Part 18

5.2K 461 7
                                    

မီးပုံးပွဲတော် ခိုးထွက်ခြင်း
_________________

ဝမ်အင်ပါယာတွင်း နှစ်စဉ် ပျော်ရွှင်ဖွယ် ပွဲတော်ပေါင်းများစွာ ကျင်းပ လေ့ရှိသည်။ မတူညီတဲ့ အဆင့်တန်းတေနဲ့ ပွဲတော်တေကိုတောင် ခွဲခြားထားလေ့ရှိသည်။ ဥပမာ နန်းတွင်းပွဲတော်များနဲ့ ပြည်သူများ ကျင်းပသည့် ပွဲတော်များ ပင်ဖြစ်သည်။ နန်းတွင်းပွဲတော်များမှာ ကိုယ်တတ်ကြွမ်းရာကို ဘုရင်တို့ ဧကရာဇ်တို့ရှေ့ ပြုလုပ်ပြရင်း ချီးမြောက်ခံရသည်။ ထို့နောက် ပျော်ပွဲ ရွှင်ပွဲလုပ်ကာ ရိုးရှင်းလွန်းသည်။

ပြည်သူများကျင်းပသည့် ပွဲက ထို့သို့မဟုတ် ပွဲတော်အလိုက် ပျော်ပွဲရွှင်ပွဲ ကျင်းပကာ စည်းလုံးခြင်း တစ်ဦးကို တစ်ဦးမုန့်များ လှူတန်းကြွေးမွေ့ကြပြီး သိပ်ကို ပျော်ရွှင်ဖွယ်ကောင်းလှသည်ပေါ့။

အဖြူရောင်ပိုးသားဝတ်ရုံနဲ့ လူတစ်ဦးဟာ ဆံနွယ်ဖြူတေကို ကပိုကရို ထုံးဖွဲ့ကာ မျက်နှာဖုံး အမဲရောင်လေးဖြင့် ညကြီးကို တစ်နေရာကို သွားရန်ပြင်ဆင်နေသည်။ သူ့ကို ကြည့်ရသည်မှာ ခိုးထွက်မှာနင့်ပင် တူလှသည်။

စစ်သူကြီးရဲ့ အိမ်တော် ခေါက်မိုးထပ်မှာ ရပ်နေတဲ့ အဖြူရောင်လူသားက သူရှေ့က ဓားပျံပေါ် သွားရန် ဦးတည်ပေမဲ့

"ဒါဘယ်လဲ"

ဩဇာအာဏာ ပြည့်နေတဲ့ အသံက အနီရောင် စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူတစ်ဦးထံမှာ ထွက်လာသည်။ သူလည်း အပြင်ခိုးထွက်ဖို့ ချောင်းနေတဲ့ လူကို ဖမ်းရန် ခေါက်မိုးထပ်ကို တက်လာသည်မလား

"ကိုယ် မီးထွန်းပွဲတော် သွားမလို့"

"မီးထွန်းပွဲတော်က နောက်နှစ်ရက်တောင် လိုသေးတယ်"

"မဟုတ်ဖူး ဒီနေ့ညပဲ မြို့တိုင်းမှာ စနေပြီ"

"မင်းက တော်ဝန်မျိုးနွယ်ဖြစ်နေပြီ အရပ်သားတေ အပျော်အပါးတိုင်း ပါဝင်လို့မရသလို နန်းတော်က မသိအောင်ခိုးထွက်လို့လဲ မရဖူး"

"အာ ကိုယ်မှမသိပဲ ဒါပေမဲ့လည်း သွားကမှာပဲ ဒီလိုပွဲတော်တေကို သေချာ မြင်ဖူးချင်လို့"

"မသွားရဖူး"

တင်းမာနေတဲ့ မျက်နှာနဲ့ ပြောလာတဲ့ ဝမ်ရိပေါ်

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now