part - 8

90 3 0
                                    

နှောင်ကြိုးမဲ့သော
အပိုင်း၈

ကျွန်တော်ဆိုတဲ့ ဇော်ကိုဦးဘဝ အသက်ရှင်ရတာက
ရွာက ကျွေးအမေ
(ကြီးဒေါ်ကြီး) ရဲ့‌ ကောင်းမှုကြောင့်ဆိုပါတော့။

ကျွန်တော့်ကို မွေးပြီး မီးတွင်းထဲ ဆုံးသွားတဲ့ အမေရယ် အမေဆုံးပြီးထဲက ဘဝကို ရေစုန်မျောပြီးနေ တော့မယ်လို့ တွေးကာ မိုးလင်းက‌နေမိုးချုပ် အရက်ထိုင်သောက်နေတဲ့ အဖေကြောင့် အဖေ့အမ ကျွန်တော့်ကြီးဒေါ်က ကျွန်တော့်ကို နို့ဗူးတိုက် မွေးခဲ့ရတယ်ဗျ။

ကြီးဒေါ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ယောကျာ်းရဲ့ ဖောက်ပြန်စွန့်ပစ်မှုခံလိုက်ရပြီး တစ်ခုလပ် ဘဝနဲ့ ရုန်းကန် နေရသူ။ ကြီး‌ဒေါ်သည် သူမယောကျာ်းကို စိတ်နာလွန်းအားကြီးသည့်အတွက် မည်သည့်ယောကျာ်းနှင့်မှ ထပ်မပတ်သတ်‌ တော့ဖူးဆုံးဖြတ်ချထားသည့်သူ ဖြစ်သည်။ သားသမီး မရှိတဲ့ သူမဘဝအတွက် ကျွန်တော်သည် သဲကန္တာရက 'အိုအေစစ်'လေးဖြစ်ခဲ့ပါသည်။

ကျွန်တော်သည် မေမေ့ (ကြီးဒေါ်)ကိုသာ ကျွန်တော့်ဘဝရဲ့ တစ်ခုတည်း‌ သော အားကိုးရာ ဟု မှတ်ယူခဲ့ တော့ အဖေ့ကို တောင် မေမေ့(ကြီးဒေါ်)
ဆီ အရက်ဖိုးလာတောင်းလျှင် ဘုကြည့်ပြန်ကြည့်ပြီး မောင်းထုတ်တတ်ပါသည်။

အဖေသည်လဲ ကျွန်တော့်ကိုဂြိုလ်ဆိုးကောင်လေး ဟု သတ်မှတ်မျက်မုန်းကျိုးခဲ့ သည့်ဟန်ရှိပြီး ကျွန်တော်ကိုယ်တိုင်သည်လဲ အဖေ့ကို တစ်စက်ကလေးမှ ကြည့်မရဖြစ်ခဲ့ပါသည်။

ထို့ကြောင့် သားအဖနှစ်ယောက် ဆုံကြသည့်အခါ အဖေသည်လဲ ကျွန်တော့်ကို ထောင့်မကျိုးသည့် ကလေးဟုဆိုပြီး ဘာအပြစ်မှ လုပ်ထားခြင်းမရှိသည့်ကြားက အမြဲ နရင်းအုပ် ရိုက်နှက်တတ်ပါသည်။

ကျွန်တော် သုံးတန်း နွေရာသီကျောင်းပိတ်ရက်တွင်
ကျွန်တော့် ဘဝ အလှည့်အပြောင်းကြုံဖို့ ကံပါလာ မှူကြောင့်ထင် ကျွန်တော်တို့ရွာကို မြို့ပေါ်မှ ကျွန်တော်တို့ ရွာသား ဦးကြီးမြင့် ရဟန်းခံရှင်ပြုလာလုပ်သည်နှင့်ကြုံရပါသည်။

ဦးကြီးမြင့်က ကျွန်တော့်ရဲ့သွက်လက်ချက်ချာမှု လိမ္မာရေးခြားရှိမှုတို့ကို သဘောကျကာ ကျွန်တော့် အမေ(ကြီးဒေါ်)ထံ ကျွန်တော့်ကို မြို့ပေါ်ထည့်နိုင်လား မေးပြီး ခေါ်ပြီး သူ့ကားဝပ်ရှော့ ပညာအမွေပေးဖို့ ကမ်းလှမ်း တော့တယ်။

နှောင်ကြိုးမဲ့သော, S1-2 CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ