Part 60

2.8K 216 2
                                    

နတ်သူငယ်မှင်စာလေးများ အကြောင်း🧚
______________________________

ဒီတစ်ခါပြန်နိုးထလာတာသည် ဝမ်ရိပေါ်အတွက် ပေါ့ပါးနေသလိုမျိုး ခံစားရသည်။ လည်ဂုတ်က အရင်လောက်မနာကျင်တော့ ပေမဲ့ ခံရခက်နေတုန်း။

သူ၏ လေးပင်နေတဲ့ မျက်လုံးတေကို ဆွဲဖွင့်တော့ နောက်တနေ့ လင်းကာစသာ ရှိသေးကြောင်း သိရသည်။ ကုတင်ဘေးအစွန်းမှာ ထိုင်နေတဲ့ ရှောင်ကျန့်က တစ်ခုခုရှာနေသယောင်။

"ကျန့်"

တိုးငယ်စွာခေါ်လိုက်ပေမဲ့ ရှောင်ကျန့်က သူ့ကိုဆက်ကနဲ လှည့်ကြည့်လာသည်။

"မင်းနိုးလာပြီ"

ပြုံးကာ ပြောတဲ့ ရှောင်ကျန့်ရဲ့ မျက်နှာလေးက ဖြူဖျော့နေသယောင်ရှိသည်။

"ဘာတေရှာနေတာလည်း"

"အာ ကိုယ်က ခေါင်းစီးကြိုး ရေချိုးဆောင်က ထွက်လာပြီး ဒီမှာ ခနတင်လိုက်တာ အခုတော့ ပျောက်သွားပြီပဲ ထားလိုက်ပါလေ"

စိတ်ရှုပ်သလို ပြောနေတဲ့ မျက်နှာလေးက အနည်းငယ်ဆူသွားသည်မှာ ချစ်စဖွယ်အတိ

"မင်းသိပ်ချစ်ဖို့ ကောင်းတာပဲ"

ရှောင်ကျန့် မျက်နှာတေရော တစ်ကိုယ်လုံးပါ နီရဲသွားသည်။ သူဟာ စကားလမ်းကြောင်းလွှဲရန်ကြံသည်။

"မင်းသက်သာလာပြီလား"

"ကျန့်က ဘယ်လိုသိတာလည်း"

သံသရများတတ်တဲ့ ဝမ်ရိပေါ်လေးက မျက်မှောင်ကြီးကြုပ်လို့

"အော် ဟော် ကိုယ်မပြောဖူးလား ဆေးဆိုတာက အနာမှန်ရင် သက်သာတာပဲမလား ကဲကြည့် အခုမင်းသက်သာသွားပြီ နောက်တစ်ခါ ဒါဏ်ရာရရင် ဆေးသောက်ဖို့ မပျင်းရဖူးနော်"

ဝမ်ရိပေါ်က နှုတ်ခမ်းကြီးဆူကာ အိပ်ယာထဲက ထဖို့လုပ်နေတာကြောင့် ရှောင်ကျန့်က ကူညီပေးသည်။ ဖြန့်ချထားတဲ့ ဆံနွယ်ဖြူလေးတေက ခက်သင်းသင်းရနံ့လေးက ဝမ်ရိပေါ်ရဲ့ စိတ်အာရုံကို ဖမ်းစားပြန်သည်။

"ကိုယ်တော်က ဆေးသောက်တာပျင်းရင် ကျန့်က ချော့ပြီးတိုက်ကမှာ မဟုတ်ဖူးလား"

ရှောင်ကျန့်က ညင်သာတဲ့ သက်ပြင်းလေးကို ချကာ

"မင်းက အရမ်းဆိုး‌နေတာပဲ ဝမ်ရာ"

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now