Part 29

3.4K 309 5
                                    

လွှစ်ဝှက်ချက်များတဲ့ သူတစ်ဦး
__________________________

မျက်နှာပေါ် ရိုက်ခက်လာတဲ့ နေရောင်ခြည်ကြောင့် နိုးထလာတဲ့ရှောင်ကျန့် စောလွန်းတာကြောင့် မည်သူမှ မနိုးသေဘဲ ရှောင်ကျန့်တစ်ဦးသာနိုးနေလေသည်။ရှောင်ကျန့် သူ့ရင်ခွင်ထဲက နူးညံ့တဲ့အရာလေးကို ကြည့်ရင်း မနက်ခင်း၌ ကြက်သရေရှိစွာပင် အပြုံးလှလှလေးတေ ဖြစ်ထွန်းလျက်။

အိပ်ပျော်နေတဲ့ ဝံပုလွေလေးကို သေချာပွေ့က ရေကန်နား ထွက်လာခဲ့သည်။ သူ့ရဲ့လှုပ်ရှားမှုကြောင့် ဝမ်ရိပေါ်က နိုးသွားပေမဲ့ မျက်လုံးလေးဘဲ ဖွင့်ကြည့်ပြီး ရှောင်ကျန့် လည်တိုင်မျက်နှာအပ်ကာ ပြန်အိပ်လေသည်။

ရှောင်ကျန့်အပြုံးတို့က ပိုပြီပြင်လာသည်။ ဝမ်ရိပေါ်မှာ ဒီလိုချစ်စရာကောင်းတဲ့ အပြုမူမျိုး ရှိမယ် သူမထင်ခဲ့ဖူး။

~~~~~~~~~~~

"အန္တရာယ်ကင်းပါ့မလား"

"ငယ်လေးတို့အတွက် စိတ်ပူမပူပါနဲ့ ဒုစစ်သူကြီးပါရင် သူလုံခြုံမှာပါ ညီတော်ကလည်း သူ့ညီမလေးကို လုံးဝအထိခိုက်ခံမှာမဟုတ်ဖူး"

"အင်း ခမည်းတော် စိတ်ပူတာ သူတို့က လမ်းမှာ သားငယ်ကိုမတွေ့မှာစိုးရိမ်လို့ပါ"

မနက် နေထွက်ချိန်မှာ ဝေဟင်ထက် ငှက်တေအလား စစ်ဝတ်စုံအပြည့်ဖြင့် ဓားပျံစီနင်းကာ နန်းတော်ကြီးက ထွက်ခွါကြတဲ့ ရှေ့ပြေးတတ်သားများနဲ့ ကောင်းကင်ယံက သိပ်လှပနေသည်။

နန်းတော်ဂိတ်ဝမှာ မြင်းတေနဲ့ မြှားတေလှံတေ တင်ဆောင်ထားတဲ့ ရေလမ်းကနေ ပို့ဆောင်မယ့် လက်နှက်လှည်းကြီးက သင်္ဘောဆိတ်ကမ်းသို့ဦးတည်နေသည်။
သင်္ဘော ဆိတ်ကမ်းတွင်လည်း စစ်သင်္ဘောကြီးများက တာဝန်ထမ်းဆောင်ဖို့ အသင့်ရပ်စောင့်နေကြသည်။

နောက်ဆုံးထိ စည်မန်ခန့်ခွဲပြီး ကျန်ခဲ့တဲ့ အကြီးပိုင်းတေကလည်း ဓားပျံဖြင့် စစ်ပွဲဖြစ်မည့် နေရာကို ဦး‌တည်ကာ ပြန်သန်းသွားသည်။ ခုလေးတင် နန်းတော်ဂိတ်ရှေ့ စကားရပ်ပြောနေတဲ့ ဝမ်ချင်းရယ်နဲ့ ဝမ်ရိရှင်းအပါအဝင်ပေါ့

❄️❄️❄️❄️❄️❄️❄️

အချိန်အားဖြင့် နေဝင်ချိန်ကို ရောက်လာလေပြီ နားလိုက်သွားလိုက်နှင့် ဝမ်ရိပေါ်တို့ ခရီးတော်တော်ကို ရောက်လှသည်။ မနက်ခင်းအချိန်တုန်းက ဝမ်လီချင်းတို့ကို နန်းတော်ပြန်ဖို့ နည်းအမျိုးမျိုးသုန်းခဲ့သည်။ အလိုလိုက်ခံ ထားရတဲ့ ဒီကောင်မလေးက အရမ်းဆိုးပြီးခေါင်းမာပါတယ်။ ‌ရမ်ဆောင်းယွီက‌လည်း ဘယ်လိုပြောပြောပေကပ်နေသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now