Part 43

3.2K 273 3
                                    

Part 43

တော်ဝန်သမားတော်ကြီးရဲ့ လွှတ်ဝှက်ချက်က ဘာများလည်း?
_______________________________

နက်နံခင်းနေရောင်နဲ့အတူ ထုံးစံအတိုင်းပင် ရှောင်ကျန့်က အရင်နိုးထလာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်မှာ ခိုင်ခံ့လွန်းတဲ့ နွယ်ပင်တေ‌လို ဝမ်ရိပေါ်ရဲ့ လက်တေရော ခြေထောက်တေကပါ မလှုပ်နိုင်အောင် ရစ်ပတ်ထားပြီး ဝမ်ရိပေါ်ရဲ့ နခေါင်းလုံးလုံးလေးက ရှောင်ကျန့်လည်တိုင်မှာ ကျောက်ချလေ‌တယ် ။ ဝမ်ရိပေါ်ရဲ့ ခေါင်းလေးက ရှောင်ကျန့်လက်မောင်းပေါ် အုံးထားသည့်အတွက် ကျင်နေသလို ခံစားရပေမဲ့ ရှောင်ကျန့်ကမမူ။

"ဝမ် ...."

တိုးဖွတဲ့ အသံလေးနဲ့ ရှောင်ကျန့်ရဲ့ လက်ချောင်းတေက ဝမ်ရိပေါ်ရဲ့ ပါးတေကနေ ဆံနွယ်တေဆီ ထိုးဖွလေတယ်

"ထတော့နော် မင်း ညီလာခံတက်ရအုံးမယ်လေ "

မနက်ခင်းကြားရတဲ့ ကြည်လင်တဲ့ အသံလေးကို မသိချင်ရောင်ဆောင်ပြီး ဝမ်ရိပေါ်က ခေါင်းလေးမော့ကာ နှုတ်ခမ်းလေး အနည်းငယ် အရှေ့ပို့ကာ တစ်ခုခုကို တောင်းဆိုနေသည်။

"ဟက် ကြည့်အုံး စောစောစီးစီး ချွဲနေတာလား "

"မွ"

အသံလေးအနည်းငယ် မည်သည်အထိ နမ်းလိုက်တော့ ဝမ်ကိုယ်တော်လေး ပြုံးတော်မူကာ မျက်လုံးဖွင့်လာပြီ

"မွ မွ"

ဝမ်ရိပေါ်က ထက်မံအသံထွက်အောင် ထိုနှုတ်ခမ်းပါးလေးကို နမ်းသည်။

"ကိုယ်တော့်ရဲ့ မနက်ခင်းတိုင်း ကျန့်နဲ့ပဲ အတူနိုးထချင်တယ်"

"မင်းရဲ့ သဘောအတိုင်းပါပဲ သွား ရေချိုးတော့ ညီလာခံနောက်ကျနေလိမ့်မယ်"

ဝမ်ရိပေါ်က ထလိုက်ပြီး ရှောင်ကျန့်ဘက်လှည့်ကာ

"အတူတူ ရေချိုးကြမလား"

"တော်ပါပြီကွာ ညီလာခံမတတ်ရတော့ပဲနေမယ် "

"ဒါဆို ကိုယ်တော့်ရဲ့ ဆံပင်တေရော ဝတ်ရုံတော်ရော ကျန့်လုပ်ပေး"

"မင်းမပြောတာတောင်မှ ကိုယ်က လုပ်ပေးမှာ"

ဝမ်ရိပေါ်က ကျေကျေနပ်နပ်ပြုံးကာ ရေချိုးခန်းထဲထွက်သွားသည်။ ထိုလက်ဆတ်တဲ့ အပြုံးတေက ထိုလူသားနဲ့မှ ဖြစ်တည်ဖူးတာမျိုး

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now