part - 13

75 4 0
                                    

အပိုင်း ၁၃
ကိုယ် ဆရာနဲ့အမ အတွက် Sweet memory လေး တစ်ခုဖြစ်စေမယ့် event လေးတစ်ခု လုပ်ပေးမယ်လို့ ဆရာ့ကို ကတိပေးထားသည့်အတိုင်း ဘဝမှာ ဆရာတို့အတွက် မေ့မရနိုင်တဲ့အမှတ်တရဖြစ်အောင် ကိုယ် ကြိုးစားဖန်တီးပေးမိပါသည်။ထိုနေ့က အမရဲ့ ဝမ်းသာကြည်နူးလို့ ကျတဲ့မျက်ရည်များနဲ့ ဆရာ့ကို ပြန်ပြောတဲ့စကားက
"ဟန်နီ ဒို့ ဘဝမှာ မင်းကို စတွေ့တုံးက သနားကရုဏာစိတ်နဲ့ခင်မိခဲ့သလို မင်းနဲ့ ရင်နှီးလာ‌ တဲ့အခါ မင်းရဲ့ ရိုးသားကြိုးစားမှူနဲ့ ဒို့ ကို ‌အမြဲ ဖေးမကူညီမှူတို့‌ဟာ ဒို့ မင်းကို အကြီးကြီး ကြွေစေတဲ့အချက်ပါ။ဒါကြောင့် မင်းဒို့ကို ချစ်တယ် မ ပြောပဲ လက်ထပ်ခွင့် တန်းတောင်းခဲ့တာကို   ဒို့ မငြင်းနိုင်ပဲ တန်း‌ ခေါင်းငြိမ့်ခဲ့မိတာ။ ဒို့တွေ လက်ထပ်ကြတော့ မင်းက အရမ်း အလုပ်များခဲ့ပြီး တခါမှ ဒို့‌ တွေ အပြင်ကို အတူတူ လျှောက်မလည်ဖူးသလို မင်းရဲ့အိမ်မက်ကို လွတ်လပ်စွာလုပ်နိုင်အောင် ဒို့ အလုပ်ပိုလုပ်ရ တဲ့အတွက် ဒို့ တွေ အတူဆုံချိန်ဟာ ညအိပ်ရာ ဝင်ချိန် ပဲနော်။ တစ်ခါတစ်‌‌လေ ဒီအမျိုးသားဟာ ဒို့ကို မချစ်ပဲ ဦးနှောက်နဲ့ ဆုံးဖြတ်ခဲ့လေသလား တွေးမိပြီး ဒို့ အမြဲ တိုးတိတ်ကြေကွဲခဲ့ရတယ်။ မင်းက ဒို့ထက် အဆပေါင်းများစွာ သာလွန်နေတာတောင် ဒို့ကိုပဲ ရွေးချယ်ခဲ့တာကိုပဲ ဒို့ ကျေးဇူးတင်သင့်တယ် တွေးပြီး ဒို့ ကျေနပ်ခဲ့ပြန်တယ်။ မင်း ဘယ်လောက် အလုပ်ရှူပ်ရှူပ် အိမ်ပြန်လာတာနဲ့ သားနှစ်ယောက်ကို အချိန်ပေးတာ အိမ်အလုပ်ကူပေးပြီး ဒို့ကို အမြဲ ညှာတာခဲ့တာကြောင့်လဲ ဒို့ မင်းကို ရွေးခဲ့မိတာကို နောင်တ မရ တော့ဖူး။ အခုကျမှ မင်း ဒို့ကို ချစ်တယ်လို့ ပြောတာရော ဒို့အတွက် ဒီပွဲလေး လုပ်‌ပေး‌တာလေး‌ကို အမြဲ အမှတ်ရနေမှာပါ။
ဒီတစ်သက် မင်းဆီက အချစ်မရ တော့ ဖူးလို့ တွေးထားမိတဲ့ ဒို့ ပြောမပြတတ်အောင် ကြည်နူးဝမ်းသာတယ် ဟန်နီ။ ဒို့ မင်းကို အရမ်းချစ်တယ်" ဟု  အမ ပြောလိုက်တော့
ကိုယ့် ဆရာ တော့ မသိဖူး ကိုယ်တော့ ကြက်သီးထမိတဲ့အထိ ကြည်နူးသွားတာ။နောက် အမရဲ့ ဆရာ့အပေါ် ပေးဆပ်သီးခံနိုင်မှူကို လေးစားသဘောကျမိတယ်။
မိန်းကလေးတစ်ယောက်ဟာ ဘဝ လက်တွဲဖော် အရွေးမမှားဖို့နဲ့ ဘယ်အချိန်မှာမဆို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်နေရမယ်။
(စိန် နားကပ်ရောင်ကြောင့် ပါးပြောင်နေမှာထက် မိမိရဲ့ကိုယ်ပိုင်အလင်းရောင်နဲ့သာ တောက်ပလင်းလက်နေအောင် ကြိုးစား‌ကြနော် ချစ်သော အမိတို့ရေ။ ကိုယ်သည် တစ်ချိန်မှာ အားငယ်နေတဲ့ ကြယ်ကလေးတွေအတွက် နှစ်သိမ့် ခွန်အားပေးနိုင်သောသူ ဖြစ်ချင်ပါတယ်။ကြယ်ကလေးတိုင်း ပိုလင်းလက်လာအောင် အထောက်အကူပြုပေးနိုင်သောသူ ဖြစ်ရပါစေ။ကြယ်ကလေးတွေ ကမ္ဘာမြေမှာ လှပသာယာရှင်သန်နိုင်ဖို့ ကိုယ့်ကိုကိုယ် ပိုချစ်ပါ။ပိုကြိုးစားပါ။မင်းဟာ မင်းမိသားစုအတွက် တန်ဖိုး မဖြတ်နိုင်သော သူတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့နဲ့။ဘဝမှာ အနိုင်ကို ကျေနပ်‌ ပျော်ရွှင်တတ်ကြသလို အရှူံးကိုလဲ လက်ခံနိုင်ကြဖို့ လိုပါတယ် ကြယ်ကလေးတို့ရေ။ကိုယ် က မိန်းကလေးမို့ မိန်းကလေးတွေရဲ့ ဖြစ်တည်မှူကို ပိုကိုယ်ချင်းစာတတ်တာပဲရှိတာ။ကိုယ်က တဖတ်သတ်မိန်းမသားဝါဒီကြီးစိုးသူ မဟုတ်လို့ နှစ်သိမ့်မှူလိုအပ်နေတဲ့ လူတိုင်းအတွက် စိတ်ဓာတ်ခွန်အားဖြည့်ပေးချင်ပါတယ်။ကိုယ်လဲ အမြဲ စိတ်ခွန်အား မပြည့်သေးတော့ လဲလိုက် ပြန်ထလိုက်ပါပဲနော်)။
🌟🌟🌟🌟🌟🌟
ဝပ် ကိုယ့်ကို အဲ့နေ့ ဖုန်းဆက်ခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး သူ လုံးဝ ထပ်မဆက်သွယ်တော့ပါ။
ကိုယ်က သူ စိတ်ဖြောင့်ဖြောင့်နဲ့ ကိုယ့်ကို ချန်ခဲ့ နိုင်အောင် ကိုယ့်ဖက်က တမင် မဆက်သွယ်မိအောင် နေဖို့ စဉ်းစားထားတော့ ကိုယ်လဲ သူ့ကို မဆက်သွယ်မိဖူး။
ဝပ်က ကိုယ့်ကို တကယ် အပြစ်ဒဏ်ပေးခဲ့တယ်နဲ့တူပါရဲ့ သူ ထွက်သွားတာတောင် ကိုယ့်ကို လုံးဝမနှုတ်ဆက်ပဲ ထွက်သွားခဲ့သူ။
ကိုယ့်ကို တမင်ရှောင်ခွာခဲ့သူမို့ထင်ပါတယ် သူဘာလုပ်နေလဲတောင် ယင့်ကိုရော အမ မိုင်တို့ကိုပါ မသိစေခဲ့သလို သူ အားလုံးကို လုံးဝ အဆက်သွယ်ဖြတ်နေခဲ့တာ တစ်နှစ်ကျော်ကျာ်။
လွမ်းတယ်ဆိုတာ ကြာလာလေ အီစိမ့်နေအောင် လွမ်းတတ်လာပြီး အဲ့အရသာကိုပဲ နှစ်ခြိုက်စွဲလန်းသွား အောင်  ဝပ် ကိုယ့်ကို သင်ပေးနိုင်ခဲ့တယ်။
လွမ်းတဲ့ ဒီဂရီမြင့်လာလေ တွေ့သမျှအရာတိုင်းက ကိုယ့်ကို ပိုလွမ်းတတ်အောင် ပြုစားနေသယောင်ပါပဲ။
သူနဲ့  ဝေးတဲ့ တစ်နှစ်ကျော်မှာ ကိုယ် သူ့ကို သတိမရ တော့အောင် နည်းမျိုးစုံကြိုးစား‌ နေထိုင်ရပါတယ်။
ဘာလို့ဆို သူ ကိုယ့်ကို စိန်ခေါ် ထားခဲ့တဲ့အပြင် ကိုယ် သူ့အကြောင်း ဘာမှ မသိရတော့အောင် လုပ်ခဲ့တဲ့သူကို ကိုယ် ဘယ်လိုနည်းနဲ့ ဆက်သွယ်ရမလဲ‌လေ။
သူ နဲ့ကိုယ်ဟာ  ပေါင်းစပ်ဖို့ မပါလာသော ခဏတာတွေ့ဆုံမှုလို့ လက်ခံနိုင်‌ အောင် ကြိုးစား နေထိုင်ရင်း ကိုယ့်ဘဝကိုလဲ ပိုကြိုးစား တည်ဆောက်ရတာပေါ့။
တစ်နှစ်ကျော်မှ ဖုန်းနဲ့ဆက်သွယ်တဲ့ ဝပ်ဟာ ယင်တို့ကို ကိုယ့်အကြောင်းလဲ မမေးခဲ့သလို သူတို့ပြောတာကိုလဲ တားဆီးခဲ့တယ် ပြန်ကြားရချိန်မှာ ကိုယ်ဟာ သူ အတော် မာနထိသွားတာပဲလို့ သိလိုက်ပါပြီ။
သူ အဆင်ပြေအောင်ကြိုးစားနေတယ်လို့ပဲ ယင်တို့ကို ပြောပြီး ဘာမှ အသေးစိတ် မပြောသလို ဖုန်းနံပတ်တောင် တစ်ခါသုံးကတ်နဲ့ ဆက်သွယ်တဲ့အထိ သူ အတော် အသဲမာသွားစေတာ ကိုယ့်ကြောင့် လို့ ထင်မိပေမယ့် သိပ်မကြာခင်ပဲ သူ Europe မှာ ကျောင်းလာတက်တဲ့ ထိုင်းကျောင်းသူလေးနဲ့ တွဲနေတယ်လို့ ထပ်ကြားရတဲ့အခါ အချိန်သည် လူကို ပြောင်းလဲစေတတ်သလို အချစ်သည်လဲ တစ်ချိန်ချိန် အသစ်တွေ့နိုင်တတ်တယ်လို့ ကိုယ် သိလိုက်ရပြန်တယ်။
ကိုယ် အစထဲက သူ့ကို ဘာနှောင်ကြိုးမှ မပါပဲ သွား‌‌ စေချင်မိသူမို့ ကိုယ့်အတွက် သူအဆင်ပြေတယ် ကြားရရုံနဲ့တင် ကိုယ်ကျေနပ်ပျော်ရွှင်‌ ပြီးသားပါ။
သူ ကိုယ့်ကို အဲ့အချိန်ကျမှ
"နင် အစစ အရာရာ အဆင်ပြေတယ်မလား...
ဝပ် ဒီ ထိုင်းကောင်မလေးကို လေ့လာလို့ အဆင်ပြေတယ်ဆို နောက်နှစ်အကုန်မှာ
နှစ်ဖက်မိဘ အသိပေးပြီး လက်ထပ်မယ်...နင်အခု အလုပ်ကရော အရင်အလုပ်ပဲလား" လို့ FB ကနေ စာပို့‌ဆက်သွယ်တော့တယ်။(သူအခု မြန်မာစကားတောင် မ ပြောတာ ကြာတော့ မှတ်မိတော့မယ်မထင်ဖူး။သူက FB အကောင့်တောင် deactivate လုပ်ကာ ကိုယ့်ကို အဆက်သွယ်ဖြတ်ခဲ့တဲ့သူလေ)။ကိုယ်လဲ
"အင်း.. ဝပ် ကိုယ် အဆင်ပြေပါတယ်...ကိုယ်တို့ နိုင်ငံ အကြောင်းလဲ နင် ကြားတယ်မလား...
ကိုယ် အခု အလုပ်ထွက်လိုက်ပြီ ယုံကြည်မှူ တစ်ခုအတွက်ပေါ့လေ...
ကိုယ် အဲ့အတွက် ကိုယ့်ဆရာနဲ့တောင် စကားများကြသေးတယ်...
ဆရာက ကိုယ့်အတွက် စိုးရိမ် စိတ်ပူတာပါ...ကိုယ်ကျောင်းဆက်တက်ဖို့ ကြိုးစားနေတယ် ဝပ်" ဟု ပြန်ဖြေလိုက်သည်။ ဝပ်လဲ
"အင်း.. နင် ခေါင်းမာတာတော့ အရင်အတိုင်းပဲ..ဘာပဲ ဖြစ်ဖြစ် နင် ဂရုစိုက်နော်..လိုတာရှိလဲ ဝပ် ပြောလေ... နင် ကျောင်းတက်ဖို့ လုပ်တာ အဆင်ပြေပါစေ... ငါအလုပ်လေးရှိလို့ နောက်မှ ဆက်သွယ်မယ်" လို့ သူ ပြောပြီး လိုင်း ဆင်းသွားတယ်။သူ ဆင်းသွားတော့ ကိုယ့်မှာ အတွေးမျိုးစုံနဲ့ ကျန်နေခဲ့ရော။
'ချစ်ကြသူတိုင်းဘဝနှစ်ခုပေါင်းစပ်နိုင်မယ်လို့ မျှော်လင့် မရသလို ကိုယ်တို့နှစ်ယောက်အတွက်လဲ လမ်းခွဲခြင်းကသာ ပိုကောင်း‌ တာပဲမလား။ ရုပ်ရှင်တွေထဲကလို ဒီလူသည် ကိုယ့်အတွက် အဓိက ဇာတ်ကောင်လား ဖြတ်လျှောက်အခန်းကလားဆိုတာ ကိုယ်တို့ ကြိုမှ မသိနိုင်ပဲလေ။ ဝပ်ဟာ ကိုယ့်အတွက် အဓိက မင်းသားမဟုတ်ခဲ့လေမှန်း ကိုယ်ကြိုတင်သိနေတာတောင် တကယ်ကြုံတွေ့ရချိန်မှာ ကိုယ့်နှလုံးသားဟာ စူးခနဲအောင့်ကာ နာကျင်နေတုံးပဲ။

နှောင်ကြိုးမဲ့သော, S1-2 CompleteDonde viven las historias. Descúbrelo ahora