part 16

5.3K 478 7
                                    

(ဒီအခန်းမှာရေးထားတာတေက ရိုးရာတေဘာတေ မသိတဲ့
အတွက် စိတ်ကူးရင်ရေးသားထားခြင်းပါ ဘယ်ထဲကမှ ကူးချထားခြင်းမဟုတ်ပါဖူး ဒီဝတ္ထုတစ်ပုဒ်လုံးက စိတ်ကူးရင်
ရေးသားသွားမည်ပဲဖြစ်ပါသည်။)

ရိုးရှင်းတဲ့ မင်္ဂလာဦးည
-------

မြင့်မားလှတဲ့ နန်းတော်ကြီးက တံခါးပေါင်းများစွာရှိသည်။
အဖြူရောင် တေကြီး ချယ်သထားပြီး ထိပ်ဦးပိုင်းမှာ မိုးပြာရောင်ကို ချယ်သထားသည်။ မသိရင် ကောင်းကင်ကြီးနဲ့
တစ်သားထဲလို့ အထင်မှားစရာပင်။ ခန်းနားတဲ့ နန်းတော်ကြီးကို အနီရောင်အပြင် အဆင်တေနဲ့ အလှဆင်ထားသေးသည်။

ကြီးမားလွန်းတဲ့ တံခါးပေါက်ကြီးဘေး
တစ်ဖက်တစ်ချက်စီမှာ စည်ကမ်းရှိစွာ
မပ်တပ်ရပ်နေကြတဲ့ လူကုန်ထံ ပြည်သူတေ က
နန်းတော်ရဲ့ အခန်းအနားကို ပါဝင်ချင်ပုံ

ထိုအချိန်မှာပဲ အနီရောင် ဝေါယဉ်ကြီးရပ်လာပြီး
နူးညံမှုအလျင်းမရှိတဲ့ ကြင်ယာတော် ဆိုသူက ကျားယားစွာ
ဆင်းသက်လာသည်။

အနီရောင်ဝတ်ရုံကြီးက လှပပေမယ့် ထိုသူနဲ့မှ ကျက်သရေရှိ
လှပြီး လိုက်ဖက်သွားပုံ အဖြူရောင်ဆံနွယ်တေကနေ စပြီး
အနီရောင်ဇာပဝါကြီးက မျက်နှာကို ဖုံးလွှမ်းထားသည်။
ပဝါအောက်က စူးရဲကာ တောက်နေတဲ့ မျက်ဝန်းတေကြောင့် ကြင်ယာတော်ကို တာဝန်ရှိသူတေမှာ မည်သူမှ တွဲမခေါ်ရဲ
ကြည့်နေကြတဲ့ ပရိတ်သတ်တေမှာလည်း ကြင်ယာတော် က
စစ်သူကြီးချုပ် လိုပင် အရှိန်အဝါတေရှိသည်ဆိုတာ သိနိုင်သည်။

"ရှေ့ကလမ်းပြပါ"

ကြင်ယာတော် ဆိုသူရှိက ထွက်လာတဲ့ ယောက်ျားဆန်တဲ့
အသံက နားထောင်ရ ကောင်းလွန်းပြီး တည်ငြိမ်လွန်းတယ်။
သေချာတာကတော့ ကြင်ယာတော်က နွဲ့နွဲ့နှောင်းနှောင်းမဟုတ်ပါလေ။

သေးပြီး ကျစ်လစ်တဲ့ခါး ရှည်လျားလွန်းတဲ့အရပ်က
စစ်သူကြီးချုပ်ထက်တောင် ရှည်နေမလား
စစ်သူကြီးချုပ်လိုတော့ ဗလတေရှိမနေဘဲ ပိန်ကာရှည်နေတဲ့
ကြင်ယာတော်ဟာလည်း ယောက်ျားရင့်မာ ခန္ဓာကိုယ်ကြီး
ခေါင်းမော့ ရင်ကော့ကာ ရှက်ရွံခြင်း ကြောက်ရွံခြင်း အလျင်းမရှိ အားကိုးချင်စရာကောင်းလှသည်။
မင်္ဂလာသတို့သမီး ဝတ်စုံ ဝတ်ထားတာလေး တစ်ခုပါပဲ။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now