Part 52

2.5K 233 6
                                    

စတင်ခဲ့သော စစ်ပွဲ
------------

ကျိုးအိမ်တော် ဘုရားခန်းမှာ လက်အုပ်ချီကာ ထိုင်နေတဲ့ ကျိုးရှမီ သူမရဲ့ မျက်လုံးအိမ်က မျက်ရည်များကျနေသည်။ စစ်မြေပြင်သို့ ရနေ့မနက်တိုင် ထွက်ခွါတော့မဲ့ သူနှစ်ဦးအတွက် သူမရဲ့ စိတ်နှလုံးစုံ မအေးချမ်းနိုင်လေဖူး
ထိုနှစ်ဦး အသက်ရှင်လျက်ပြန်ရောက်လာဖို့သာ တောင်းဆုပြုမိတယ်။

**********

ကောင်းကင်ထက် ပျံသန်းနေတဲ့ ငှက်အုပ်‌တေအလား ဓားပျံတေကို ရေတွက်လို့ရမည်မဟုတ်။

တိုင်းသူပြည်သားတေ အားလုံးက ကောင်းကင်ထက်ကို မော့ကြည့်ကာ ဘုရားရှင်ထံ လက်အုပ်ချီက ဆုတောင်းတယ်။ ဒါက တူညီတဲ့ ဆုတောင်းသံ တစ်ခုပါပဲ။ သူတို့ကို ကာကွယ်ပေးနေတဲ့သူတေ ကံကောင်းဖို့သာ

များပြားလှတဲ့ လူအုပ်ကြီးရဲ့ ရှေ့မှာဦးဆောင်နေသူ ဝမ်ရိရှင်း၊ ထန်ရင်၊ ဝမ်ချင်းရယ်၊ ဒုစစ်သူကြီး အပါအဝင် စစ်သူကြီးချုပ် နဲ့ သူ၏ ကြင်ယာတော်

သူတို့၏ နောက်မှာလည်း စစ်သူကြီးချုပ်ရဲ့ တပ်ကို ဦးဆောင်ထားတဲ့ ကျင်းဇူနဲ့ ဖန်းရင်းဟွာလည်း ရှိနေသလို နန်းတော်က အရာရှိပေါင်းများစွာပါ ရှိနေသည်။

အားလုံးက တိတ်ဆိတ်နေကြပြီး လေကို ထိုးခွင်းသွားနေသံကိုသာ ကြားနေရသည်။ ရှေ့မှာရှိတဲ့ ဝမ်ရိပေါ်က ကြင်ယာတော်ရဲ့ လက်ကိုဆုပ်ကိုင်ထားသည်။

✨✨✨✨✨✨✨✨✨

နှစ်ရက်ကြာသော်
_________

ကန္တာရလို ခြောက်ကပ်အပ်ကွဲနေတဲ့ မြေပြင်မှာ ရွတ်ဖျင်တဲတေ များပြားလွန်းစွာ ထိုးထားသည်။ ရွတ်ဖျင်တဲများ စုဝေးထားသည့် အလည်တွင် ချန်အင်ပါယာရဲ့ အလံကို ထောင်ထားသည်။

ထိုရွတ်ဖျင်တဲတေထဲကမှာ ကျယ်ပြီး တခြားတဲတေနဲ့ မတူလှတဲ့ ရွတ်ဖျင်တဲထဲမှာ လူသုံးဦးရှိသည်။ ထိုလူသုံးဦးရဲ့ရှေ့ သွေးနီရောင် ပုလဲတစ်လုံးရှိနေသည်။
ထိုအချိန်မှာ စားပွဲတို၌ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိစ်ဆာစစ်သူကြီးက စကားစလာသည်။

"မင်းထိမ်းချုပ်နိုင်တာ သေချာရဲ့လား"

လင်ချူယုံက သူကို အထင်သေးသလို ပြောနေတဲ့ လူကို စူးရဲစွာကြည့်သည်။ သူဟာ လူအများရှေ့မှာဆို သူရဲ့ ရုပ်ဆိုးတဲ့ မျက်နှာတစ်ဝက်ကို တစ်ခါတစ်လေ ဖုံးကွယ်ထားလေ့ ရှိသလို အခုလည်းသူက သံမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now