Part 30

3.6K 310 1
                                    

ရှုပ်ထွေးလှတဲ့ ချန်ဧကရာဇ်နဲ့ တိမ်လွှာမြို့
___________________________________

ညအမှောင်၌ မည်သူမှမမြင်နိုင်တဲ့ သေးသေးကွေးကွေးလေးတစ်ခုက ချန်အင်ပါယာ နန်းတော်ထဲ ဝေ့လည်ကြောင်ပတ်နဲ့

ထိုအရာကတော့ system ပေါက်စပေါ့လေ
သူက နေ့လည်ထဲက သူ့ရဲ့ Hostအတွက် သတင်းလာယူနေတာ ခုထိ ဘာကြိုးကြောင်းမှမထူးသေး

အမှန်တကယ်တော့သူဟာ ဒီလို တစ်ကိုယ်တော် အန္တရာယ်ကြား လှုပ်ရှားတာတေ တစ်ခြား Hostတေနဲ့ မလုပ်ပေးခဲ့ဖူး သူ့ရဲ့ နောက်ဆုံး Hostလေးကတော့ ချွင်းချက်ပေါ့ ကိုယ်ကြိုးအတွက်မဟုတ်ပါပဲ တစ်ခြားလူအတွက်လုပ်ပေးခိုင်းတဲ့အခါ သူအနည်းငယ် စိတ်တိုမိပါတယ်။

သူရဲ့ Hostက ဝမ်ရိပေါ်ကို သူ့ထက်ပိုပြီး သံယောဇဉ်ရှိသွားပြီလို့တော့ မပြောနဲ့နော် ထားပါလေ ပြန်ရောက်မှ စိတ်ကောက်ပြစ်မယ်

မှောင်မိုက်နေတဲ့ ကြယ်ရောင်မရှိတဲ့ည အင်ပါယာနန်းတော်ရဲ့ ဧကရာဇ်အခန်း၌ လသာဆောင်ဘက် ထွက်လာတဲ့ လင်ချူယုံ
သူနဲ့ တော်တော်ဝေးဝေးကနေ လိုက်လာတဲ့ အရိပ်လေးကို သူမခံစားမိ

အချိန်အနည်းငယ်ကြာသွားတော့ လာသာဆောင်ထဲ သူ့ရဲ့ညအမှောင်စွမ်းအင်တေ ဖြန့်ကျန့်လိုက်တဲ့ အခါ ပေါက်စက နောက်ကို အနည်းငယ် လှမ်းဆုတ်လိုက်တယ်။

သိပ်မကြာခင်မှာပဲ ရောက်လာတဲ့ အရိပ်တစ်ခုက အနက်ရောင် အင်္ကျီလက်ရှည်ရယ် အနက်ရောင် သိုင်းဘောင်းဘီအပွကြီးရယ်နဲ့ အမျိုးသမီးက သူရဲ့ မျက်နှာကို မျက်လုံးအောက်ကနေ အနက်ရောင် ပိတ်ပုဝါစ ကိုအုပ်ထားတယ်။

သွယ်လျနေတဲ့ သူမခန္ဓာကိုယ်ဟာ ဝါးပင်လေးနှယ် ရိမ်းနွဲ့လို့ လက်ချောင်းသွယ်သွယ်လေးတေက ကကြိုးသီတော့မလို
သူမဟာ သူမကို မြင်သူတိုင်း စွဲစွဲငင်ငင် ညှို့ယူနေသလို

"အသက်သခင် ဒီတစ်ခါကော ဘာ‌အကြောင်းထူးလို့လဲ"

ချန်ဧကရာဇ်ဟာ ကိုယ်ကို အနည်းငယ် ကိုင်းကာ ဦးညွှတ်လေတယ်

"မင်းရဲ့ စွမ်းအားတေက တိုးတတ်လာတာပဲ
တို့က မင်းအတွက် ဆု စီစဉ်ပေးထားတယ်"

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Wo Geschichten leben. Entdecke jetzt