Part 35

3.3K 339 15
                                    

ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ မိသားစုလေး
___________________________

လှပတဲ့ မြင်ကွင်းလို့ပဲ ဆိုရမှာလား အကြီးတန်တဲ့ အလောင်းကောင်တေကြားမှာ လူနှစ်ဦးဖြာထွက်နေတဲ့ စွမ်းအားတေကြား တစ်ဦးက နောက်ကနေပွေ့ဖက်ထားပြီး နောက်တစ်ဦးရဲ့ ပါးပြင်လေးညင်သာစွာကိုင်ကာ နဖူးချင်းဆိုင်ပြီး စွမ်းအားဖလည်နေကြသည်။ မျက်လုံးစုံမှိတ်ထားပြီး ရှောင်ကျန့်ခါးပေါ်က လက်တေ တင်းကြပ်လားပြီး ရှောင်ကျန့်ပါးပေါ်က လက်ဖဝါးနွေးနွေးက ပွတ်သပ်နေသည်။ သူတို့နှစ်ဦးကို တစ်ချို့က လှောင်ကြပြီး တစ်ချို့က စိတ်ပူနေကြသည်။ ဒါပေမဲ့ ထိုနှစ်ဦးကတော့ အပြုံးများစွာဖြင့်

နှလုံးသားက အလိုကို နှစ်ယောက်လုံးက ဦးနှောက်ရဲ့ ဆန္ဒနဲ့ ငြင်းဆန်နေကြပေမဲ့ ဘယ်အချိန်ကပင် မသိလိုက်ပဲ အမြစ်တွယ်နေတဲ့ နက်ရှိုင်းတဲ့ ခံစားချက်တေကို အပြုအမှုတေကနေ သက်သေပြနေကြသည်။

ပြင်းထန်လာတဲ့ အတွင်းအားလှိုင်းတေကြောင့် လင်ချူယုံရဲ့ မျက်နှာ ပျက်သထက် ပျက်လာခဲ့ပြီ ဒီအချိန်မှာ သူ့တို့နှစ်ယောက်ကို သွားတိုက်ခိုက်လိုက်လို့ ကျင့်စဉ်ပျက်ပါက သူတို့တေ အကြီးအကျယ်ထိခိုက်မည်။ အောင်မြင်ရင်လည်း သူတို့အတွက်ကောင်းကြိုးမရှိ

"သောက်ကြိုးမပေးတဲ့ ဟာတေ"

"ဝုန်း..."

မကြာလှတဲ့ အချိန်လေးမှာပဲ
အမြုတေနှစ်ခုက သိပ်ကို နှီးစပ်သွားတာနဲ့ အမျှ သူတို့စွမ်းအားတေကလည်း ပေါင်းစည်းသွားသည်။ တစ်ယောက်ရဲ့ မျက်လုံးက ခရမ်းရောင်တောက်နေပြီး နောက်တစ်ဦးရဲ့ မျက်လုံးက အနီရောင် တောက်နေသည်။

"မကောင်းတော့ဖူး"

လင်ချူယုံရဲ့ ဘက်ကလူတေက ကောင်းကင်ကို ကြည့်ပြီးကြောက်လန့်လာကြသည်။ ‌ညအမှောင်ထက်ပင် ပိုပြီးမှောင်မဲ လာတဲ့ ကောင်းကင်ကနေ လျှပ်စီးတေ ပြိုးပြိုးပျပ်ပျပ်လပ်‌နေကာ မိုးတေသဲကြီး မဲကြီးရွာချလာသည်။

လေပေါ်က လူသားနှစ်ဦးက အောက်ကို ပြန်ဆင်းလာသည်။ သူတို့ရဲ့ လူတေကို ထည့်ထားတဲ့ အကာအကွယ်ရှေ့ရပ်ကာ
ဝမ်ရိပေါ်က ရှောင်ကျန့်က လွှတ်ပေးလိုက်ပြီး ဝံပုလွေကြီးပုံစံပြောင်းသွားကာ ရှောင်ကျန့်က ဝံပုလွေကြီးရဲ့ လည်ပင်းပေါ်ကို ညင်သာစွာပွတ်သပ်ရင်း လင်ချူယုံကို မဲ့ပြုံးနဲ့ပဲကြည့်နေသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now