Part 20

4.8K 412 4
                                    

ဒီအပိုင်းက ပိုးစိုးပက်စက် လူသတ်တာတေပါနိုင်ပါတယ်ဗျာ
🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫

ဟုန်ရီက ပုံပြင်လေး
____________

"မင်းလူတိုင်းကို ဒီလိုမျိုး ဒုက္ခပေးတာပဲလား"

တုန်ရီနေတဲ့ ကလေးမိစ်ဆာကို ကြောက်စရာကောင်းလှတဲ့ ဝမ်ရိပေါ်က စစ်ဆေး မေးမြန်းနေသည်။

"လူတစ်ယောက်က ခိုင်း ခိုင်းလို့ပါ ဒီအမျိုးသမီးကို သတ်ပေးမယ်ဆိုရင် ကျုပ်တို့ ရွာလေး အရင်လို ပြန်ဖြစ်မယ် ဆိုလို့ပါ"

ရှောင်ကျန့်က မိစ်ဆာနားသွားကာ

"ဘယ်သူက မင်းတို့ရွာကို ဘာလုပ်ခဲ့တာလဲ ဘယ်သူက သူ့ကို မင်းသတ်ဖို့ခိုင်းတာလဲ ဒီအင်ပါယာရဲ့ ဒုစစ်သူကြီးဆိုတာကော သိရဲ့လား"

ထိုအခါမှ မိစ်ဆာလေးက ကြမ်းပြင်ပေါ်ဝတ်တွားကာ

"တောင်း ပန်ပါတယ် မသိခဲ့လို့ပါ ခိုင်းခဲ့တာက သခင်လေးတို့လိုမျိုး မျက်နှာဖုံးတပ်ထားတဲ့သူပါပဲ ကြာပါပြီ ဒီအမျိုးသမီးကို သတ်နိုင်ရင် ကျပ်တို့ရွာက မိစ်ဆာဆိုးကို နှိမ်နင်းပေးမယ်ဆိုလို့ပါ ...."

"မိစ်ဆာဆိုး ဒီသတင်းက နန်းတွင်းကို အဘယ်ကြောင့် မပေါက်ကြားခဲ့တာလဲ ။"

ဝမ်ရိပေါ်က မေးလာသည်။

"အရင်ချိန်တည်းက မိစ်ဆာနဲ့ လူတေဟာ ချစ်ကြိုးသွယ်ခဲ့ရင် လူတေနဲ့ဝေးရာမှာ နေထိုင်ခဲ့ကြတယ်။ တစ်‌ဖြေးဖြေးနဲ့ ထိုနေရာဟာ နေထိုင်မှုနှုန်းတိုးတတ်လာပြီး ဟုန်ရီရွာလို့ ‌နာမည်ပေးခဲ့ကြတယ် ရွာထဲကလူတေ လုံခြုံရေးအတွက် ထိုရွာကို လူမသိအောင် စုန်းတစ်ဦးကာ ဖွက်ပေးခဲ့တယ်
မိစ်ဆာတေ အချင်းချင်းတောင် ထိုရွာရဲ့ တည်ရှိမှုကို
မသိကြဖူး လူသားတေဆို ဝေးကော

တစ်နေ့ အကြောင်းအရင်း သေချာမသိပဲ ကျုပ်တို့ ရွာကို အငြိုးကြီးလွန်းတဲ့ မိစ်ဆာတစ်ဦးက တစ်အိမ်တက် တစ်အိမ်ဆင်း
မွှေကာ တစ်ခုခု ရှာခဲ့တယ် နောက်တော့ ရွာက ရာချီတဲ့ သူတေကို သတ်ဖြတ်ကာ သွေးချောင်းစီးစေတယ်

အငြိုးကြီးလွန်းတဲ့ မိစ်ဆာရယ် အစွမ်းထက်တဲ့ မိစ်ဆာတစ်ကောင်ရယ်ကို ပုန်းခိုနေထိုင်ကတဲ့ ရွာက သူတေက မတွန်းလှန်နိုင်ခဲ့ကြဖူး ‌တိုက်ခိုက်နေတာ ရပ်တန့်သွားပြီး သဘောတူညီမှု လုပ်ခဲ့တယ် ရွာက နုပျိုတဲ့ ယောက်ျားပျို မိန်းမပျိုလေးတေကို တစ်နေ့တစ်ယောက် ဆတ်သရခြင်းပဲဖြစ်တယ် ထိုမိစ်ဆာ နှစ်ကောင်က ရွာကသူတွေကို ထွက်မသွားနိုင်အောင် အစီအရင်တစ်ခု လုပ်ခဲ့တယ်

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now