part - 9

86 3 0
                                    

နှောင်ကြိုးမဲ့သော(ဒုတိယတွဲ)
အပိုင်း ၉
ကျွန်တော်(ဇော်ကိုဦး) ၏ စက်ပြင်ရတာကို စိတ်ဝင်စားမှူနှင့် အတိတ်ပါရမီပါသည်က တစ်ကြောင်း မှတ်ဉာဏ်‌ကောင်းမှူနှင့် ဝီရိယကြီးမှူတို့ကြောင့် နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာပင် ဦးကြီးမြင့်ထံမှ  ကားဝပ်ရှော့ ပညာတော်တော်များ သင်ယူတတ်မြောက်ခဲ့ပြီး ဖြစ်‌သွားသည်။

ထို့ကြောင့်ပင် ဦးကြီးမြင့်သည် ကျွန်တော့်ကို သူကားပြင်သည့်အခါတိုင်းသူ့ရဲ့လက်ထောက်
တစ်ယောက်လို‌ အနားမှာထားကာ သင်ပေးရင်း ခေါ်ခိုင်းတော့သည်။

ဦးကြီးမြင့် ၏ လက်စွဲတော် ဖြစ်လာသော ကျွန်တော့်ကို ဒေါ်လှသည် အိမ်အလုပ်ခိုင်းမရ‌တော့ပဲ ကျွန်တော်သည် ဝပ်ရှော့ ပညာကိုသာ တစ်စိုက်မတ်မတ်လေ့လာခွင့် ရခဲ့ပါသည်။

ကျွန်တော်သည် ကားပြင်တတ်လာသည့်အခါ ဦးကြီးမြင့်သည် ကျွန်တော့်ကို မုန့်ဖိုးများပေးလာသည့်အတွက် ကျွန်တော် ထိုငွေများကို စုပြီး ရွာမှ အမေ့ဆီ ပြန်ပို့ပေးခဲ့ပါသည်။

အမေသည်လဲ ကျွန်တော် ငွေပြန်ပို့နိုင်သည့်အတွက် အလုပ်မလုပ်တော့ပဲ အိမ်မှာ အနားယူနေနိုင်ခဲ့ပါသည်။

ကျွန်တော့်အဖေ (သူ့မောင်)၏ အရက်ဖိုးကြောင့်သာ တခါတခါ ဈေးပြန်ရောင်းရရှာသည်။

ကျွန်တော်လဲ ခုနစ်တန်းရောက်လာတော့ အဖေ့ကို ငယ်ငယ်ကလို မမုန်းတော့ပဲ သီတင်းကျွတ် ရွာပြန်သည့်အခါတိုင်း အဖေ့ကို အရက်မသောက်ဖို့ နားချ‌ ပေမယ့် မရခဲ့ပါဖူး။

အဖေက အရက်မမူးလျှင် လုံးဝ ငြိမ်ကျသွားပြီး တစ်ယောက်တည်း ငူငူကြီးထိုင်ငေးနေတတ်ပြီး မူးလာလျှင်တော့ တစ်ရွာလုံးကို ပတ်စိန်ခေါ် ဆဲတော့တာပဲ။

တစ်ရွာလုံးကလဲ အဖေ့အကြောင်းသိနေပြီမို့ ဘယ်သူမှ ဘာမျှ မပြောကြလို့သာ တော်ပါသေးသည်။

ဒါတောင် တခါက တခြားရွာဖက် ရောက်သွားပြီး မူးရူးဆဲတော့ ဟိုဖက်က ကာလသားလူငယ်များက ဝိုင်းရိုက်ကြတာ မသေရုံတမယ် ဆေးရုံတက်ကုလိုက်ရတယ်။အ‌ဖေကပဲ သက်ဆိုးရှည်တယ်ပြောရမလားမသိဖူး အားလုံးက သေပြီထင်တာတောင် ပြန်ကောင်းလာတာလေ။

ကျွန်တော်ရှစ်တန်း ရောက်တဲ့အခါ ဆရာတွေ၏လမ်းညွှန်မှူဖြင့် အစိုးရစက်မှူအထက်တန်း
ကျောင်းတက်ကာ စက်များအကြောင်း ထပ်လေ့လာခွင့်ရပြီး ထိုမှ တဆင့် GTI ဆက်တက်ခွင့်ရခဲ့ပါသည်။

ထိုကျောင်း၏ လစာငွေနှင့် တခါတခါ အပြင်တွင် စက်ပြင်လို့ရသည့်ငွေဖြင့် ရွာရှိအဖေတို့ကို အမြဲ ထောက်ပံ့ပေးနိုင်ခဲ့သည်။

ကျွန်တော်
GTI ပြီးခါနီးတွင် ကျောင်းရှိဆရာတစ်ယောက်၏အကူအညီဖြင့် ဂျပန် scholarship ရခဲ့ပြီး ဂျပန်ကနေ ကျွန်တော် ခြေဆန့်ခဲ့သည်မှာ နိုင်ငံပေါင်း ဆယ့်ရှစ်နိုင်ငံတိတိမှာ Researchလုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။

ကျွန်တော် ဂျပန်တွင်နေထိုင်စဉ် ဒုက္ခရောက်သည့်အချိန် ကူညီပေးခဲ့သော ကျွန်တော့် အိမ်သူသက်ထား (ထိုင်းကပြား) ကိုပဲ ဘဝလက်တွဲဖော်အဖြစ် လက်ထပ်ခဲ့ပြီး ကျွန်တော်တို့မှာ သားနှစ်ယောက် ရခဲ့ပါပြီ။

လက်ရှိမှာ ကျွန်တော့်အမျိုးသမီးနှင့် သားနှစ်ယောက်သည် ထိုင်းတွင် အခြေကျနေထိုင်ခဲ့ပါသည်။

ကျွန်တော်သည် အသက်ရလာသည့်အခါ နိုင်ငံကို ချစ်ခင်မြတ်နိုးစိတ်ပိုဖြစ်လာသလို အမေ့ကိုလဲ မသေခင်လေး ပြန်ပြုစုခွင့်ရချင်သည်မို့ မြန်မာကို ပြန်ခြေချခဲ့တာ။

အမျိုးသမီးနှင့် သားနှစ်ယောက်ကတော့ ဘယ်လိုမှ ခေါ်မရသည်မို့ ကျွန်တော်တစ်‌ ယောက်တည်း  မြန်မာပြည်ပြန်လာခဲ့မိတယ်။

(နောက်အပိုင်းသစ်အားလုံး ဒီပုံလေးကိုပဲ ယူသုံးတော့မယ်နော်။ဇာတ်လမ်း ရောသွားမှာ စိုးလို့ပါရှင့်)

ကျူးလစ်

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now