Part 31

3.3K 287 0
                                    

ချန်အင်ပါယာ နန်းတော်ထဲက ဇာတ်လမ်း
---------------------------------

ချန်တလာအင်ပါယာရဲ့ ဂိတ်ဝမှာ ဂိတ်စောင့် တပ်သားငယ်လေးများမှာ တစ်စုံတစ်ခုကို စစ်ဆေးရန်အသင့်ဆောင့်နေကြသည်။ ကောင်းကင်ယံကနေ ဓားပျံစီးကာ ဆင်းသက်လာတဲ့သူကို တာဝန်အရ စစ်ဆေးကြသည်။ မိစ်ဆာ‌အငွေ့ အသက်တေ ပြည့်နှက်နေတဲ့ လူက သိပ်ကို ကြောက်ဖို့ကောင်းလွန်းပါတယ်။
အထောက်အထားနဲ့ မိစ်ဆာစစ်သူကြီးရဲ့ တိပ်ဆိပ်ပြားနဲ့ ချန်အင်ပါယာရဲ့ ဝင်ခွင့်ကပ်ပြားပါ တစ်ပါတည်းစစ်ဆေးပြီး
ဂိတ်တံခါး ဖွင့်ပေးလိုက်ကြသည်။

အသင့်ရပ်ဆောင့်နေတဲ့ အင်ပါယာနန်းတော်၌ ရာထူးကြီးထဲက လူသုံးဦးထဲက နှစ်ဦးက ရဲဝံ့စွာ ထွက်ကြိုပြီး ရှေ့က လမ်းပြကာ အင်ပါယာ နန်းတော်သို့ အမြန်နှုန်းနဲ့ဦးတည်သည်။ ကျန်တစ်ဦးကတော့ တုန်ချိချိဖြင့်

~~~~~~~

ချန်တာလာအင်ပါယာရဲ့ အလယ်ပိုင်းမှာ ကြီးမားလှတဲ့ တောအုပ်ကြီးကို ဖြတ်သန်းသွားရင် အင်ပါယာ နန်းတော်နဲ့ ပိုပြီးနီးစပ်တဲ့ ဖြတ်လမ်းဖြစ်သည်။

တောကြီးထဲ နှစ်ပေါင်းမရေတွက်နိုင်အောင်ကြာနေဖြစ်တဲ့ အပင်အိုကြီး များစွာရှိသည်။ ထိုအပင်ကြီးတေက ရှည်လည်း ရှည်ပြီးအရမ်းကို သန်မာကြသည်။ ထိုသစ်ပင်အိုကြီး သုံးပင်မှာ နေရာယူထားတဲ့ လူလေးဦးက ကောင်းကင်ယံကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။

သိပ်မကြာခင်မှာပဲ ကောင်းကင်ထက် ဓားပျံဖြင့် ပျံသန်းလာတဲ့ လူ၎ဦး အရမ်းမမြင့်လွန်းသဖြင့် သစ်ပင် အိုကြီးပေါ်ကနေ သူတို့လေးယောက်လုံး ရှင်းလင်းစွာမြင်နေရသည်။သိပ်မကြာခင်မှာပဲ အပင်အိုကြီးတေနဲ့ မလှမ်းမကန်း ရောက်လာတဲ့သူတေထဲက မိစ်ဆာကို အဝါရောင်ကြာပွတ်က တားဆီးသလို လှမ်းရိုက်သည်။

တစ်ဖက်က မိစ်ဆာသံတမန် ဖြစ်သည့်အလျောက် သူ့ရဲ့ စွမ်းအားဖြင့် တားလိုက်နိုင်သည်။ ထိုအချိန်မှာပဲ ရဲဝံ့စွာ ဦးဆောင်လမ်းပြခဲ့တဲ့ လူနှစ်ဦးထဲက တစ်ဦးကြောင့် တုန်ချိချိနဲ့ အရာရှိတစ်ဦးဟာ သူမသိလိုက်ခင်မှာပဲ မေ့သွားပြီး
နောက်တစ်ယောက်ကတော့ မိစ်ဆာသံတမန်ကို တိုက်ခိုက်သည်။
ထိုအချိန်မှာပဲ အဝါရောင် ကြာပွတ်က ထက်၍ သူရဲ့ ဒကောက်ကွေးကို ရိုက်ချလေသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now