"ဟက်သေသွားပြီတဲ့ ဟား..ဟား..ငါ.သေသွားပြီ
နောက်ဆုံးတော့ ငါ့ဘဝကြီးငြိမ်းချမ်းသွားပြီပေါ့ ရှောင်ကျန့်ရေမင်းဘဝကြီးငြိမ်းချမ်းပြီတဲ့ ဟား..ဟား.ဟား.."မြူခိုးတေပဲပြည့်နေပြီး အဆုံးမရှိတဲ့ ကွင်းပြင်ကျယ်ကြီး ထဲမှာ
ကောင်လေးတစ်ယောက် ဟာ နာကြည်းစွာအော်ရယ်နေလေရဲ့ဟက် ရယ်ဖို့ကောင်းလိုက်တာ ပြန်တွေးကြည့်ရင် တကယ်ကို
ရယ်စရာတေပါပဲ...
တစ်ချိန်တုန်းက ဖအေဆိုတာဘယ်သူမှန်းမသိတဲ့
ကောင်လေးတစ်ယောက်က လူမှန်းသိတတ်စအရွယ်ထဲက
ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မကျန်းမာတဲ့မိခင်ကို ပြုစုဖူးတယ်
10နှစ်အရွယ်ကောင်လေးရဲ့အသိညဏ်မှာ ဈေးရောင်းပြီး
ကျွေးနေတဲ့မိခင်ကိုကူဖို့ပဲသိခဲ့တယ်..ကျောင်းလည်းမတတ်က မြို့ငယ်လေးမှာ မထင်မရှားနေခဲ့သည် တစ်နေ့မှာပေါ့ မိခင်ကရောဂါကျွမ်းပြီး
ဆုံးသွားပြီး သူမဆုံးခင် တစ်စုံတစ်ဦးနဲ့ ဆက်သွယ်ပေး
ခဲ့တယ် ..မိဖမဲ့ကျောင်းလေးကိုရောက်ပြီး သိပ်မကြာခင်မှာ
တရားမဝင်တဲ့ မှောင်ခိုဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့
ဖခင်ဆိုသူလာခေါ်ခဲ့သည်။ သူသိပ်ပျော်တာပေါ့ တစ်ခါမှမမြင်ဖူး မတွေ့ဖူးပေမယ့် ဖေအေဟာ ရှိသေးတယ်ဆိုတာသိရတော့ဒါက ငါ့ရဲ့တစ်ဦးတည်းသော သွေးသား အေးစက်ပြီးရက်စက်လှတဲ့ ဖခင်မျက်နှာကိုကြည့်ပြီးတွေးမိတယ်
ထိုအချိန်မှာစပြီး ပြင်းထန်တဲ့လေ့ကျင့် မှုတေ 10နှစ်အရွယ်ကလေး အတွက်ခက်ခဲကြမ်းတမ်းလွန်းတယ်
ထိုအရာတေက ဂိုဏ်းရဲ့ ခေါင်းဆောင်နေရာအတွက်တဲ့
ငါလိုချင်တာက မေတ္တာလေ ထားပါ အဖေ့အတွက်..ငါလက်ထဲမှာသွေးစွန်းခဲ့တယ်မကောင်းမှန်းသိရဲ့နဲ့ဖခင်ဆိုသူ
အတွက်အသက်တစ်ချောင်းလား အသက်ပေါင်းများစွာလား
အရာအားလုံးကို လုပ်ပေးတယ် ပြန်ရတာက
ချီးကျူးတဲ့အကြည့်တစ်ချက်ဆိုရင်တောင်ကျေနပ်သည်။အချိန်တေ တစ်ဖြည်းဖြည်း ကြာလာသည်။ တစ်နေ့
သူမကိုတွေ့ခဲ့တယ် သူမကအရမ်းကြင်နာတာ
ဂိုဏ်းထဲက တစ်ဦးတည်းသော အားအကိုးရဆုံးမိန်းကလေး
YOU ARE READING
What is love?[အချစ်ဆိုသည်မှာ (system )]{Completed}
Fanfictionမှောင်ခိုဂိုဏ်းတစ်ခုရဲ့ အနာဂတ်ခေါင်းဆောင်လေး ရှောင်ကျန့်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာမှ systemတစ်ခုနဲ့ ချိတ်ဆတ်မိပြီး လွှတ်ဝှက်ဆန်းကြယ်ကမ္ဘာတစ်ခုကို သွားရဖို့ အကြောင်းဖန်လာခဲ့သည်။ ရှောင်ကျန့်က လူတေကို ဘယ်လိုကယ်တင်မလဲ? သူ့ရဲ့ ချစ်ရသူနဲ့ကော မည်သို့...