Part 45

2.8K 270 3
                                    

Part 45

နန်းတွင်း တိုက်ပွဲ
____________

"စစ်သူကြီးချုပ်တို့ ကြွချီလာပါပြီ ဒူ ....."

ထိုအသံကြားတော့ ‌ဧကရာဇ်တို့နဲ့ စကားပြောနေတဲ့ ရှောင်းဟေးရန်ပါ အသံလာရာကို အကြည်ပို့မိသည်။

အနီရောင် ဖီးနစ်ဝတ်ရုံကြီးကို ဝတ်ဆင်ပြီး ဆံနွယ်တေ တစ်ဝက်ထုံး တစ်ဝက်ချထားတဲ့ စစ်သူကြီးချုပ်ရဲ့ ဘေး
အနက်ရောင်ပိုးသားဝတ်ရုံကို ဝတ်ဆင်ထား၍ ဆံနွယ်ဖြူတေ
ကပိုကရို ထုံးဖွဲ့ထားပြီး ဘာအပြင်အဆင်မှ မရှိတဲ့ ခန့်ညားတဲ့ ကြင်ယာတော်နဲ့ စစ်သူကြီးချုပ်တို့က လိုက်ဖက်စွာပဲ ပွဲတော်ထဲ ဝင်ရောက်လာသည်။

ရှောင်းဟေးရန်က သိပ်မကြာခင်ထဲကပင် ဝမ်တော်ဝန်မိသားစုရဲ့   ဧည့်ဝတ်ကျေပွန်မှုနဲ့အတူ ဝမ်အင်ပါယာမှာ အထူးဧည့်သည်အနေနဲ့ ရှိနေခဲ့ပြီး ဝမ်မိသားစုနဲ့ပင် ရင်းနှီးနေလေပြီ။

ဝမ်ချင်းရယ် "ကဲ လူစုံပြီဆိုတော့ အခမ်းအနားလေး စတင်ကြတာပေါ့"

အရှင်ဝမ်ရဲ့ ခွင့်ပြုချက်လည်း ရရော အလှမယ်လေးများက ကွင်းပြင်လည်၌ စတင်ကပြ ဖျော်‌ဖြေနေပြီ ကြည့်ရှူ့ခံစားရင်း အရသာရှိတဲ့ စားပွဲတေကို သုံးဆောင်နေကြသည်။ အကြီးပိုင်းတေကတော့ တရင်းတနှီး စကားစမြည်ပြောကြသည်။ ဧကရာဇ်တို့အားလုံးရော
ဦးရောတော်ထောင်ဝေ တို့ကလည်း ပုံမှန်အတိုင်း စကားပြောနေကြသည်။

ထိုခနက သိပ်အေးချမ်းနေပုံရပေမဲ့လည်း  မကြာခင်ပျက်သုန်းတော့မည် ဆိုတာ ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်တို့ သိနင့်ပြီးသားပင်။ အိပ်ချင်ရောင်ဆောင်သူ နှိုးရခက်သည် ဆိုသလို တစ်ဖက်လူရဲ့ လှုပ်ရှားလာမှုကို စောင့်နေသည်။

ဟန်မပျက်ပဲ ရှိနေတဲ့ ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်က နှစ်ယောက်ထဲ တိုးတိုးတိုးတိုး စကားတစ်ချို့ ပြောနေကြသည်။ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်သလိုနဲ့ သူတို့ပုံစံအတိုင်းပါပဲ။

မိနစ်ပိုင်းဆိုတဲ့ အချိန်မှာ စားသောက်ဖွယ်ရာတေ ကုန်ဆင်သွားကြပြီ။ အစားအသောက်တေ စားမိတဲ့ လူတစ်ချို့နဲ့ ဥယျာဉ်ထဲ လှည့်လည်သွားရင်း ဘာအနံ့မှမပါတဲ့ လေထုထဲက အဆိပ်ကို ရှူမိတဲ့သူတိုင်း ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပျက် ထိုင်ချကုန်ကြသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now