်။သူမက အကို ရှေ့မို့ ဝပ်အနားလဲ မကပ် ခပ်လှမ်းလှမ်းက နေ ခပ်ရို့ရို့လေး ခွာလျှောက်နေပြီး ဝပ်ကိုလဲ ခိုး ခိုးကြည့်တာ မြင် နေရ တော့ ဝပ် ပျော်ပြီး ရင်ခုန်သံ တွေ အတော်မြန်နေကာ သူမကို ဆွဲဖက်ထားချင်စိတ်ကို မနဲ ဘရိတ်အုပ်ထား နေရသည်။
ဝပ်ရင်ခုန်နေပါတယ်ဆိုမှ သူမက ဝပ်နား ကပ်လာပြီး သူမလက်ကလေးဖြင့် ဝပ်လက်ကို လာဆုပ်ကိုင်ကာ သူမ အရာရာ ရင်ဆိုင်ပါ့မယ်ဆိုတဲ့ပုံလေးနဲ့ကြည့် နေလို့ ဝပ် သူမကို ပြုံးပြပြီး အားပေးစကားဆိုမိလိုက်တယ်။
ဝပ် မယ် တခါမှ မဝတ်ဖူးတဲ့
တိုက်ပုံနဲ့ ပုဆိုးကြောင့် စိတ်အိုက်ရတဲ့ကြားထဲ သူမတို့ရပ်ကွက်ထဲရှိ လူအကုန်နီးပါးကလဲ အထူးအဆန်းသဖွယ် ထွက်ကြည့် နေတော့ ခြေလှမ်းတွေက ယိုင်တိယိုင်တိုင် ကွတ...ကွတ.. နဲ့ပဲ သူမအိမ်သို့ရောက်လာပါပြီ။
YOU ARE READING
နှောင်ကြိုးမဲ့သော, S1-2 Complete
Fantasyအချစ်ကို မသိခဲ့သော ဖြူဟာ သူငယ်ငယ်ကတည်းက မိဘတွေရဲ့ အရိုးစွဲ နေအောင်ဆုံးမခဲ့မှုအောက်မှာ လက်ခံကျင့်သုံးခဲ့မိသော နိုင်ငံခြားသားကို ချစ်မိမှာကြောက်တတ်သည့် မြန်မာမိန်းကလေး ဘဝမှာ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိပြီး တစ်ခုပြီးတစ်ခု စနစ်တကျ plan ထားကာ လုပ...