Part 21

4.5K 391 13
                                    

ဟုန်ရီ ရွာက ပုံပြင်လေးအဆုံးသတ်
_________________________

ရှောင်ကျန့် ဇာတ်ကြောင်းဖတ်ပြီးတာ ငါးမိနစ်တောင်မကြာလိုက်
ထိုမိစ်ဆာက ဝမ်ရိပေါ် လက်ချက်ဖြင့် ဘဝပျက်တော့မည်။
တစ်ကိုယ်လုံး သွေးများဖြင့် ချင်းချင်း ရဲနေပြီး ဝတ်ရုံတေပါ ပြဲရဲနေပြီ ဝမ်ရိပေါ်ကတော့ ချွေးတစ်စက်ပင် မထွက်သေး
ထိုမိစ်ဆာကလည်း အကြောတင်းကာ ဆက်တိုက်နေတုန်း

"ဝမ်ရိပေါ် ရပ်လိုက်တော့ သူ့ကို မသတ်လိုက်နဲ့"

‌ဝမ်ရိပေါ်က ရှောင်ကျန့်ဆီ အာရုံရောက်လာတုံး ထိုမိစ်ဆာက တိုက်ခိုက်ဖို့ပြင်သည်။

"သူဒဏ်ရာရသွားရင် ရှရှားရန် ဘယ်မှာရှိလဲ ငါမင်းကိုပြောပြမှာ မဟုတ်ဖူးနော် ရှားယွင်"

"ချွန် ...."

ရှားယွင်ရဲ့ လက်ထဲက ဓားက လွတ်ကျသွားသည်။ တစ်ကိုယ်လုံးတုန်ရီလာပြီး ရှောင်ကျန့်ကို နားမလည်စွာကြည့်နေသည်။ ဝမ်ရိပေါ် အပါဝင်ပေါ့

"မင်း မင်း ရှရှားယွင်ကို ဘယ်မှာ ဖွက်ထားတာလဲ"

"ရူးနမ်းနေတာတေတော်လိုက်တော့ စောက်တန်ဖိုးမရှိတဲ့ စကားတေငါ့ကို လာမပြောနဲ့ သူက ဘာမလို့ ငါက တကူးတက ဖွက်ကမှာလဲ"

စစ်လန်ရဲ့ အေးစက်လှတဲ့ ပုံကို ဝမ်ရိပေါ်မမြင်ဖူးခဲ့ သိပ်ကို လေးနက်တဲ့ မျက်နှာဖုံးအောက်က မျက်နှာဟာ တည်ကြည်ကာ ခန့်ညားလွန်းပြန်သည်။

"နောက်ဆုံးမေးမယ် တွေ့ ချင် သ လား မ တွေ့ ချင် ဖူး လား "

ခေါင်းကို စောင်းပြီးတစ်လုံးချင်းစီပြောတဲ့ စစ်လန်မှာ ဒီလိုအရှိန်အဝါမျိုး ရှိလိမ့်မယ်လို့ ဝမ်ရိပေါ်မထင်ခဲ့မိ။

"မင်းသိရင် ငါ့ကို ပြောပြပါ ကျေးဇူးပြုပြီး"

ဒူးထောက်ကာ တောင်းပန်နေသည့် ထိုမိစ်ဆာက ခုနက အကြောတင်းခဲ့သူလို့ မထင်ရက်စရာပင်

'သူက ဘယ်အကြောင်းအရာကို သိသွားပြန်တာလဲ'

"လာ ရိပေါ် ကိုယ်နဲ့ လိုက်ခဲ့ "

ရိပေါ်လို့ ခေါ်လိုက်တာကြောင့် သူ့မှာ တောင့်ခဲသွားသည်။
သူရဲ့ လက်‌ကောက်ဝတ်ကနေ စုပ်ကိုင်ကာ သစ်ပင်တေ ပေါ်ကနေ ကိုယ်ဖော့သိုင်းကို သုံးကာသွားနေသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now