Part 46

2.8K 267 0
                                    

ထိုအချိန်မှာ လှုပ်လှုပ်ရွရွ ဖြစ်လာတဲ့ အမျိုးသမီးငယ်လေး လီချင်းက ဆောင်းယွီကို သူအင်္ကျီကြား ခိုးသိမ်းထားတဲ့ အဆိပ်အမျိုးမျိုးကို ပြေစေနိုင်သည့် ဆေးရည်ထုတ်ပေးသည်။
ဆောင်းယွီက တစ်ဆင့် ဝမ်မိသားစုကို ပြန့်နှံ့ကာ အဆိပ်ပြေဆေးလေး တစ်လူလူဖြစ်နေပေမဲ့ ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်ဆီ အာရုံရောက်နေတဲ့ လူတစ်ချို့ကတော့ သတိထားမိမယ်မထင်

"ဟုတ်တယ် ကျမက ရှင့်ကိုကော သူ့ကိုကော ရအောင်သတ်မှာမို့"

ပြောပြီးပြီးချင်းမှာပဲ ထိုအမျိုးသမီးက ကြီးမားတဲ့ အမှီးကိုးချောင်း မြေခွေးမိစ်ဆာကြီး အဖြစ်ကို ပြောင်းလည်းသွားသည်။ခပ်ရှည်ရှည် နှုတ်သီးရယ် နီညိုရောင် အမွှေးတေရယ် ရှည်လျားပြီး ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးရယ် ဖြာထွက်နေတဲ့ ကိုးချောင်းသော အမှီးတေရယ်‌နဲ့ မြေခွေးမဟာ ဘယ်အရာကိုမှ ဂရုမစိုက်စွာနဲ့ စစ်သူကြီးချုပ်နဲ့ သူ၏ကြင်ယာတော်ကိုသာ သတ်ဖို့အားသန်နေသည်။

ပြေးဝင်လာတဲ့ မြေခွေးမကြီးကို မြင်တော့ ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့ လက်လေးဆုတ်ကိုင်ကာ တိုးလျသော အသံနဲ့ပြောသည်။

"ဒါဏ်ရာမရစေနဲ့နော်"

"အင်း"

ဝမ်ရိပေါ်က ထိုဆင်မြင့်ပေါ်ကနေ မြေခွေးမဆီကို လှမ်းကာ ခုန်ဆင်းလိုက်ချိန် သူ့ရဲ့ခန္ဓာကိုယ်က အဖြူနဲ့ မီးခိုးရောင် ဆပ်ထားတဲ့ ခန့်ထည်လှတဲ့ ဝံပု‌လွေကြီးအသွင်ကို ဆောင်လိုက်သည်။

ရိုက်ခက်လိုက်တဲ့ အတွင်းအားဒါဏ်က ပြင်းတာကြောင့် ပြေးလာတဲ့ မြေခွေးမက သူ့ရဲ့ အမှီးတေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို  အုပ်ကာ မျက်နှာရှေ့၌ စုစည်းကာကွယ်လိုက်သည်။

ကွင်းပြင်လည်၌ မျက်နှာချင်းဆိုင်ရှိနေတဲ့ နတ်သားရဲမိစ်ဆာနဲ့ မှော်နတ်သားရဲတို့ရဲ့ တိုက်ပွဲက ပြင်းထန်စွာ စတင်လေပြီ

မြေခွေးမက အရှိန်နဲ့ ပြေးလာပြီး သူ့ရဲ့ ချွန်ထက်နေတဲ့ အမှီးထိပ်ဖြားတေနဲ့ ဝံပုလွေကြီးကို ဆောင့်ဆောင့်ထိုးသည်။ နတ်သားရဲဝံပုလွေကြီးက ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ပြီး သူ့ရဲ့ အတွင်းအားနဲ့ ပြန်လည်ပြစ်လွှတ်လိုက်တဲ့အချိန် မြေခွေးမက အသာအရာ ခုခံကာ နောက်ဆုတ်သွားသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now